ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မြှောက်ရေးကြိုးပမ်းမှုများကို ရပ်တန့်ရန် ဦးဝီရသူမှ ထုတ်ဖော်ပြောကြား

ဝိုင်း ဝိုင်း လေး ကို အားပေးကြပါနော်

ဝိုင်း ကလေ တပ်ထွက် ဆို – good – ok ပါချင့်
ခု ဆြာတော် က
ဝိုင်းကို ထိုး တင် ပေးမယ် ဆိုတော့
ဝိုင်းးး လေ ဖျင်စီဖူး သွက်သွက်ခါ ရပါဒယ်ချင့်

$@%
ဧရာဝတီဂျာနယ်ပါ ဆရာတော်ဝီရသူ၏
အင်တာဗျူးကောက်နှုတ်ချက်

***************************

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်မြှောက်ရေးကြိုးပမ်းမှုများကို
ရပ်တန့်ရန် ဦးဝီရသူမှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

သတင်းထောက်မှဆက်သွယ်မေးမြန်းရာတွင်
ဆရာတော်ဦးဝီရသူမှ
ပါတီဝင်တယောက်ဖြစ်သူ ဦးထင်လင်းဦး၏
လုပ်ရပ်ကို NLDပါတီအနေဖြင့်ခေါင်းရှောင်သွားသူသည်
တိုင်းပြည်အတွက်လည်း ခေါင်းရှောင်သူတဦးအဖြစ်
ဦးဇင်းကသတ်မှတ်ပါတယ်
ခေါင်းဆောင်တဦးဟာ ခေါင်းဆောင်အရည်အချင်း
မရှိတဲ့အတွက် အနာဂတ်တိုင်းပြည်မှာ
ဒီလိုလူမျိုးကို ဦးဇင်းတို့ကလက်ခံမည်မဟုတ်ပါ
အမျိုးဘာသာ သာသနာအတွက်
ခေါင်းဆောင်အရည်အချင်းရှိသူတွေကို
နေရာပေးဖို့လိုအပ်တယ်လို့ ဦးဇင်းထင်ပါတယ် ။

NDFပါတီက ဒေါ်ခင်ဝိုင်းကြည်လိုမျိုး
ပုဂ္ဂိုလ်တွေသာ အနာဂတ်တိုင်းပြည်ရဲ့ခေါင်းဆောင်
အရည်အချင်းရှိတဲ့သူတွေကိုသာ ဦးဇင်းတို့က
စည်းရုံးသွားမှာပါ
ဒီမိုကရေစီနိုင်ငံတခုက မျိုးချစ်စိတ်မရှိသူလက်ထဲရောက်ရင်
မြေမျိုလို့လူမျိုးမပျောက်
ဒေါ်အောင်ဆန်းစုကြည်ကြောင့် လူမျိုးပျောက်မည့်
အဖြစ်မျိုး ဦးဇင်းတို့က အဖြစ်မခံနိုင်ပါဘူး ။

နိုင်ငံတော်ကလဲ ဦးဇင်းတို့ကိုဖွဲ့စည်းပေးထားတဲ့
အမျိုးသားစောင့်ကြည့်ရေးအဖွဲ့က
၄၃၆ပါတီကိုအမြဲစောင့်ကြည့်နေပါတယ်
နိုင်ငံတကာစံညွှန်းမမှီတဲ့NLDပါတီက
ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေကလဲ
မလိုအပ်တော့ပါဘူး
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို
သမ္မတဖြစ်ချင်တဲ့စိတ်ကို ရပ်တန်းက ရပ်ပါ
ဆက်လက်ပြီး ကြိုးစားနေမယ်ဆိုရင်
ဦးဇင်းတို့က ပြည်သူတွေမျက်နှာကိုကြည့်ပြီး
ဟန့်တားရပါလိမ့်မယ်
ဦးဇင်းရဲ့နောက်မှာ သံဃာငါးသိန်းရှိသလို
ပစ္စည်းလေးပါး ထောက်ပံ့ကြတဲ့
ဒကာ ၊ ဒကာမ တွေလဲ အင်နဲ့အားနဲ့
ရှိပါတယ်
ဒေါ်အောင်ဆန်းစုကြည်ကို မဲမရအောင်
ဦးဇင်းတို့က စည်းရုံးသွားမှာပါ ဟုမိန့်ကြားသွားသည်။

Credit – ဒီမိုကိုကို

သတင်းဓါတ်ပုံ -ဧရာဝတီဂျာနယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: