သာသနာတော်ကို ဖျက်ဆီးခဲ့တဲ့ စစ်အုပ်စု ( ၁ )

သာသနာတော်ကို ဖျက်ဆီးခဲ့တဲ့ စစ်အုပ်စု ( ၁ )
————————————————
၁၉၉၀ ပြည့် သြဂုတ်လ ( ၈ ) ရက်နေ့မှာ ရှစ်လေးလုံး အထိမ်းအမှတ်နေ့အဖြစ် ဆွမ်းလောင်းပွဲကို မန္တလေးခရိုင် ကျောင်းသား သမဂ္ဂ ( အခြေခံပညာ – အကသ ) ကနေ ဦးဆောင်ပြီး ( ၈၄ ) လမ်းပေါ်ရှိ လူထုဦးလှ+လူထုဒေါ်အမာ တို့ အိမ်ရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ သံဃာတော်တွေကို ဆွမ်းလောင်းနေချိန်မှာပဲ မန္တလေးမြို့ တာဝန်ကျ စစ်သားတွေက ဆွမ်းလောင်းပွဲမှာ လွှင့်ထူထားတဲ့ ကျဆုံးရဲဘော်တွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင်ခွပ်ဒေါင်းအလံကို အတင်းအဓမ္မ ဇွတ်ဖြုတ်ချဖို့ ကြိုးစားခဲ့ကြပါတယ် ။

အဲဒီမှာ အခြေခံပညာကျောင်းသား ကိုမိုးကျော်က တားဆီးတာကြောင့် ကိုမိုးကျော်ကို ဖမ်းဆီးလိုက်ပါတယ်။

အဲဒီလို မလုပ်ကြဖို့ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေက တောင်းဆို လိုက်တဲ့အခါမှာ စစ်သားတွေက သံဃာတော်တွေကို ဆောင့်တွန်းလိုက်ပါတယ်။

စက္ကန့်ပိုင်းအတွင်းမှာပဲ သတိပေးမှု တစုံတရာမရှိဘဲ သေနတ်များဖြင့် ၀ိုင်းဝန်းပစ်ခတ်လိုက်ပါတယ် ။

( ၈၄ ) လမ်းမကြီးပေါ်မှာ ယမ်းငွေ့များနဲ့ ဖုံးလွှမ်းသွားပါတယ်။ သံဃာတော်တွေ သပိတ်တွေ လွင့်ကျ၊ ဆွမ်းတွေ ပြန့်ကျဲ၊ လဲပြိုကျနေတဲ့ရဟန်းတွေ ဒဏ်ရာရသွားတဲ့ ရဟန်းသံဃာတွေကို အိမ်အချို့က ကူညီ ပြုစုကြပါတယ် ။ ကျောင်းသားတွေကလည်း ဒဏ်ရာရ သံဃာတော်တွေကို ဆေးရုံကို ခေါ်ဆောင်သွားကြပါတယ်။

စစ်တပ်ကလည်း ထိခိုက်ဒဏ်ရာရ သံဃာတချို့ကို စစ်ကားများနဲ့ တင်ခေါ်သွားကြပါတယ် ။

မိနစ်ပိုင်းအတွင်း သွေးစွန်းသွားတဲ့ ( ၈၄ ) လမ်းမကြီးပေါ်ကို မီးသတ်ကားတွေနဲ့ ဆေးကြောလိုက်ပါတယ်။

မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က ရဟန်းသံဃာတပါးမှ ထိခိုက်ဒဏ်ရာမရဘူးလို့ လိမ်ညပြီး သတင်းထုတ်ပြန် ခဲ့ပါတယ်။

ကျောင်းသား သမဂ္ဂများအဖွဲ့က စုံစမ်းရာမှာတော့ ထီးလင်းတိုက်က ကိုရင်တပါး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပြီး မန္တလေး ဆေးရုံကြီးကို ပို့လိုက်ကြောင်း သိရပါတယ်။ ဒါပေမယ့် အဲဒီ ကိုရင်လေး ဒဏ်ရာပြင်းထန်တယ် ဆိုပြီး စစ်တပ်က ခေါ်သွားရာမှ ဒီကနေ့အထိ ကိုရင်လေး သတင်းကို ဘယ်သူမှ မရကြတော့ပါဘူး ။

မန္တလေးမြို့ လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့ချုပ်က ဆရာတော် ဦးရေ၀တ က ပြောရာမှာ အဲဒီ အရေးအခင်းအတွင်း ရဟန်းများ ပျံလွန်တော်မူတာ အများအပြားရှိကြောင်း၊ ဒဏ်ရာရနေတဲ့ ရဟန်းသံဃာတော်တွေလည်း အများကြီး ရှိကြောင်း ၊ စစ်တပ်က လူကိုသေစေနိုင်တဲ့ အထိ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာဖြစ်ကြောင်း၊ သာဓက အနေနဲ့ ကျည်ဆန်ထိမှန်ထားတဲ့ သပိတ်၊ သွေးစွန်းနေသော ၊ ကျည်ဆန်ထိထားသော သင်္ဃန်းများ ရှိကြောင်း၊ သပိတ်ဆိုတာ သံဃာတွေ ရင်မှာပိုက်ပြီး ဆွမ်းခံထွက်တာမို့ သပိတ်ကို ကျည်ဆံထိမှန်တာကို ကြည့်ခြင်းအားဖြင့် လူကို ချိန်ရွယ်ပစ်ခတ်တာဟာ ဗုဒ္ဓဘာသာကို စော်ကား ဖျက်ဆီးတာပဲ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

credit; Bo Sayar Thakhin

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: