ကြိုက်သလိုသာ ဖျက်ဆီးထားလိုက်ကြ- မင်းတို့အချိန် ကုန်ဆုံးတဲ့တနေ့ကြရင် အားအင်တွေအပြည့်နဲ့ ပုံစံမျိုးစုံနဲ့ ငါတို့ ပြည်သစ်တည်ဖို့ ပြန်လာခဲ့မယ်

မင်းတို့ထင်နေကြလား-

မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ခွာလာတဲ့သူတွေဟာ
မြန်မာနိုင်ငံကို အားလုံးကျောခိုင်းလိုက်ကြပြီလို့များ-
မင်းတို့ထင်နေကြလား

ပြည်ပရောက်နေတဲ့ အစ္စလာမ်တွေက ပြည်တွင်းမှာ ကျန်ရစ်တဲ့ မိသားစုတွေ ညီအစ်ကိုမောင်နှမတွေကို
မေ့လိုက်ပြီလို့များ
မင်းတို့ထင်နေကြလား-

ဟိုးရှေးရှေးတုန်းက ငါတို့ပြေးလွှားဆော့ကစားခဲ့ကြတဲ့
ငါတို့ဇာတိ ငါတို့မြေကို အမှတ်မရကြတော့ဘူးလို့များ မင်းတို့ထင်နေကြလား-

မေတ္တာတရားတွေ-သစ္စာတရားတွေ-မုဒိတာတရားတွေ- ဥပက္ခာတရားတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ အတိတ်ကာလက မြန်မာပြည်ကို မလွမ်းကြဘူးလို့များ
မင်းတို့ထင်နေကြလား-

စိတ်ချ-

ဘယ်တော့မှ ကျောမခိုင်းဘူး-

ဘယ်တော့မှ မမေ့ဘူး-

အမြဲတမ်း သတိရနေတယ်-

အမြဲတမ်း လွမ်းနေတယ်-

မင်းတို့ အင်အားသာနေတဲ့အချိန်မှာ မင်းတို့စိတ်တိုင်းကျ

ကြိုက်သလိုသာ ဖျက်ဆီးထားလိုက်ကြ-

မင်းတို့အချိန် ကုန်ဆုံးတဲ့တနေ့ကြရင်

အားအင်တွေအပြည့်နဲ့

ပုံစံမျိုးစုံနဲ့

ငါတို့ ပြည်သစ်တည်ဖို့ ပြန်လာခဲ့မယ်-

အလှည့်ကျတော့ မနွဲ့ကြနဲ့ပေါ့ကွာ……………။

မောင်မောင်
ရွှေကရ၀ိက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: