ငါ နေဝင်းစကား ခင်ညွန့်စကား ယုံစားပြီး ဒေါ်စုကို အကြောက်ပိုမိတာမှားလေခြင်း

မှူးကြီးသန်းရွှေ “ငါ နေဝင်းစကား ခင်ညွန့်စကား ယုံစားပြီး
ဒေါ်စုကို အကြောက်ပိုမိတာမှားလေခြင်း”

ဒေါ်စုကို ကိုသိန်းစိန် အစိုးရက လွှတ်ပေးဖို့စီမံနေချိန်၊
အဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးဝေခွဲမရချိန်၊
ဦးဝင်းတင်ကဘာပြောခဲ့လဲ?

ဒေါ်စု လွတ်လာတော့
ဦးဝင်းတင်ကို ဘာ ပြော(ကြိမ်း)ခဲ့လဲ?
အခုဦးဝင်းတင် ဘာတစ်ခွန်းမျှ မဟပဲ
ကန်တော့ခံကာနီးခုံလေးပေါ်အသာထိုင်၊
ကန်တော့ခံပြီး သမားရိုးကျ ဆုတောင်းလေးပေးပြီး
တုတ်ကောက်လေးဆွဲ၊ ပြန်တာ ဘာကြောင့်လဲ?

ဦးဝင်းတင် သိသွားတာ
NLD ဆိုတာ ဒေါ်စု ပိုင်ပစ္စည်း ဆိုတာပဲ။

ဦးတင်ဦး ကတော့
ကိုခင်ညွန့်ပြောခဲ့သလို ခိုစားနေတာလေ။

ကျနော် ပြောဖူးပါတယ်
NLD ရဲ့ အဓိက အမာလိုင်း တော်လှန်ရေးလိုင်းက
ဦးဝင်းတင် ဦးဆောင်တာပါ။
ဗိုလ်ချုပ်တွေ အကြောက်ဆုံးက ဦးဝင်းတင်ပါ။
ဒါ့ကြောင့် သူ့ကိုပဲ မဲခဲ့တာပါ။

မှူးကြီးသန်းရွှေ အခုအချိန်မှာ အကြီးအကျယ် နောင်တရနေပါတယ်။

အခု ကိုစိန် နဲ့ ကိုမန်း တို့ကိုသူချပေးခဲ့တဲ့နည်းလမ်းအတိုင်း
သူကိုယ်တိုင်စောစောစီးစီးမကျင့်သုံးမိလေခြင်းဆိုပြီး။

သူ့ဖာသာသူ ဒေါ်စုကိုဗန်းပြပြီး ကမ္ဘာအရပ်ရပ်မှာ တောင်းစားခဲ့ရင်
အခုလိုလည်း နာမည်ပျက်မှာမဟုတ်၊
ကိုစိန်ရနေတဲ့ သိက္ခာတွေဟာလည်း သူ့ဖို့သာဖြစ်၊
နိုဘယ်ဆုတောင်ရနိုင်တဲ့အနေအထား။

ဒေါ်စုဆိုတာ ဘာမှအဆိပ်မရှိတဲ့ ရေမြွေကြီး၊
Microphone အဆင့်မဟုတ်ဘူး
Loudspeaker အဆင့်ပဲရှိတယ် ဆိုတာအခုမှသိရတာ….နာလိုက်တာ။

ကမ္ဘာကြီးကို အနှစ် ၂၀ လောက် နောက်ပြန် ဆွဲလှည့်ပြီး
သူ့အသက်ပြန်ငယ်ချင်လိုက်တာဖြစ်နေတယ်။

အဲ့လိုသာလုပ်ခဲ့မိရင်
သူလည်း ကမ္ဘာ့ခေါင်းဆောင်တန်းဝင်ပြီး
အမေရိကား ဥရောပတို့မှာ လွတ်လပ်စွာသွားလာလည်ပတ်နေနိုင်မှာ။

ငါ နေဝင်းစကား ခင်ညွန့်စကား ယုံစားပြီး
ဒေါ်စုကို အကြောက်ပိုမိတာမှားလေခြင်း ဖြစ်နေရှာရောပေါ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: