ပြည်သူ့ရင်ခွင်သို့ ပြန်လာခဲ့ပါ-အမေ

ပြည်သူ့ရင်ခွင်သို့ ပြန်လာခဲ့ပါ-အမေ

ရင်ခွင်သစ်မှာ အမေ့အတွက်ရော အားလုံးအတွက်ပါ ပိုမို အေးချမ်းသာယာမှာလေလားလို့ ယုံကြည် ခိုလှုံခဲ့တဲ့ အမေ

အမေ့ စေတနာတွေကို အားလုံးနားလည်ပေးလို့ရပါတယ် အမေ

ဒီကနေ့ အမေလျှောက်နေတဲ့လမ်းဆုံးသွားပြီဆိုတာကို တော့ အမေ သတိပြုမိမယ်လို့ ထင်ပါတယ်
အမေ

ပန်းတိုင်ဟာ အချောင်နည်းနဲ့ မရနိုင်ဘူးဆိုတာကို အားလုံးနားလည်သွားကြပါပြီ
အမေ

အမေနဲ့အတူတူ ပန်းတိုင်အရောက်ချီတက်ဖို့ အားလုံးက အဆင်သင့်ရှိနေကြပါတယ်
အမေ

အားလုံးက အဆင်သင့် ရှိနေကြပါတယ်
အမေ

ခရောင်းလမ်းကိုလဲ လျှောက်လှမ်းကြမှာပါ
အမေ

ဆူးခင်းလမ်းကိုလဲ ဖြတ်သန်းကြမှာပါ
အမေ

ဟော-ကြည့်လိုက်စမ်းပါ
အမေ

ညီငယ် ညီမငယ်လေးတွေ ခွတ်ဒေါင်းအလံ တလူလူ လွှင့်လို့ ပြည်သစ်တည်ထောင်ဖို့ လျှောက်လှမ်းနေကြပြီ
အမေ

သူတို့လျှောက်တဲ့လမ်းတွေ တော်တည့် မှန်ကန်ဖို့

သူတို့ရဲ့ ခြေလှမ်းမှာ အားအင်တွေ အပြည့်ပါဖို့

အမေ့ရဲ့အကူအညီ လိုပါတယ်-အမေ

အမေ့ရဲ့ အင်အားတွေ လိုပါတယ်-အမေ

ကလေးတွေကို ပစ်မထားပါနဲ့ -အမေ

ကလေးတွေကို သူတို့ ပစ်သတ်လိုက်ကြမှာပါ-အမေ

အမေ သိပ်ချစ်တဲ့

‘ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး’ က အဖတ်ဆယ်လို့ မရတော့ပါဘူး-အမေ

ကျွန်တော်တို့က အမေ့ကို

‘သမီးအောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး’ အစားပြန်ပေးပါမယ်
အမေ

ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ပြန်လာခဲ့ပါ-အမေ

ပြန်လာခဲ့ပါ-အမေ

One Response to “ပြည်သူ့ရင်ခွင်သို့ ပြန်လာခဲ့ပါ-အမေ”

  1. drkokogyi Says:

    Al Khon Bransai
    6 hrs ·

    မြန်မာပြည်သူနဲ့ အတိုက်အခံ နိုင်ငံရေးသမားအများစုဟာ

    လူထုခေါင်းဆောင် အတိုက်အခံ ခေါင်းဆောင်ကို

    အာဏာကုန်လွှဲအပ်ထားတယ် …

    စောဒကတက်မှု ၊ တောင်းဆိုမှု ၊ ဖိအားပေးမှု လုံးဝ မရှိ

    သလောက်ပါပဲ …

    ဒီတော့ လူထုခေါင်းဆောင်ဘက်က ဘာနစ်နာသလဲဆိုတော့

    ပြည်သူရဲ့ သဘောထားအမှန်ကို မသိနိုင်တော့ဘူး …

    ပြည်သူရဲ့ ခွန်အား အစစ်ကို အသုံးချနိုင်ဖို့ မရေရာတော့ဘူး ..

    ပြည်သူ့ဘက်က နစ်နာမှုကတော့ …

    လူထုခေါင်းဆောင်ကို တာဝန်ကုန်လွှဲပေးထားတော့

    လူထုခေါင်းဆောင် တဦးတည်းသာ ဆုံးဖြတ်နေရတယ် …

    မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တဦးတည်း သဘော

    လို ဖြစ်နေတာကို တွေ့ရတယ် …

    ပြည်သူအများစုဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့တာ

    ကြာခဲ့ပြီ ဖြစ်တဲ့အတွက် … ခေါင်းဆောင် နောက်ကသာ

    အသာမှေးလိုက်ကြဖို့ပဲ စဉ်းစားတယ် … ကိုယ်တိုင်

    အားထုတ်မှု မရှိသလောက်ပဲ ၊ အကြံပေးမှု မရှိ

    သလောက်ပါပဲ … ဝေဖန်တယ် အကြံပြုတယ် ဆိုရင်

    ခေါင်းဆောင်ကို စော်ကားတယ်လို့ မြင်တတ်ကြတယ် …

    အင်မတန် ဆိုးဝါးတဲ့ အတွေးအခေါ်တွေ ၀င်နေတယ် ….။

    ခေါင်းဆောင်နဲ့ ပြည်သူ ပူးပေါင်းမှုဟာ အင်အားချိနဲ့

    နေတယ်လို့ မြင်တယ် …။

    ဆိုလိုတာက ခေါင်းဆောင်က ဒါဟေ့ ဆိုမှ ပြည်သူက

    ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး လိုက်လုပ်နေရတာ ဖြစ်တယ် …

    ရပ်တော့ ဆိုတာနဲ့ တိကနဲ့ပဲ … အကျိုး ရလဒ်ကိုတောင်

    မှန်မှန်ကန်ကန် မတွေးတတ် ၊ မသုံးသပ်တတ်ကြတော့ဘူး ။

    ဒါကြောင့် ဒီနိုင်ငံမှာ အညှာကို ကိုင်ထားနိုင်ရင် …

    နိုင်ငံရေး မဟာဗျူဟာချမှတ်ဖို့ လွယ်သွားစေတယ် …

    စစ်အာဏာရှင်တွေ ဘက်က ပြောပါတယ် …။

    ဗြန် ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: