မိတ္ထီလာအခြေအနေ နောက်ဆုံးရ သတင်း- သမ္မတဦးသိန်းစိန်ပြောတဲ့ နောက်ကွယ်က လက်မဲကြီးဆိုတာ လက်ရှိအစိုးရဘဲ

မိတ္ထီလာအခြေအနေ နောက်ဆုံးရ သတင်း-
*******************************

သမ္မတဦးသိန်းစိန်ပြောတဲ့ နောက်ကွယ်က လက်မဲကြီးဆိုတာ လက်ရှိအစိုးရဘဲလို့ပြောရတော့မယ့်အခြေအနေဖြစ်နေတယ်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××
၂၄-၁၁-၂၀၁၄ နေ့ နေ့လည် ၁၁နာရီအချိန်မှာ (
မင်္ဂလာဇေယျုံရပ်ကွက်လို့ကမ္ဘာကသိတဲ့-ရန်မျိုးအောင်နယ်မြေ ၁၀၊ ၁၄ ၊ ၁၇ ရပ်ကွက်မှာနေတဲ့
ဒုက္ခသည်အစ္စလာမ်ဘာသာဝင်တွေကိုမိတ္ထီလာ မယက မှခေါ်ယူခဲ့ပါတယ်။ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမျိုးလှိုင်နဲ့မြေစာရင်းဦးစီးမှူးအပါအ၀င် ယ.ရ.က ဦးချောခေါ် ဦးခင်မောင်ချော (မိတ္ထီလာ အကြမ်းဖက်မှု လူသတ်တရားခံ-ပြစ်ဒဏ်မခံရ)
အပါအ၀င်(၇)ဦးမှဒုက္ခသည်များကိုခေါ်ယူဆွေးနွေးရခြင်းအကြောင်းကိုရှင်းပြတယ်။
မကြာခင် ဒုက္ခသည်စခန်းကိုပိတ်တော့မှာဖြစ်တယ်။အားလုံးအလျဉ်းသင့်သလို နေထိုင်သွားဘို့ နေရာရှာရန်ပြောပြီး
ယခင်နေထိုင်သောနေရာများမှာနေထိုင်ခြင်းမပြုတော့ဘဲရောင်းချရန်ညွှန်ကြားပါတယ်။

အစည်းအဝေးမှာ “ကိုယ့်ဝိုင်းကိုယ့်ခြံမှာပြန်နေမယ်ဆိုရင်ထမပြောတော့နဲ့ဒီနေရာကို မနေနဲ့တော့ ရောင်းပြီးထွက်သွားကြတော့ ” လို့ ပြောပါတယ်- ဒုက္ခသည်တွေက “့ကျွန်တော်တို့က ဘယ်ထွက်သွားရမလဲ သွားစရာနေရာမှ မရှိတာဘဲ”ဆိုတော့ “နေစရာမရှိရင်ဆွေမျိုးသားချင်းတွေဆီသွားနေ” လို့ပြောပြန်တယ်။
“ကျွန်တော်တို့မှာ ဆွေမျိုးအသိုင်းအ၀ိုင်းရှိရင် ၂ နှစ်နီးပါးလောက် ဒုက္ခသည်စခန်းမှာမနေဘဲ သွားနေကြမှာပေါ့။
ဒုက္ခသည်စခန်းကပိတ်ရင် နေရာပေးမယ်ဆိုတာ ဘယ်နေရာပေးမှာလဲ” လို့မေးတော့? “ဘယ်နေရာပေးမယ်ဆိုတာ ကြိုပြောလို့မရဘူး” တဲ့
“ဘာကြောင့်ရောင်းခိုင်းတာလဲ”လို့မေးတော့-“နောက်သားသမီးတွေ လက်ထက်ကျရင် အခုလိုအကြမ်းဖက်ခံရမှုတွေထပ်ဖြစ်နေမှာစိုးလို့ ခင်ဗျားတို့ကို
ဒီမှာမထားတာ”လို့ပြောပါတယ်။ လူသတ်မီးရှို့ အကြမ်းဖက်ခံရတာက အစ္စလာမ်ဘာသာဝင်တွေပါ ၊ အကြမ်းဖက်တဲ့အထဲမှာ လက်ရှိ ယ.ရ.က ဥက္ကဌ ဦးချော (ဦးခင်မောင်ချော)ကိုယ်တိုင်ပါတယ်။

ဒါပေမယ့် လူသတ်သမား ၊ သူခိုး ၊ ဓါးမြ ကျ အရေးမယူဘဲ ဒုက္ခသည်ကို ဘဲ ဆက်ပြီးဒုက္ခပေးသလိုဖြစ်နေတယ်။အဲ့ဒီနောက်
တစ်ဦးခြင်းဆန္ဒကိုမေးပါတယ်-တစ်ဦးချင်းစီ “ကိုယ့်နေရာကိုယ်နေချင်တယ်”လို့ဘဲပြောကြတယ်။အာဏာပိုင် အားလုံးက
ကိုယ့်ဝိုင်းကိုယ်ရောင်းပြီး ဒီနေရာကပြောင်းဘို့ဘဲ ဇွတ်ပြောတယ်။ ကိုယ့်ဝိုင်းကိုယ်
ဝန်းခြံသတ်မှတ်ပြီးရောင်းရမှာ ဖြစ်တဲ့အတွက် မိမိဝိုင်းခြံမြေ ၀ိုင်းခတ်ဘို့ လဲခွင့်မပြုဘူး။
ဂရံပေါက်တဲ့သူတွေကို ဂရံပြန်စစ်မယ်။ဂရံသက်တမ်းရှိမရှိစီစစ်မယ်။
၁၉၉၀မှာ မီးတစ်ကြိမ် လောင်တော့လဲ ကျွန်တော်တို့ ကိုပြန်လည်နေရာချထားပေးထားပြီး။

၁၉၉၁ မှာ မီးကြီးတစ်ကြိမ်လောင်ပြီး နိုင်ငံတော်မှ ပြန်လည်နေရာသတ်မှတ်ပေးထားသော မိသားစုမြေနေရာများဖြစ်သည်။
၂၀-၃-၂၀၁၄မိတ္ထီလာမြို့ရဲ့ ဖြစ်ရပ်မှာ မီးလောင်တယ်ဆိုတာက မီးရှို့ခံရတာ မတရားအကြမ်းဖက်ခံရတာပါ။
လောလောဆယ် မြေရောင်းတယ်ဆိုတာက ဈေးကောင်းပေးတဲ့ မည်သည့်ဘာသာဝင်ကိုမဆို ရောင်းချလို့မရဘဲ နီးစပ်ရာ
ဝယ်လိုသူ ဗုဒ္ဓဘာသာတွေကိုဘဲရောင်းမှ ခွင့်ပြုမယ့်သဘောဖြစ်နေတယ်။
အစိုးရရဲ့ အခု အစည်းအဝေးမှာ ပြောတဲ့စကားက အကြမ်းဖက် ဘုန်းကြီးဝီရသူ ပြောတဲ့
တိပ်ခွေထဲကအတိုင်းတစ်ထပ်တည်းဖြစ်နေတယ်။
ကျွန်တော်တို့ ရဲ့အိမ်တွေကိုမီးရှို့ ပစ္စည်းတွေယူ လူသတ်တုန်းက လုံခြုံရေးတွေ
ရဲတွေ အုပ်ချုပ်ရေးအဖွဲ့တွေ ဒီတိုင်းကြည့်နေတယ်ဆိုတာ
ကမ္ဘာသိ ဗီဒီယိုမှတ်တမ်းခွေတွေထဲမှာ တွေ့မှာပါ ။

အကြမ်းဖက် တဲ့သူတွေက အင်အားများလို့ ကျွန်တော်တို့ကို အုပ်ချုပ်ရေးပိုင်းက မကယ်တင်နိုင်ခဲ့ဘူးလို့ထင်ခဲ့တာ
အခုတော့ ဗျာ အစိုးရကဒုက္ခသည်စခန်းရောက်နေတဲ့ မွတ်စလင်တွေကိုနေစရာပါပျောက်အောင်
“မွတ်စလင်တွေကို နေစရာ စားစရာပျောက်အောင်လုပ်ရမယ်”
ဆိုတဲ့ ၀ီရသူရဲ့ဟောပြောချက်ကို အစိုးရက ပူးပေါင်းအကောင်အထည်ဖော်သလိုခံစားရတယ်။
“နောက်တစ်ပတ်နေရင်ခင်ဗျားတို့ကိုပြန်ခေါ်မယ် ကိုယ့်နေရာကိုယ်ပြန်နေချင်တယ်
ဆိုတဲ့စကားတော့မပြောတော့နဲ့” ဆိုပြီး အစည်းအဝေးကိုအဆုံးသတ်လိုက်ပါတယ်။
အစိုးရရဲ့လုပ်ပုံက အကြမ်းဖက်တဲ့သူကို အကာအကွယ်ပေးပြီး အကြမ်းဖက်ခံရတဲ့သူတွေကို
မောင်းထုတ်သလိုဖြစ်နေတယ်။ဘယ်တရားနဲ့ကြည့်ကြည့် ဘယ်ရှုထောင့်ကကြည့်ကြည့် မိတ္ထီလာသမိုင်းဖြစ်ရပ်က
ယနေ့ထက်တိုင် အလွန်အရုပ်ဆိုးအကျည်းမှုကိုဖြစ်နေပါတော့တယ်။
သတ္တ၀ါအပေါင်းအေးချမ်းသာယာချမ်းမြေ့ပျော်ရွှင်ကျပါစေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: