မိတ္ထီလာမြို့ မဘသ အကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ ထဲတွင်ပြည်သူများလှူဒါန်း ထားသောငွေများကို အလွဲသုံးစားပြုလုပ်နေမှုများပေါ်ပေါက်နေ

မိတ္ထီလာမြို့ မဘသ ၊အကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ထဲတွင်ပြည်သူများ
လှူဒါန်းထားသောငွေများကိုအလွဲသုံးစားပြုလုပ်နေမှုများပေါ်ပေါက်နေ

==================================
မိတ္ထီလာမြို့ ရှိ အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့ဆိုသည်မှာ ဆရာတော်ကြီးများ၏ လမ်းညွှန်မှူဖြင့် မဘသ ဗဟို အဖွဲ့မှ ကျပ်သိန်း ၅၀ မတည်ကာ မိတ္ထီလာအရေးအခင်းတွင်ထောင်ဒဏ်ကျခံနေရသောဗမာ များကိုကူညီရန် ဖွဲ့စည်းခဲံ့သောအဖွဲ့ ဖြစ်ပါသည်။


စတင် ဖွဲ့စည်းခဲ့ချိန်မှ စ၍ အခု အချိန်အထိ ပြည်သူများဆီမှ လှူဒါန်းငွေ ကျပ်သိန်း ၂၅၀ ခန့် ရရှိပြီးဖြစ်ပါသည်။သို့သော်လည်း ငွေစာရင်း ရှင်းတမ်းကို ယခုအချိန်ထိ မထုတ်ပြန်သေးပါ။အဆိုပါ စာရင်း ရှင်းတမ်းအား အမြန်ဆုံး ရှင်းလင်းရန် မဘသ ဗဟို မှ မိတ္ထီလာ မဘသ အဖွဲ့အား အကြိမ်ကြိမ် ညွန်ကြားချက်ပေးခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲထားလျက်ရှိပါသည်။
အဆိုပါ အကျဉ်းသား စောင့်ရှောက်ရေး အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးစန်းအောင် ဆိုသူမှာ လှူဒါန်းငွေများထဲမှ ကျပ်သိန်း ၃၅ သိန်းခန့်ကို ကုန်ကျငွေ ဟုဆိုကာ အလွဲသုံးစား ပြုလုပ်ထားကြောင်း တိုင်ကြားစာ ရရှိထားပါသည်။အဖွဲ့မှသိသောအခါ ကုန်ကျငွေစာရင်းပြခိုင်းရာတိကျရေရာခြင်း မရှိသောစာရင်းများကိုသာပြသပါသည်။ထို ဦးစန်းအောင်မှာ ယခုအခါတွင် အဖွဲ့တွင် ပါဝင်ခြင်းမရှိတော့သော်လည်း မိတ္ထီလာ မဘသ အဖွဲ့မှ မည်သို့မှ အရေးယူခဲ့ခြင်း မပြုလုပ်ခဲ့ပါ။
ထို့အပြင် မိတ္ထီလာမြို့သံယနာယကရဲ့အတွင်းရေးမှူး၊ ဦးဝါယမသည် ဒကာမ တစ်ဦး လှူဒါန်းထားသော ကား ဆိပ်ကမ်းကိုရောက်နေ၍ သွားရောက်ထုတ်ယူရန် ကျပ်ငွေ သိန်း ၄၀ ကို အဖွဲ့အား အကူအညီတောင်း၍ ဘဏ္ဍရေးမှူး ကိုဝင်းပိုင်ဆီမှ ခဏဆိုကာ ထုတ်ယူသွားပါသည်။ အဖွဲ့မှ ဗဟိုသို့ ပေးပို့သော ဧပြီလ ရှင်းတမ်းတွင် အဆိုပါ သိန်း ၄၀ကို ကိုဖြိုးနှင့် ကိုဝင်းပိုင်တို့မှ သိန်း ၂၀ စီ စိုက်ပေးကာ ပြသထားပြီးနောက်လတွင် စိုက်ငွေကို စိုက်ထားသူများမှအသီးသီး ပြန်လည် ထုတ်ယူသွားသော်လည်း ဦး ဝါယမ ထုတ်သုံးထားသော သိန်း ၄၀ မှာ အခု အချိန်ထိ ပြန်လည် ဝင်ရောက်လာခြင်းမရှိသေးပါ။ထို့ပြင် ရဟန်း သံဃာများ ကျင့်သုံးရမည်ဖြစ်သော ဝိနည်းနှင့် အညီ နေထိုင်ရန် ဆရာတော်ကြီးများမှ ဆုံးမ ဩဝါဒပေးသော်လည်း နာယူမှူ မပြုလုပ်၊ အတွေ့မခံပဲ ရှောင်တိမ်း လျှက်ရှိပါသည်။
ယခု အချိန်တွင် အကျဉ်းသား လက်ကျန် သိပ်မရှိတော့သော်လည်း ဖမ်း ဝရမ်းများ ရှိသေးသည် ဟူသော အကြောင်းပြချက်ဖြင့် ငွေ များကို ဆက်လက် ကိုင်ထားပြီး အကျဉ်းသား မိသားစုများကို လည်း ခွဲဝေ အပ်နှံခြင်း မပြုလုပ်သေးကြောင်း စုံစမ်းသိရှိ ထားပါသည်။ ဘဏ်တွင် လက်ကျန်ငွေ သိန်း ၆၀ ခန့် ကျန်ရှိသေးသည်ဟုသာ ဖြေကြားခဲ့သော်လည်း အဆိုမှာ ငွေများလည်း မရှိတော့ကြောင်း စုံစမ်းသိရှိရပါသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက် ၍ မဘသ ဗဟို အဖွဲ့မှ မိတ္ထီလာ မဘသ အဖွဲ့အား ဖြေရှင်းချက် ပေးရန် အကြောင်း ၂၀/၀၅/၂၀၁၄ ရက်စွဲဖြင့် အကြောင်းကြားထားသည်မှာ ယနေ့တွင် ၆လပြည့်သွားပြီဖြစ်သောကြောင့်
မိတ္ထီလာ မဘသ အဖွဲ့၏ ဘဏ္ဍရေးမှူး ကိုဝင်းပိုင် နှင့် ဦးဝါယမ ၊မိတ္ထီလာမြို့သံယနာယကရဲ့အတွင်းရေးမှူး၊သာသနဝေပုံလ္လကျောင်းတိုက်၊မိတ္ထီလာမြို့။ 09403714489 တို့အား မဘသ ဗဟို အဖွဲ့မှ လုပ်ထုံးလုပ်နည်းနှင့် အညီ တရား စွဲဆိုသွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
မဘသ ဗဟို /တာဝန်ခံ ဦးနရပတိ ဆရာတော်
၀၉၄၄၄၀၃၀၇၇၀
=============
credit to…. မန်း မဘသ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: