ကုလားသမက်ဆိုလား….မင်းကုသရဲ့သမဂ္ဂဆိုလား….ယူအလ်ဆိုလား…အဲ့အဖွဲ့ကထွက်ပျိုက်

မောင်ရင်…..အဘပြောမကွဲ့……ပဲလစ်အီကွေးကြား ဆိုလားအီကြာကွေးဆိုလား ….အဲ့လူကနေ ဘူးထရုဂါလီ ကိုဖီအာနန် အကုန်လုံး ရေနံသူဌေးတွေရဲ့ ခိုင်းဖတ်တွေကွ….အခု အိုပါးမွန်းဆိုလားဘင်္ဂါလီမွန်းဆိုလား အဲ့ကိုရီးယားသားကြီးက….ဘာသားနဲ့ထုထားတာမို့လဲ….ဒူဘိုင်းက ဆင်တက်သစ် ကျွန်းလေးပေးပြီး ဆွစ်နဲ့ဟောင်ကောင်ဘဏ်တွေမှာ ငွေစာရင်းဖွင့်ပေးထားလိုက်မပေါ့….ဒံပေါက်ကျွေးရုံ နေ့စား ပေးရုံလောက်တော့ ဘယ်ဟုတ်မလဲ….ဒါကြောင့်ဒီလူ လူပါးဝနေတာ……အဲ့တော့ မောင်ရင်တို့ လုပ်သင့်တာက ကုလားသမက်ဆိုလား….မင်းကုသရဲ့သမဂ္ဂဆိုလား….ယူအလ်ဆိုလား…အဲ့အဖွဲ့ကထွက်ပျိုက်…အဲ့အဖွဲ့ကနေ…..ထောက်ပံ့ကြေးမယူတော့ဖူးဆိုတာကြားရလို့ အဘတော့ ဝမ်းသာသကွဲ့….(စိတ်မပြောင်းကြေးနော့)…

ခွက်ဆွဲဆွဲပြီး အပြင်ထွက်နေတဲ့…. မောင်ရင်တို့အဘကိုလဲ နောက်ဆိုမထွက်စေနဲ့ပေါ့….အဘဆိုလို့တခြားမထင်နဲ့..မင်းတို့ရဲ့ ဒူးမနာအဘကိုပြောတာ…..လေဆိပ်အဝင်ပေါက် ဆိပ်ကမ်းနဲ့နယ်စပ်အဝင်ပေါက်တွေမှာ ဆိုင်းဘုတ်တွေချိတ်…”အပြင်လူလုံးဝမဝင်ရ” “အထဲကလူလုံးဝမထွက်ဖူး”….ပြည့်အင်အားသည်ပြည်တွင်းမှာသာ ရှိသည်တဲ့..ဒါကြောင့် နိုင်ငံခြားသွားနေတဲ့သူမှန်သမျှ ပြန်ခေါ်….ပြန်မလာဖူးဆိုရင် ကျန်ခဲ့တဲ့မိသားစုကို နေ့တိုင်းဧည့်စာရင်းစစ်….အခွန်အတိအကျဆောင်ခိုင်း…မီးဖျက်ထားပြီး အိမ်ရှေ့ထွက်တဲ့နေ့ မှောင်ရိပ်ခိုမှုနဲ့ ဆွဲစိပျိုက်…မောင်ရင်တို့လုပ်တတ်ပါတယ်….နဂါးမှန်းသိအောင် ဝင်ပူးပြလိုက်…အဲမှားလို့ အမောက်ထောင်ပြလိုက်…..

ကိုနေကိုတိုး….သာကီမျိုးမို့
သူ့ကျွန်မခံ အချင်းချင်းခံမည်
ဘာမထီဖွား ဗမာပြည်သား…..
(မှတ်ချက်၊၊ ၊၊ ကိုနေကိုတိုးအား ပီအောင်ဖတ်ကြပါ)

6 Responses to “ကုလားသမက်ဆိုလား….မင်းကုသရဲ့သမဂ္ဂဆိုလား….ယူအလ်ဆိုလား…အဲ့အဖွဲ့ကထွက်ပျိုက်”

  1. drkokogyi Says:

    Yemin Nyinyi
    November 22 at 10:47pm ·

    မူဆယ်မြို့အထွက်ကနေ စပြီး နမ့်ဖက်ကာ ကွတ်ခိုင် သိန္ဒီ အကျော်ကနေ ကျောက်မဲ မရောက်ခင်အထိ လမ်းဘေးကရွာတွေမှာ ခတ်ခူးရှူလို့ရတဲ့နေရာ…. ရာမရောင်းတဲ့နေရာ အရက်ရောင်းတဲ့နေရာ တွေလက်ညှိုးထိုးမလွဲပဲ…..ယူနန်သားအစစ်ကြီး မြန်မာစကားမတတ်တဲ့ ဘိန်းကယ်ရီသမားတရုပ်တွေ နေဝင်းကောင်းမှုနဲ့ ကိုးကန့်ဆိုပြီး မွေးရာပါနိုင်ငံသားတွေဖြစ်…….အဲ့….ဘိန်းသူဌေးတွေက တိုင်းရင်းသားလုပ်ငန်းရှင်ကြီးတွေဖြစ်….သူ့အမျိုးတွေ ဖွင့်ထားတဲ့ ခတ်ခူးရှူတဲ့နေရာတဲ့ …..လက်ညှိုးထိုးပြနေတာများ…..ဂုဏ်ယူနေတဲ့မျက်နှာပေးနဲ့….တစိတ်ကို ၂၅၀၀ တဲ့….မှန်မှန်သာရှူပေး……သွေးတိုးကျစေသတဲ့….အဖျားပျောက် အညောင်းအညာပြေစေသတဲ့…ပြောနေပုံက…နန်းတွင်းဆေးဆရာကြီးရဲ့……မြန်မာ့ရိုးရာ…..တိုင်းရင်းဆေး…ြေ က်ာငြာတာကြနေတာပဲ……ဘူမှလာမစစ်ဆေးဖူးလား မဖမ်းဖူးလားမေးတော့…ဘယ်ကောင်လာရဲမလဲတဲ့…..အဲ….ပါဆယ်တော့ မရောင်းဖူးတဲ့…..အိမ်ထဲတင် ကြိုက်သလောက်ချ တာဝန်ယူသတဲ့….ထုံးစံအတိုင်းပေါ့…..ဖွင့်သမျှ ဆိုင်….လူကအပြည့်….အဲ လူဆိုလို့….ဘယ်လိုလူတွေလဲမမေးနဲ့….ထုံးစံအတိုင်းပေါ့…မွေးရာပါ တိုင်းရင်းသားစစ်စစ်ကြီးတွေ…..
    ဆေး..အရက်..လောင်းကစားတွေကြောင့် ပျက်ဆီးသွားတဲ့ ယောက်ျားလေးတွေ ..
    ..ဆင်းရဲမွဲတေမှု…..ပညာမဲ့မှု……တွေးခေါ်မျှော်မြင်နိုင်စွမ်းအားနည်းမှုနဲ့သင့်တော်တဲ့အလုပ်အကိုင်အခွင့်အလမ်းမရရှိမှုတွေကြောင့် ပျက်ဆီးသွားတဲ့မိန်းကလေးတွေ……
    အများကြီးဖြစ်နေပြီ….ကြောက်စရာကောင်းလောက်အောင်ကိုများနေပြီ….
    ဒါပေမဲ့ မကြောက်ကြနဲ့အုံး…..အစွန်းရောက်တွေဝင်လာပြီဆိုတာကို….. ယုံလိုက် အဲ့ဒါကိုအရင်ကြောက်လိုက်…. ဟိုပါတီ အာဏာရရင်…. လူမျိုးခြားတွေ ကြီးစိုးမယ်ဆိုတာကိုယုံကြည်လိုက်… အဲ့ဒါကိုအရင်ကြောက်လိုက်…
    ဖြစ်နိုင်မဖြစ်နိုင်တွေမစဉ်းစားနဲ့….အဲ့ဒီ့…..မဖြစ်သေးတာတွေ အရင် တွေးကြောက်….လက်ရှိဖြစ်နေတာတွေ မေ့ထားပျိုက်…..

  2. drkokogyi Says:

    Yemin Nyinyi
    November 18 at 11:05pm ·

    သာယာတဲ့နံနက်ခင်းလေးတခု ….စောစောအိပ်လို့စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့…..တဲ့…….အိပ်ရေးကမဝတဝ…….ခဏနေ…..လွှတ်တော်အစည်းအဝေးကြ ပုံလေးရိုက် FB တင်ပီးရင် တမှေးလောက်တော့ မှေးရမယ်…….လမ်းလျှောက်ရင်းနဲ့ပတ်ဝန်းကျင်ကိုလေ့လာအုံးမှ….စစ်အစိုးရလက်ထက်တိုးတက်တာလေးတွေတွေ့ရင် ပုံရိုက်ပီး တင်ရမယ်…..ဒါမှ ပြည်သူကသိမှာ….ဟော ဒီတိုက်ကြီးက လှလိုက်တာ…..အရင်ကသတိမထားမိဖူး…..ဟျောင့်…. ငါ့တပည့်….တွေ့လား စစ်အစိုးရလက်ထက် တိုးတက်လာတာ….ဒါမျိုးကြမမြင်ကြဖူး….အာစရိ…..အဲ့ဟာက လွှတ်တော်အဆောက်အဦကြီးလေ အာစရိရဲ့….”လူ” တွေနေကြ တဲ့ တိုက်မှ မဟုတ်တာ……ဘာဖြစ်ဖြစ်ကွ ဟျောင့် ပြန်မပြောနဲ့…..ဟော….တွေ့လား ငါလာလို့ထွက်ကြိုနေကြတာ …..တွေ့လား……ဟျောင့်…မင်းမြင်လားကွ……အာစိ အဲ အာစရိ ကလဲ သူတို့က ခွေးဖင်ပူးတာတောင် ဖျာခင်းပြီးထိုင်ကြည့်ကြတာဗျ…..အာစရိလို ဘောင်းဘီချွတ်ထမိန်ဝတ်ပြီး ဇီးသီးဗန်းမှောက်တာလိုက်ကောက်တဲ့သူမျိုးဆို တော့ ဘယ်လိုသတ္တဝါပါလိမ့်လို့ ထွက်ကြည့်ကြတာနေမှာပါ………..ဟျောင့်….မင်း မစော်ကားနဲ့…”တပ်ရဲ့ကျေးဇူး မြင့်မိုရ်ဦး “ဆိုတာ ရှိသကွ…..အဲ့ဟာကိုသိလို့ ထွက်ကြိုတာ…..တင်ပါ့ အဲ ဟုတ်ကဲ့ အာစိ….မှတ်သားစရာလေးတွေပါအာစိ….စကားမစပ် အာစရိက လာဘ်ငွေမယူ အလွဲသုံးစားမလုပ်ဖူး ဆိုတော့ အာစရိရတဲ့လခနဲ့ အခုစီးနေတဲ့ကား နေတဲ့အိမ် စားတဲ့အစား တပတ်တခါ ဂေါက်သီးရိုက်ခ အာစရိမိသားစု အသုံးစရိတ် တွေ လောက်ရဲ့လား…….ဒီမယ် ဟျောင့်….ငါကလိပ်ပြာလုံတယ် မဟုတ်တာမလုပ်ဖူး…..ငါ့မိန်းမကတော့ မလုံ့တလုံပဲကွ…..”ရိက္ခာစုံမှ သိက္ခာလုံ”လို့….ရတာတဲ့ ….သူစိတ်ချမ်းသာအောင် ခပ်ပါးပါးတော့ပုတ်ပေးရသပေါ့…..ဟျောင့်….ငါ့စိတ်ငါလုံတယ်ကွာ မရှည်နဲ့……ဟုတ် အာစိ မရှည်တော့ပါဖူး……အာစရိကို တော့ အားကျတယ်ဗျ….စစ်သားလူထွက်သာဖြစ်သာ နှစ်ဖက်တော့ချွန်သား အဲမှားလို့ ဘက်စုံတော့ချွန်သား…..
    (ဆက်ရန်)

  3. drkokogyi Says:

    Yemin Nyinyi
    November 12 at 1:05pm ·

    ဟယ်လို….ဟယ်လို….အဘ ကြားလားဗျ….ကျုပ် သာအေး …..မလေးရှားကဆက်နေတာ….ဟယ်လို….အဘအသံမကြားရဖူးဗျ…..အော် အဘကကြားရတယ်လား……နေကောင်းလား….အဘ ကိုစိုးရိမ်လို့ဗျ…ကျုပ် ကြားထားတယ်…..အစွန်းရောက်တွေဝင်လာကြသတဲ့ဆို….အပြင်မထွက်နဲ့နော် အိမ်ထဲတင်နေ……အဲ့လိုသတင်းထွက်ပြီးရင် တနေနေရာမှာတော့ ဗုံးတွေ့ရင်တွေ့ ခွဲခံရလို့ကွဲရင်ကွဲ တခုခုတော့ဖြစ်နေကြဗျ….. ….ဟယ်လို….အဘ …..ကြားလား…….စာဥနဲ့ ဂျမ်းပုံ တို့ရောနေကောင်းကြလား….အခုတလောအပျိုအစစ်တွေ စာရင်းကောက်မယ် ကြားတယ်ဗျ…..စာရင်းသွားပေးခိုင်းမနေနဲ့….ဗုံးတွေ့ရင်တွေ့……ခွဲခံရလို့…ကွဲရင်ကွဲ တခုခုတော့ဖြစ်မှာဗျ………အဲမှားလို့….. ရောကုန်ပြီ…..ကျုပ်လဲ ပြောချင်တာတွေကများနေတော့ ရောကုန်တယ်……..လိုင်းကလည်း ညံ့တာဗျာ…
    ဟယ်လို အဘ ….ခုရက်ပိုင်း အိုဘားမဲ ဆိုတဲ့သူ လာမတဲ့….မခန့်ချက်က သူကသာ…မဲသာ သူများကြ လူမဲစာရင်းသွင်းသတဲ့……အဘ သွားမကြိုနဲ့အဲ့လူကြီးကို…..အဘပါလူမဲစာရင်းထဲပါပြီး လက်မဲကြီး ဖြစ်နေအုံးမယ်…..ကျုပ်မလဲ အဘအတွက်ပဲ စိတ်ပူနေရတာ….အဘက မတရားမှု တွေ့ရင် ဝင်ဝင်ပါတတ်လွန်းလို့…..ခေတ်ပြောင်းသွားပြီ အဘရဲ့…..မတရားမှုတခုတွေ့ရင် ဘာလူမျိုး ဘယ်ဘာသာလဲ အရင်ကြည့်ရသတဲ့……ဝင်ပါသင့်မှ ပါရတယ်…….အဲ့ဒါကို ရင်ကြားစေ့ဒီမိုကရေစီလို့ ခေါ်သတဲ့ဗျ……ဟယ်လို ကြားလား…..ဟာ အဘ ကလဲ ….ဘာတွေကြားနေတာလဲ……ေ—က်ကြားစေ့ဒီမိုကရေစီမဟုတ်ဖူးဗျ…..ရင်ကြားစေ့….ရင်ကြားစေ့…. ကြားရပလား…..ဟယ်လို…..ဟယ်လို ……ကြားရပလား….ဟယ်လို…..ရင်ကြားစေ့ ဒီမိုကရေစီ…..တဲ့…..ဟယ်လို ……ကြားရလား……..

  4. drkokogyi Says:

    Yemin Nyinyi
    October 26 at 11:28pm ·

    မျိုးရိုးအလင်္ကာ…..မတိမ်ကောဖို့
    မျိုးပွားအင်္ဂါ….ကိုစောင့်ထိန်းကြစို့ …တဲ့
    ဝမ်းတထွာအတွက်တော့
    ကြိုတွေး….မောင်ရင်ရဲ့
    မောင်ရင်တို့က
    ခုတ်ရာတလွဲ ရှရာကတခြား
    အမောင်တောင်မှန်းမသိနဲ့
    အတောင် ကျိုး…ဇရက်တွေက
    ဒုနဲ့ဒေး
    အမှုမဲ့မတွေးနဲ့
    အဲ့ဒါ “ကျွန်”လို့ခေါ်သဟ…..
    ငွေဝယ်ကျွန် အိမ်ဖော်ကျွန်
    ရာဘာခြစ်ကျွန် ကာမကျွန် လိင်ကျွန်
    လူကုန်ကူးကျွန် စက်လှေကျွန် စားပွဲထိုးကျွန်
    “ပါးစပ်ပိတ်အလုပ်လုပ်မော့မကြည့်နဲ့”ဆိုပဲ
    အော် ဗိုလ်ချုပ်ပြောတဲ့ ဖာ ဆိုတာကမှ
    ကြည့်မရတဲ့ကတ်စတန်မာဆိုရင်
    ငြင်းခွင့်ရှိသေး……
    မြင်အောင်ကြည့် ကြည့်တတ်အောင်ကြည့်
    ကြည့်တတ်ရင် ဘာဝနာ…..
    အားကိုးမတဲ့လား ဝန်းရံမတဲ့လား
    တဂွတ်ဂွတ်နဲ့ အားပေးတဲ့
    တဂျွတ်ဂျွတ် ဝါးနေဆဲ
    မိုးကျရွှေကို သမ္မတ
    ပြည်သူအကြိုက်သိတတ်လိုက်ပုံများ………
    မိုင်ထောင်ချီက ခြိမ်းခြောက်မှုကို
    ကာကွယ်ရမတဲ့……
    ဟန်တွေလုပ် အကြံတွေထုတ်
    ကကြိုးကကွက်အသစ်တွေနဲ့
    သူကအနီးကပ်ခြိမ်းခြောက်နေလေရဲ့
    အစကအမှည့်ခြွေ
    နောက်တော့ အစိမ်းခြွေ
    ကဲ…..ခုတော့ အကုန်ခုတ်
    စာတန်းတွေပြပြီး တောင်းဆိုကြည့်ကြစမ်း
    လည်ပင်းကြောထောင်ပြီး..အော်ကြစမ်း
    လက်သီးလက်မောင်းတမ်းပြီး
    “တ”လိုက်ကြစမ်း
    ခလုပ်တွေထိကုန်ကြပြီ…..
    ဘယ်မလဲ “အမိ”
    “လူ့”…….အခွင့်အရေး လား
    “လု”….ခံလိုက်ရပီးသား
    လူး….လိမ့်ပြီးသာ…ငို
    လူ…..ရွေး ထပ်မမှားစေနဲ့

  5. drkokogyi Says:

    Yemin Nyinyi
    October 21 ·

    …….လုံးစုံများစွာ သတ္တ၀ါ
    ချမ်းသာကိုယ်စိတ် မြဲပါစေ
    ………ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
    ငြိမ်းအေးကြပါစေ…….
    ……. လူအချင်းချင်း ၊ လှည့်ပတ်ခြင်း …..
    ကင်းရှင်းကြပါစေ
    ……ယူနီဖောင်း ဝတ်ပြီး လိမ်လည်ခြင်း…. ကင်းဝေးကြပါစေ
    ……..နှုတ်ကဘုရား လက်ကားယား အယောင်ဆောင်များလဲ….ရှင်းပါစေ
    ….ြေ ပာသမျှယုံ စုံလုံကန်း နဖားကြိုးဘဝမှ လွတ်ပါစေ
    …..ညွှန်သမျှဟောင် ကပ်ပါးကောင် ကျွန်ပါးဝခြင်း…..ကင်းပါစေ
    ……ပြဿနာများပါ အကြောင်းအရာ ဟောပြောရေးသား ကင်းပါစေ
    ……ပဋိပက္ခ ဖန်တီး ထိုလူကြီး သံဝေဂတရားရပါစေ
    ……..မျက်စိသော်ကန်း နားသော်ကန်း အသိဥာဏ်ကန်းခြင်း…..ကင်းပါစေ

  6. drkokogyi Says:

    Yemin Nyinyi
    October 25 at 10:41pm ·

    မောင်ရင် အဘပြောမကွဲ့…..
    “ပေါတယ်ဆိုတာ ပါရမီရှိမှ ပေါလို့ရတာ”
    “လိမ်တယ်ဆိုတာ မျက်နှာပြောင်မှ လိမ်လို့ရတာ”
    “မိုက်တယ်ဆိုတာလဲ ဇ ရှိမှ မိုက်လို့ရတာ”
    “အဲ…….ယုတ်မာရိုင်းစိုင်းဖို့အတွက်ကတော့………… ပါရမီလဲရှိရမယ် မျက်နှာလဲပြောင်ရမယ် ဇလည်းရှိရမယ် အသိဥာဏ်လဲ နိမ့်ကျရမယ် မျိုးရိုးစဉ်ဆက်လဲ အောက်တန်းကျရမယ် မိမဆုံးမ ဖမဆုံးမလဲဖြစ်ရမယ် ဘာသာသာသနာအဆုံးအမလဲ လက်မခံနားမလည်သူဖြစ်ရမယ် မနာလိုဝန်တိုတတ်ပြီး ကျဉ်းမြောင်းတဲ့ အတွေးအခေါ်ရှိသူလဲ ဖြစ်ရမယ်…ပညာမတတ်စာမဖတ်ပေမတတ် ပြောသမျှဟောသမျှယုံပြီး ခိုင်းသမျှလုပ်တဲ့ ကျွန်စိတ်ကရှိရအုံးမယ်….သိပ်တော့မလွယ်ဖူးကွ……….”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: