ရမည်းသင်းမြို့ ကန်ကြီးဗလီကို မ.ဘ.သ အလိုကျ စတင်ဖြိုဖျက်ပြီ

ရမည်းသင်းမြို့ ကန်ကြီးဗလီကို မ.ဘ.သ အလိုကျ စတင်ဖြိုဖျက်ပြီ

ဟိန်းအောင်
နိုဝင်ဘာ ၂၀၊ ၂၀၁၄

ရမည်းသင်းမြို့ ကန်ကြီးဗလီဝတ်ကျောင်းတော်ကို ဒေသခံအမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အလိုကျ သတ်မှတ်ထားသည့် ယနေ့နံနက် ၈နာရီကျော်တွင်စတင်ဖြိုဖျက်ပြီဖြစ်ကြောင်း ဒေသခံများက Myanmar Muslim Media သို့သတင်းပေးပို့သည်။

“အခုမနက် ၈နာရီ ကျော်မှာ စဖျက်တာပါ။အရပ်ဝတ်နဲ့ လူ ၂၀ လောက်ရှိတယ်။ဗလီအနားကို သူတို့လူမဟုတ်တဲ့သူတွေကပ်လို့မရအောင် ဗလီကိုသွားတဲ့လမ်းတွေမှာ ရဲတွေပတ်ပတ်လည်ချထားတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၅၀ ကျော်ကတည်းက အစဉ်အဆက်ဝတ်ပြုလာခဲ့သည့် ကန်ကြီးဗလီဝတ်ကျောင်းတော်ကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗလီဝတ်ကျာင်းတော်အား အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ ၀တ်ပြုခွင့်ရုပ်သိမ်းကြောင်း ချိတ်ပိတ်ထားခဲ့ပြီးနောက်ပိုင်းတွင် ရွှေစည်းခုံဘုရား ပိုင်နက်အတွင်းတည်ဆောက်ထားသည်ဟူသောစွတ်စွဲချက်ဖြင့် ယခုကဲ့သို့ ဖြိုဖျက်ခြင်းဖြစ်သည်။

ရမည်းသင်းမြို့ ဗမာမွတ်စလင်မ်ရပ်ကွက် အနောက်ပိုင်း(ဗမကအနောက်) မနော်ဟရီလမ်း တွင်တည်ရှိသည့် ကန်ကြီးဗလီဝတ်ကျောင်းတော်ကို ဖြိုဖျက်ရာတွင် ကန့်ကွက်ရန်မရှိကြောင်း လက်မှတ်ရေးထိုးရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက အစ္စလာမ်ဘာသာဝင်များအား ယမန်နေ့က ခြိမ်းခြောက်လက်မှတ်ရေးထိုးစေခဲ့သည်။

ကန်ကြီးဗလီဝတ်ကျောင်းတော်ကို ဖြိုဖျက်ရန် နိုဝင်ဘာလ ၂၀ ရက်နေ့အား ရမည်းသင်းမြို့ပေါ်ဆရာတော်များ မ.ဘ.သ လပတ်အစည်းအဝေးကျင်းပသည့် နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက သတ်မှတ်ထားကြောင်း မ.ဘ.သ ဥက္ကဌ ဆရာတော် ဦးစန္ဒောဘာသ ကဌင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြိုတင်ရေးသားဖေါ်ပြထားသည်။

အဆိုပါရေးသားချက်တွင် မ.ဘ.သ အနေဖြင့်“ ကန်ကြီးဗလီဝတ်ကျောင်းတော်အား နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖယ်ရှားသွားမည်ဖြစ်ကြောင်းကို မြို့နယ်အာဏာပိုင်တို့အား အသိပေးအကြောင်းကြားရန်ဆုံးဖြတ်” ဟုလည်းရေးသားထားသည်။

—————————————————————————–

ဆက်စပ်သတင်းဖတ်ရန်

https://www.facebook.com/MyanmarMuslimMedia/photos/a.540558852660582.1073741935.294925060557297/742278809155251/?type=1&relevant_count=1

One Response to “ရမည်းသင်းမြို့ ကန်ကြီးဗလီကို မ.ဘ.သ အလိုကျ စတင်ဖြိုဖျက်ပြီ”

  1. drkokogyi Says:

    Swe Mon added 2 new photos.

    တူဖြစ်ချိန် …. ထုထားကြ…. ဒီလောက်ပဲ….

    မင်းတို့ ယုတ်မာမှုတွေက မင်းတို့ကို ပြန်သတ်သွားလိမ့်မယ်။

    မင်းတို့ ဗလီကို ဖျက်လို့ရမယ်။ အစ္စလာမ်ကို ဖျက်လို့ မရဘူး။

    မြေပြင်ပေါ်က အဆောက်အဦးကို ဖျက်လို့ရမယ်။ ရင်ထဲမှာ အပြီးတည်ထားတဲ့ အစ္စလာမ်ကို ဖျက်လို့မရဘူး။

    ကုရ်အာန်စာအုပ်တွေကို မီးရှို့ဖျက်ဆီးလို့ရမယ်။ နှလုံးသားထဲမှာ အပြီးထည့်ထားတဲ့ အစ္စလာမ်ကို မီးရှို့လို့ မရဘူး။

    လွတ်လပ်စွာကိုးကွယ်ခွင့်မရှိတဲ့ နိုင်ငံမှာ လွတ်လပ်မှုကို တောင်းမရရင် ညှိမရရင် တိုက်ယူရတဲ့တစ်နေ့ရောက်လာရင် ငါတို့ကို အပြစ်မတင်လေနဲ့။

    မင်းတို့ အစွန်းရောက်အောင် အမြဲတမ်း တွန်းထုတ်လို့ အစွန်းရောက်ဖြစ်သွားချိန်မှာ ငါတို့ကို အပြစ်မတင်လေနဲ့။

    ငါတို့ငြိမ်းချမ်းစွာနေပါလျှက် မင်းတို့ စိတ်တိုင်းကျ အကြမ်းဖက်တာကို တစ်ကြိမ်တစ်ခါ ပြန်တုန့်ပြန်မိတဲ့ ငါတို့ကို အကြမ်းဖက်သမားလို့ မဆိုလေနဲ့။

    မြန်မာပြည်ကို ငါတို့ အသက်ထက် ပိုချစ်သလို ငါတို့ရဲ့ ၀တ်ကျောင်းတော်တွေကိုလည်း ငါတို့ဝိညဉ်ထက် ပိုမြတ်နိုးတယ်။

    ငါတို့ ၀ိညာဉ်ကို ရိုက်ချိုးခိုင်းသူတွေဟာ ငါတို့ အသည်းနှလုံးကို ရိုက်ခွဲခိုင်းတာနဲ့ အတူတူပဲ။

    ဒီလောက်ပဲ။ မင်းတို့ ယုတ်မာတာ များလှပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: