Myanmar Buddhist Monks are pushing the selfdestruction buttons

EXCELLENT DEVELOPMENT.
Chee Brain Ma Ba Tha had revealed that Aung Thaung is their life long FINANCIER.

Now doing another BLUNDER!

The whole world including many Myanmars realized now a days that 969 Ma Ba Tha are terrorists working for the Military Government.

Although some top Ma Ha Na monks attended and supported Ma Ba Tha…NO ONE including Muslims dare to denounce Ma Ha Na.

NOW…IF Ma Ba Tha started this campaign to change the Ma Ha NA…NOW the whole world would see what would be the new Ma Ha Na…AND WE WOULD BE FREE TO LABEL the Ma Han Na and Ma Ba Tha as NASTY LOW STANDARD TERRORISTS affiliated to Myanmar Military Government.

သံဃာ့ မဟာနာယက ပြန်ရွေးရန် မန်းဆရာတော် အချို့ဦးဆောင်၍ လက်မှတ်ကောက်နေ

Written by  မြတ်မင်း၊ မင်းမင်း

ရန်ကုန် (မဇ္ဈိမ)။ ။ သံဃာတော် ၄၇ ပါးဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ကို ပြန်လည်ရွေးချယ်ရန် မန္တလေးမြို့တွင် ကျောင်းထိုင်သော သံဃာတော်အချို့ ဦးဆောင်၍ ထောက်ခံ လက်မှတ်ကောက်ခံနေသည်ဟု မြဝတီမင်းကြီး
ကျောင်းတိုက် ဆရာတော်က မိန့်သည်

“သံဃာ့ဆန္ဒနဲ့ ညီညွတ်တဲ့ သံဃာ့နာယကများ ဖြစ်အောင်လုပ်ဖို့ ဒီလက်မှတ်တွေကို စတင်ကောက်ခံတာပါ။ သံဃာဆန္ဒနဲ့ ညီညွတ်တဲ့ အဖွဲ့အစည်းဖြစ်အောင် လုပ်မယ့်သဘောပါ” ဟု  ဆရာတော် ဦးအရိယာဝံသက မိန့်သည်။

မန္တလေးမြို့၊ ကံတက်ကုန်းကျောင်းတိုက်တွင် နိုဝင်ဘာ ၁၈ရက်က သံဃာအစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပြီးနောက် လက်မှတ်ကောက် ခံခြင်းကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၊ မဟာမြတ်မုနိ ဘုရားကြီး ရေတော် ဆရာတော်၊ ကံတက်ကုန်းကျောင်း တိုက် ဆရာတော်၊ အာရှအလင်းရောင်ကျောင်းတိုက် ဆရာတော်နှင့် သံဃာအချို့တက်ရောက်ခဲ့သည်ဟု ရွှေတောင်ကျောင်းတိုက်(ရန်ကုန်) ဦးသြဘာသက မိန့်သည်။

ထိုသို့ ဆောင်ရွက်နေမှုအပေါ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးသီရိက “မဟာနာယက ရွေးချယ်တယ် ဆိုတာကလည်း ရွေးချင်တဲ့အချိန် ရွေးလို့ရတာမဟုတ်ဘူး။ သတ်မှတ်ကာလမှာ ရွေးရတာ” ဟု မဇ္ဈိမကို မိန့်သည်။

“နိုင်ငံတော်သံဃမဟာနာယက သက်တမ်းသည် ပုံမှန်အားဖြင့် ခြောက်နှစ်ဖြစ်သည်။ ခြောက်နှစ်သက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင် ခွင့်မရှိစေရ” ဟု ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေတွင် ပြီးခဲ့သော မေ ၁၃ ရက်က ပဉ္စမအကြိမ်မြောက် ကျင်းပသည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးက ဆုံးဖြတ်ထားသည်။

ထို့ကြောင့် လက်ရှိ ဗန်းဗော်ဆရာတော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် လုပ်ထုံး လုပ်နည်းများ အရ သံဃာထု၏ ဆန္ဒနှင့် အညီ အဆင့်ဆင့် ရွေးချယ်ထားခြင်းဖြစ်သည်ဟုလည်း ဦးသီရိက မိန့်သည်။

အမျိုးဘာသာ၊ သာသနာ၊ စောင့်ရှောက်ရေး အဖွဲ့(မ.ဘ.သ)ကမူ အဆိုပါလှုပ်ရှားမှုတွင် ပါဝင်မည်မဟုတ်ဟု ဦးဆောင်အဖွဲ့ဝင်ဖြစ်သည့် မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်သည်။

“မဘသက ဘာသာသာသနာကို ကာကွယ်ဖို့အတွက်ပဲလေ။ ကိုယ့်အချင်းချင်း၊ ကိုယ့်ဘာသာဝင်အချင်းချင်းမှာ မပါဝင်ဘူး။ ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲရမယ့် အလုပ်တွေ မလုပ်ဘူးပေါ့ဗျာ” ဟု ဆရာတော်ကဆိုသည်။

ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးတွင် ချမှတ်ထားသည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းတွင် “သာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် အရေးကြီးသော သာသနာရေးကိစ္စ ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကို အမြန်ဆုံးခေါ်ယူကျင်းပရမည်” ပါရှိသည်။

One Response to “Myanmar Buddhist Monks are pushing the selfdestruction buttons”

  1. drkokogyi Says:

    Twal Har

    အရင်တုန်းက ဒေါသထွက်နေတဲ့လူအုပ်ကြီးကိုသုံးတယ်၊ အစိုးရရဲ့ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ရပ်ကြည့်ပြီး ဗလီဖြိုတာကို အားပေးတယ်။

    အခုကျတော့ ဒေါသထွက်နေတဲ့လူအုပ်ကြီးမသုံးတော့ဘူး၊ ခရိုင်အုပ်ချုပ်ရေးမှုးကိုယ်တိုင်လက်မှတ်ထိုးပေးတယ်။ လမ်းတွေပိတ်ပြီး ဘယ်သူမှကပ်လို့မရအောင်ရဲအစောင့်ချထားတယ်။ လူ ၂၀လောက်ဝိုင်းဖျက်နေတယ်။

    ဟုတ်ကဲ့။ ရမည်းသင်းမြို့နယ်ထဲက နှစ်ပေါင်း ၃၅၀လောက်အစဉ်အဆက်ဝတ်ပြုလာခဲ့တဲ့ ကန်ကြီးဗလီဝတ်ကျောင်းတော်ကို ဖျက်နေပါပြီ။

    အရင်တုန်းက ဘာခွင့်ပြုချက်မှမယူပဲ တရားမ၀င်ဖျက်တယ်။ အခု မဘသ ဦးဆောင်မှုနဲ့ အစိုးရဆီက တရားဝင်ခွင့်ပြုချက်ပြီးအစောင့်အရှောက်နဲ့ဖျက်တယ်။

    သတင်းSoucre @Myanmar Muslim Media

    အဲဒါက အမျိုးဘာသာသာသနာစောင့်ရှောက်တာတဲ့။

    ယုတ်မာထားကြဦးပေါ့ဗျာ။ ဘယ်လောက်ထိယုတ်မာနိုင်ကြမလဲ။

    ယုတ်မာမှုကို ဖော်ပြဖို့စကားလုံးမရှိတော့ဘူး။

    ပါကြီးကိုသတ်တယ်။ ကချင်တော်လှန်ရေးရဲဘော်သင်တန်းသားတွေကိုသတ်တယ်။ အခုဗလီဖျက်ပြီ။ ဦးသိန်းစိန်အစိုးရဘာလုပ်မှာလဲ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: