ဒေါ်စု ကို ယုံယုံကြည်ကြည် ဝန်းရံလိုက်ကြစမ်းပါ

ကျနော် ကြိုပြောပါ့မယ်
ကျနော် ဒေါ်စု လော်ဘီမဟုတ်ဘူး၊
ဒေါ်စုကိုလေးစားတယ်။
NLD ကို အထင်မကြီးဘူး၊
စစ်အစိုးရကိုမုန်းတယ်၊
ဒီမိုကလိမ်စေ့အစိုးရကို ရွံတယ်။
ဒါပေမယ့် ကျနော်တို့အတွက် ရွေးစရာ လမ်းမရှိလို့
ကိုယ့်လူတွေကို မြင်ပါစေ နားလည်ပါစေဆိုပြီး
ဒီ Post ကို ရေးပါတယ်။

ကိုယ်တို့ အချင်းချင်းခွေ့နေတဲ့
မွတ်စ်လင်မ်တွေလည်းနားလည်တတ်ပါစေ။

မြန်မာပြည် ဖြစ်စရာ ၂ လမ်းပဲ ရှိတယ်။
ကျနော်ပြောတာ “ဖြစ်” နော် “ရွေး” မဟုတ်ဘူး။
၂ ခုထဲက တစ်ခုဖြစ်ကိုဖြစ်မှာ။

ပထမ “ဖြစ်”
၂၀၁၅ မှ ဘယ်နည်းနဲ့မဆို NLD နိုင်ကို နိုင်မယ်။
ကြိုက်သလို ယုတ်ကန်း၊ ကြိုက်သလိုညစ်။

ဒါကို
အာဏာလွှဲမပေးချင်တဲ့
ချိတ်ထမီအုပ် ဒီမိုကလိမ်စေ့အစိုးရက
အစွမ်းကုန် ယုတ်ကန်းမယ်။

ဒါပေါ့သေးသေး မဟုတ်ဘူး။
၁၉၉၀ နဲ့မတူဘူး။
၉၀ တုန်းက
ကမ္ဘာက ကျင်ထားတဲ့ စစ်အစိုးရ။
စောမောင်ကိုဖယ်၊ သန်းရွှေ ကို အာဏာပေးလိုက်တာ
ကမ္ဘာနဲ့မဆိုင်ဘူး။

အခု ကမ္ဘာတစ်ဝှမ်းက
အရက်ဖြတ်လိုက်ပြီပြောတဲ့
အရက်သမား မောင်စိန်ကို
လိမ္မာရေးခြားများရှိလာပြီး
မိသားစုကောင်းကျိုးသယ်ပိုးလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့
အထောက်အပံ့ပေး လက်တွဲခေါ်
စောင့်ကြည့်နေကြတာ မနည်းဘူး။
ကမ္ဘာ့ အသိုင်းအဝိုင်းကို ဆန့်ကျင်ပြီး
ယုတ်ကန်းရမှာ။
ပေါ့သေးသေး Pressure မဟုတ်ဘူး။

ဒီတော့
ဖျက်ကောင်းအောင်
National Figure
National Hero ဒေါ်အောင်ဆန်းစုကြည် ကို
ကုလားသတ်ပါတယ်လို့
တစ်ချက်ခုတ် ၂ ချက်ပြတ်နည်းနဲ့ လုပ်ကြံဖို့
ဖြစ်နိုင်ခြေအရှိဆုံးပဲ။

အဲဒါဆို
သူတို့ကို ဆန့်ကျင်တိုက်ခိုက်နေသော
ဒီမိုအင်အားစုအားလုံး
အမျိုးသားရေးဝါဒီ အလိုလိုပြောင်းသွားပြီး
စစ်တပ်ကို ကျေးဇူးရှင်ပြန်တော်ကာ
စစ်ဖိနပ်အောက် နောက်ထပ် ရွှေရတုတစ်ခု ဆင်နွှကြမယ်။

တိုင်းပြည်လည်း ရဝမ်ဒါလောက်နီးနီး ပရမ်းပတာဖြစ်သွားမယ်။

ဒေါ်စုမရှိရင်
NLD ဆိုတာ တ၊ဆ၊ည လောက်တောင် အဖြစ်ရှိနိုင်တော့ဘူး။

ဒုတိယ “ဖြစ်”
အခုအချက်ကတော့ ဖြစ်တန်စွမ်း အလွန်နည်းမယ်။
ဘာလို့လဲ ဆိုတော့
ဒေါ်အောင်ဆန်းစုကြည် အနစ်နာခံထားရတာ အချိန်မဟုတ်ဘူး။
ဘဝတစ်ခုလုံး။

မဟော်သဓာ ရဲ့သားတရား စီရင်ခန်းမှာ
ဘီလူးမနဲ့ ယှဉ်ပြီး မိမိရင်သွေးကို
ယှဉ်မလုရက်တဲ့ မိခင်လို
ဒေါ်စုက နောက်ဆုတ်လိုက်ရင်တော့
ချိပ်ထမီဝတ် ဒီမိုကလိမ်စေ့ စစ်အစိုးရ ကြေနပ်သွားပြီး
ပြည်သူတွေကတော့
စစ်ဖိနပ်အောက် မှာဆင်းရဲမွဲတွေစုတ်ပြတ်စွာနဲ့
ရဝမ်ဒါလိုဘဝမျိုး နောက်ထပ်ရွှေရတုပွဲဆင်နွှဲရဦးမယ်။

ဒုတိယ “ဖြစ်” က ဖြစ်တန်စွမ်းနည်းတယ်ဆိုတာ
ဒေါ်စုကတကယ့် အဆင့်မြင့် ပညာတတ်ပဲ။
သူကျနော်တို့ထက် အများကြီး နားလည်ပါတယ်။

ဒါပေမယ့်
ပထမ “ဖြစ်” ကော ဒုတိယ “ဖြစ်” ကော
စဉ်းစားရမှာ ပြည် သူတွေ ကိုယ်တိုင်။

အရိုးအရင်းကိုက်ရပြီး
“ဟေး စစ်အစိုးရပဲ ကျေးဇူးရှင် ကွ” လို့
အော် နေသူတွေကို ပြည်သူ စာရင်းထဲမထည့်ပါနဲ့။
စစ်ဗိုလ်ချုပ်တွေရဲ့ ခြံစောင့်ခွေးလို့ သာ သတ်မှတ်ပါ။

အဲ့ဒီတော့
ဖြစ်သင့်တာက
သိန်းစိန်အစိုးရ ဘာလဲ၊ ဘယ်လဲ၊ ဘာတွေ ခွင်ဆင်နေသလဲ၊
ဆိုတာတွေမြင်တတ်ကြပြီး
ဒေါ်စု ကိုပဲ ဝန်းရံပါ။

သူ့ကိုမကျေနပ်တာရှိလည်း ခဏမြိုသိပ်ထားပါ။

*သူသာလျင် တိုင်းပြည်ကို ဆင်းရဲတွင်းကနေ
ထမီခါးတောင်းကြိုက် ဆွဲတင်မယ့်သူ အစစ်အမှန်ပဲ။

*သူ့နဲ့မှ သာ တိုင်းပြည် တရားဥပဒေစိုးမိုးမယ်၊

*ဒီမိုကရေစီအစစ်အမှန်ရမယ်။

*နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုရဲ့အသီးအပွင့်ကို
ပြည်သူအားလုံးခံစား စံစားရမယ်။

*ဆင်းရဲတွင်းထဲက လွတ်မြောက်မယ်။

*အဲ့ဒီလို ဒီမိုကရေစီ ထွန်းကားပြီး
တရားဥပဒေစိုးမိုးမှ
ပြည်သူတရပ်လုံး ကျီးလန့် စာစား ရတဲ့ဘဝကလွတ်မယ်။

*စစ်ပွဲတွေချုပ်ငြိမ်းပြီး စားပွဲဝိုင်း ဆွေးနွေးပွဲတွေပေါ်လာမယ်။

*လူနည်းစုတွေရဲ့ လူ့အခွင့်အရေးတွေ၊

*ဘာသာရေးလွတ်လပ်ခွင့်တွေ၊

*ပညာရေး တိုးတက်မှုတွေမြင်ရမယ်။

*သူ့ကို မကျေနပ်ရင် ဒီမိုကရေစီနည်းလမ်းတကျ ပြန်ဖြုတ်ချလို့ရမယ်။

အခု
သူဘာတွေကြောင့်
ရေငုံနှုပ်ပိတ်နေသလဲ?
အာစေးမိနေသလဲ?
ဆိုတာတွေကို
လူယုတ်မာတွေ၊ ထောင်ချောက်တွေဝိုင်း နေတဲ့ သူ့ဘဝကို
တွေးမိပြီး၊ စာနာမိပြီး
နားလည်ပေးလိုက်ကြစမ်းပါ။

ယုံယုံကြည်ကြည် ဝန်းရံလိုက်ကြစမ်းပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: