မဘသ အဖွဲ့ရဲ့ သာသနာတော် နဲ့ ပတ်သက်လာရင် ဘက်မလိုက်ပဲ ဘယ်သူ့မျက်နှာမှမကြည့်ပဲ အရေးယူဆောင်ရွက်တာကို ဘုရားကျွန်တော်မျိုး အထူးတလည်ထောက်ခံအားပေးပါတယ် ဆရာတော်ဘုရားတို့ …

Thuzar Mdy

သာသနာ အရေးမို့ ၀ိုင်းဝန်းရှဲပေးခြင်းဖြင့် ကူညီပါ ။
—————————————————-
မဘသ အဖွဲ့ရဲ့ သာသနာတော် နဲ့ ပတ်သက်လာရင် ဘက်မလိုက်ပဲ ဘယ်သူ့မျက်နှာမှမကြည့်ပဲ အရေးယူဆောင်ရွက်တာကို ဘုရားကျွန်တော်မျိုး
အထူးတလည်ထောက်ခံအားပေးပါတယ် ဆရာတော်ဘုရားတို့ …

တစ်လက်စတည်း သာသနာတော်ကို အကြီးအကျယ် ဖျက်လိုဖျက်ဆီးနှောင့် ယှက်  ခုတုံးလုပ် စော်ကားသူများကိုပါ ထပ်ဆင့်အရေးယူ   တရားစွဲဖို့
ဘုရားတပည့်တော်မှ ရိုသေလေးမြတ်စွာတိုက်တွန်းလျှောက်ထား အပ်ပါသည်   ဆရာတော်ဘုရားတို့ဘုရား …

အရှင်ဘုရားတို့ တရားစွဲဆိုသင့်သောအမှုဖြစ်စဉ်များကို ဘုရားတပည့်တော်  အစဉ်လိုက် လျှောက်ထားပါရစေ ဘုရား …

၎င်းတို့မှာ

၁ ! ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုများကို
အကြမ်းဖက်နှိမ်နင်းသည့် အကြမ်းဖက်မှုမှတ်တမ်း …
( မဂ္ဂင်ကျောင်းကို ဝင်ရောက်စီးနင်းမှုမှတ်တမ်းများအပါအဝင် )

၂ ! ထောင်တွင်း သံဃာတော်တို့အား လူမဆန်စွာ နှိပ်စက်ညှင်းပန်းပုံများ …

၃ ! လက်ပံတောင်းဒေသ သံဃာတော်များအား မီးရှို့ခြင်းနှင့်
ဆေကုသမှု မှတ်တမ်းမှတ်ရာများ …

၎ ! လယ်တီသိမ်ဖျက်ဆီးခံရမှုဖြစ်စဉ် …

၅ ! လယ်သိမ်း ယာသိမ်း မြေသိမ်း ကိစ္စရပ်များတွင်
ဒါယကာ ဒါယကာမများရှေ့မှ မေတ္တာရှေ့ထား ရပ်တည်ပေးသော
သံဃာတော်များအား အကြမ်းဖက် လိုက်လံရိုက်နှက်မှုများ …

၆ ! နေပြည်တော်ရှိ ဘုန်းတော်ကြီးကျောင်းများအား သရက်ခင်းစိုက်ရနိအတွက်
ဘူဒိုဇာနဲ့ထိုးပြီး သံဃာတော်အရှင်သူမြတ်များကို
ဖမ်းဝရမိးထုတ် လူဝတ်လဲခိုင်းပြီး ဖမိးဆီထောင်ချခဲ့မှုများ …

၇ ! မဟာသန္တိသုခကျောင်းအား ရဲအဖွဲ့မှ
အတင်းအဓမ္မ ဝင်ရောက်စီးနင်းမှု …

အစရှိသည့် အမှုကိစ္စများတွင် အဓိက တာဝန်ရှိသူများအား
သာသနာတော်ကို စော်ကားဖျက်လိုဖျက်ဆီးလှုပ်မှုဖြင့်
တရားစွဲဆိုတော်မူကြပါ မဘသ အဖွဲ့မှ သံဃာတော်
အရှင်သူမြတ်တို့ဘုရား …

လိုအပ်သော သတင်းအချက်အလက်အပြည့်အစုံကို
မဘသအဖွဲ့အား တပည့်တော်တို့မှ အပြည့်အစုံ ပေးအပ်
ကူညီပါမယ်လို့ ထပ်ဆင့်လျှောက်ထားအပ်ပါတယ် အရှင်သူမြတ်တို့ဘုရား …

ဘုရားမျက်နှာတော်ကိုသာ ကြည့်အပ်သော အရှင်သူမြတ်တို့ဘုရား …
မြတ်စွာဘုရားချန်ထားအပ်ခဲ့သော သာသနာတော်ကို
အပြည့်အဝစောင့်ရှောက်သော အားဖြင့် အထက်ပါ အမှုကိစ္စများကို
ကျုးလွန်ခဲ့သူ လူ့ငရဲသားများအား နိုင်ငံတော်အစိုးရ၏
အာဏာစက်အကူအညီဖြငိ့ အမြန်ဆုံးဖော်ထုတ် အရေးယူပေးပါရန်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကိုယ်စား ဘုရားတပည့်တော်မှ
ရိုသေစွာ လျှောက်ထားတင်ပြတိုက်တွန်းအပ်ပါသည် အရှင်သူမြတ်တို့ဘုရား …

လင်းဝေ ဦး

၁၉ . ၁၁ . ၂၀၁၄

P.S ဒေတာများအတွက် ကိုပုရစ်ကို ကျေးဇူးအထူးတင်ရှိပါတယ် …

ဤစာကို Share ပေးခြင်း တစ်ဆင့်ကူးယူတင်ပေးခြင်းသည်
သာသနာတော်ကို စော်ကားသူများအား အရေးယူဆောင်ရွက်နေသော
မဘသ အဖွဲ့ကြီးအား ဝိုင်းဝန်းကူညီရာရောက်ပါသည် …
ဗုဒ္ဓသာသနာတော်အတွက် ဝိုင်းဝန်းကူညီပေးကြပါ …
Credit မလိုပါ …

One Response to “မဘသ အဖွဲ့ရဲ့ သာသနာတော် နဲ့ ပတ်သက်လာရင် ဘက်မလိုက်ပဲ ဘယ်သူ့မျက်နှာမှမကြည့်ပဲ အရေးယူဆောင်ရွက်တာကို ဘုရားကျွန်တော်မျိုး အထူးတလည်ထောက်ခံအားပေးပါတယ် ဆရာတော်ဘုရားတို့ …”

  1. drkokogyi Says:

    ဆရာတော်ဝါဇီ နဲ့ ရေစည်လှည်းကိုယ်တော် တို့ က
    တစ်ပတ်စဉ်တည်းလား

    သိန်းထောင်ကျော်တန်ကားနဲ့
    မြေကွက်ကြီး ဆိုတော့လဲ

    ကန်းချင်ယောင်ဆောင်ရမှာပေါ့
    အဲ့နေရာ ရဖို့ က ခေတ်စနစ်ကြောင့်လေ

    မသိလို့ပါ ဆရာတော်ဝါဇီ
    ဆရာတော်ဝါဇီ
    တပည့်တော်ကိုလဲ ထင်လင်းဦးလိုများ
    တရားစွဲ ကြဦးမှာလား

    သာသနာတော် ညိုးနွမ်းစေသော
    ပြစ်မှု ပုဒ် ၂၉၅ ကရော
    ဗုဒ္ဓဘာသာ အတွက်ဘဲလား
    ကျန်တဲ့ဘာသာတွေကိုစော်ကားရင် မဆိုင်ဘူးပေါ့

    ဆရာတော်ဝါဇီရဲ့တပတ်စဉ်ထဲကျောင်းဆင်း
    ရေစည်းလှည်းဆရာတော်က
    မန္တလေးကကုလားတွေ နေစရာ စားစရာ မရှိအောင် လုပ်မယ်လို့
    ကြိမ်းမောင်း ထားတာ ဗီဒီယိုဖိုင် သက်သေတွေ
    နောက် အထူးတရားပွဲအမည်ခံပြီးအထူးကုလားပွဲတွေ ဒါတွေကျ
    ကင်းလွတ်ပုဂ္ဂိုလ်ပေါ့
    ဆရာတော်ဝါဇီ မဟန အကြီးအကဲ ဖြစ်ကါစေလို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: