မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ။

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ။

စိတ်ပျက်စရာအကောင်းဆုံးနဲ့ ၀မ်းနည်းစရာအကောင်းဆုံးက.. မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ရင် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေသာမက မြန်မာပြည်ထဲက နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေ ကိုယ်တိုင်က” မြန်မာ့ဒီမိုကရေစီအရေးက အချိန်ယူတည်ဆောက်ရမှာပါ ” “အလှမ်းဝေးနေပါသေးတယ်” “တဖြေးတဖြေး တည်ဆောက်ယူရအုံးမှာပါ” “လာမယ်ကြာမယ်ပေါ့”..ဆိုတဲ့ စကားသံတွေပဲ..။

အဲဒီလိုပြောလိုက်ရင် ဘယ်သူတွေက ပျော်ရွှင်နေပြီး ဘယ်သူတွေက ၀မ်းနည်းစိတ်ပျက်နေကြမလဲ..တွေးကြည့်ကြပေါ့..။

တဖက်ကတွေးကြည့်ရင် အဲလိုစကားလုံးတွေက တိုင်းပြည်နဲ့လူမျိုးအတွက် ရှက်စရာကောင်းတဲ့စကား..။
ကိုယ့်အသက်ကို ကိုယ်မပိုင်ဆိုင်တဲ့ ပဒေသရာဇ်ခေတ်က နှစ်ပေါင်း ၁၀၀၀ကျော်၊ တိုင်းတပါးကျူးကျော်သူတွေအောက် ရောက်ခဲ့တာက နှစ်ပေါင်း ၁၀၀ကျော်၊လွတ်လပ်ရေးရခဲ့တာ အနှစ်( ၆၀) ကျော်ခဲ့ပြီ။ ဘာထူးလဲ..။

ဒီကနေ့မြန်မာ့လူနေမှုဘ၀ကရော လွတ်ခဲ့တဲ့ အနှစ် ၁၀၀၀ကျော်ကအခြေအနေနဲ့ အနှစ်သာရခြင်းဘာကွာသလဲ..။
ကိုယ့်ဘ၀ကိုယ် ကိုယ်ကိုတိုင် ပိုင်ဆိုင်ခွင့်ရှိလား။ လွတ်လပ်စွာနေထိုင် လှုပ်ရှားခွင့်ရှိသလား၊ ကိုယ့်အသက်ကို ကိုယ် အာမခံနိုင်တဲ့ဘ၀ကော ရောက်နေပြီလား.။

ကိုယ့်နိုင်ငံနဲ့တန်းတူလွတ်လပ်ခဲ့တဲ့နိုင်ငံတွေ၊ နောက်ကျမှ လွတ်လပ်ခဲ့တဲ့ နိုင်ငံတွေနဲ့ ပြန်နှိုင်းယှဉ်ကြည့်ပေါ့..။
ဒါနဲ့များ.. မြန်မာပြည်သူတွေ လွတ်လပ်ပျော်ရွှင်စွာနေထိုင်ခွင့်ရဖို့၊ လူလိုသူလို ဂုဏ်သိက္ခာနဲ့အညီနေနိုင်ဘို့၊ လူတန်းစေ့ ဖွံ့ဖြိုးတိုးတက်ဖို့ …ပြည်သူတွေ ဘယ်လောက်ကြာကြာအချိန်ပေးရအုံးမှာလည်း..။

မြန်မာ့ပြည်ဒီမိုကရေစီရဖို့ အချိန်ယူရအုံးမှာပါဆိုတဲ့စကားဟာ မြန်မာ့ဂုဏ်အသရေညှိုးနွမ်းစေတဲ့စကား၊ ရှက်ဖို့ကောင်းတဲ့စကား၊ လူဆိုးသူခိုး၊ စစ်ဓားပြတွေ၊ မတရားလောဘသားတွေကို မြေတောင်မြှောက်၊ ဓားပြနဲ့အလိုတူ၊ သူခိုးအားပေးစကားဖြစ်တယ်။
မြန်မာပြည်အတွက်၊ ပြည်သူတွေအတွက် တကယ်စေတနာကောင်းထားပြီး၊ တကယ်အပြောင်းအလဲလုပ်ချင်စိတ်ရှိတယ်ဆိုရင်၊ အဲလိုစိတ်ပျက်ညီးငြူပြီး လူမျိုးအပေါ် အထင်အမြင်သေးတဲ့စကားမျိုး ပြောမိကြမယ်မထင်ဘူး..။တကယ်တမ်းပြုပြင်ပြောင်းလဲ လုပ်ကြမယ်ဆိုအမှန်တကယ် အပြောင်းအလဲကိုလိုလားနေတဲ့ ပြည်သူတွေကညီပါတယ်။အသက်တောင်ပေးခဲ့ကြတာပါ။ ဆင်းရဲဒုက္ခခံသီးခံတာလည်းကြာနေပါပြီ။ တကယ်ဖြစ်ချင်၊ တကယ်လုပ် အဟုတ်ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးဟာ အချိန်ယူရအုံးမှာပါ၊ ကြာအုံးမှာပါ ဆိုတဲ့စကားကို မသုံးမိပါစေနဲ့။ ကိုယ့်ကိုယ်ကို ကျနော်တို့ စစ်ကျွန်ဘ၀ထဲ နေချင်ပါသေးတယ်။ ကျနော်တို့ လွတ်လပ်ဖို့ အချိန်အကြာကြီးလိုပါသေးတယ်လို့ ပြောလိုက်တာနဲ့အတူတူပဲ..။
မျက်ဖြူဆိုက်လေ..ဆရာကြိုက်လေပဲဖြစ်မှာပါ..။

ကိုညို( အော်စလို)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: