ဦးအောင်သောင်းဟာ..ဒီပဲယင်းအရေးအခင်းကိုကျူးလွန် .. ဘာသာရေးအရေးခင်းတွေရဲ့ လက်သည်တရားခံ

Pa Yit

မြင်နိုင်ကြပါစေ..
=======(၁)ထူးခြားတာမဟုတ်တဲ့ထူးခြားမှုတစ်ခုပါ၊အမေရိကန်သမ္မတအိုဘားမားဟာ.. မြန်မာနိုင်ငံရဲ့သမ္မတ၊ လွှတ်တော်ဥက္ကဌနဲ့. အစိုးရ၀န်ကြီးတွေမဟုတ်တဲ့..အခြားသော. သူတစ်ယောက်ဖြစ်တဲ့..

လွှတ်တော်အမတ် ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ ဦးအောင်သောင်းကို Sanction ပိတ်ဆို့ပြီး
Black List သွင်းခဲ့ပါတယ်၊

ဦးအောင်သောင်းဟာ.. အရင်ကစက်မှုဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး အဂတိလိုက်စားမှုနဲ့
နိုင်ငံဘဏ္ဍာတွေကိုအလွဲသုံးစားမှုတွေကြောင့်အကြီးအကျယ်ကြွယ်ဝခဲ့သူတစ်ယောက်ဖြစ်ပါတယ်..

သူ့ရဲ့ အခိုးကြမ်းတမ်းမှုကြောင့် ဦးသိန်းစိန်လက်ထက်မှာ
စက်မှုဝန်ကြီးဌာနတစ်ခုလုံးကို နာမည်အမျိုးမျိုးပြောင်းပြီး
ဖုံးဖိဖါထေး ဖြည့်ဆည်းပေးပြီး…ဇီးရိုးလယ်ဗယ်ကနေ…
အသစ်တဖန်ပြန်စပေးရတဲ့အနေအထားအထိရှိခဲ့ပါတယ်၊

တစ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံသတ်ဖြတ်ဖို့
ကြိုးစားခဲ့ပြီး လူပေါင်းများစွာ သတ်ဖြတ်ခံရတဲ့..
ဒီပဲယင်းအရေးအခင်းကိုကျူးလွန်ခဲ့တဲ့
လက်သည်တစ်ဦးလဲဖြစ်ပါတယ်၊

ဦးသန်းရွှေနဲ့အရမ်းကို နီးစပ်သူတစ်ဦးဖြစ်ပြီး
ဦးမောင်အေးရဲ့ ခမီးခမက်တစ်ယောက်လဲဖြစ်ပါတယ်။

ကျောက်ဆည်သား..ဦးဝီရသူနဲ့ပါ ရှေးမဆွကတည်းက..
နီးစပ်သူတစ်ဦးဖြစ်နေတာကလဲထူးခြားပြန်ပါတယ်..

သူ့ရဲ့သား ဦးနေအောင်ဟာ ဒေါ်လာဘီလီယံချီတဲ့..
သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေပြီး ၊
အစိုးရ၀န်ကြီးဌာနတွေမှာလဲ အခုထက်ထိလုပ်ပိုင်ခွင့်တွေ
လက်လွတ်စပယ်ကို ရရှိနေဆဲဖြစ်ပါတယ်၊

—————————

(၂)

ဦးအောင်သောင်းကို အမေရိကန်အစိုးရက..
စီးပွားရေးပိတ်ဆို့လိုက်ခြင်းအားဖြင့်..
နိုင်ငံတကာနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့..
ဦးအောင်သောင်းရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို
ထိခိုက်မှုရှိသွားမှာဖြစ်ပါတယ်၊

ပိုဆိုးတာက..
အမေရိကန်က ပိတ်ဆို့ပြီဆိုတာနဲ့..
အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ..
ဥရောပနိုင်ငံတွေအပြင်..
ဂျပန်၊ ကိုရီးယား စတဲ့အာရှနိုင်ငံကြီးတွေမှာလဲ
ဒီပိတ်ဆို့ချက်ဟာ အကျိုးသက်ရောက်မှုရှိနိုင်မှာပါ..

ပြည်သူ့ဘဏ္ဍာတွေ..
နိုင်ငံသယံဇာတတွေနဲ့ ရထားတဲ့
ကြွယ်ဝမှုဟာ…ကြီးမားတဲ့ထိခိုက်မှုကို
ခံစားသွားနိုင်မဲ့အနေအထားပါ၊

—————–

(၃)

အဓိကအချက်ကိုပြောလိုပါတယ်.၊

အမေရိကန်က…
အစိုးရအဖွဲ့ဝင်မဟုတ်တော့တဲ့..ဦးအောင်သောင်းကို..
မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလည်းမှုကို
အနှောက်အယှက်ပေးတယ်ဆိုတဲ့အကြောင့်ပြချက်နဲ့
ပိတ်ဆို့ခဲ့တာဖြစ်တဲ့အတွက်…

ကျွန်တော်တို့လေ့လာထားတဲ့အချက်ဟာ
ပိုမိုခိုင်မာမှုရှိလာပါတယ်..၊

အဲဒါဘာလဲ ဆိုတော့…
အာဏာရှင်တွေဟာ…
ဘာသာရေးအသုံးချပြီး နိုင်ငံရေးတိုက်ကွက်ကို
မရရအောင် ဇာတ်လမ်းဆင်တယ်ဆိုဟာ
မှန်ကန်မှုရှိတဲ့ ဖြစ်စဉ်တစ်ခုအဖြစ်
သက်သေပြရာရောက်သွားလို့ပါပဲ..၊

အစိုးရလဲလိမ်လို့မရတော့သလို..
ဖွတ်တွေကလဲ လိမ်လို့မရတော့ပါဘူး..
ဖုံးကွယ်လို့မရတော့ပါဘူး..၊

ဘာသာရေးအသုံးချတဲ့…
အရေးအခင်းတွေဖန်တီးမှုကို စီမံချက်တွေအတိုင်း
သူတို့တစ်တွေ တစ်ကယ်..ကပြခဲ့ကြတယ်ဆိုတာကို..
တကယ်အောက်တန်းကျခဲ့ကြတယ်ဆိုတဲ့အချက်ဟာ..

မြန်မာနိုင်ငံကိုမျက်စေ့ဒေါက်ထောက်ကြည့်နေတဲ့..
အမေရိကန်အစိုးရက…
ဦးအောင်သောင်းကို BL သွင်းတဲ့အချိန်မှာ
ပိုပြီး…ခိုင်မာမှုရှိသွားပါတယ်..၊

—————————-

(၄)

ပြီးတော့…အမေရိကန်အစိုးရဟာ…
လက်ဆုပ်လက်ကိုင်အထောက်အထား
ပြစရာမရှိပဲနဲ့တော့ ဒီလိုလုပ်စရာအကြောင်းမရှိပါဘူး..

နားကြီးမျက်စေ့ကြီးတဲ့ အမေရိကန်လက်ဝယ်မှာ..
ဦးအောင်သောင်းတို့ကျူးလွန်ထားတယ်ဆိုတဲ့
ခိုင်မာတဲ့အချက်အလက်..ဘာတွေရှိနေလဲဆိုတာ..
ဘယ်သူ့မှမသိနိုင်ပါဘူး..၊

ဘာပဲပြောပြော…
မြန်မာနိုင်ငံမှာ အတိုက်အခံတွေကိုထိုးချဖို့အတွက်..
၂၀၁၅ ရွေးကောက်ပွဲကြီးရလာဒ်ကို ရင်မဆိုင်ချင်တဲ့အတွက်..
သာရေးအရေးအခင်းတွေကို တမင်လုပ်ကြံဖန်တီးခဲ့တဲ့သူတွေထဲမှာ
ဦးအောင်သောင်းအပါအ၀င်အာဏာရှင်အချို့
ပါဝင်ပတ်သက်နေတယ်ဆိုတာ…
ဘယ်သူမှမငြင်းနိုင်တော့ပါဘူး..၊

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဖွတ်ပါတီအနေနဲ့
ခွက်ခွက်လန်အောင်…ရှုံးပြီးမှ..
ခါတော်မီပေါ်ပေါက်လာတဲ့ ..
မျိုးနှစ်ဇာတ်လမ်းတွဲတွေရဲ့
လက်သည်တရားခံဘယ်သူဆိုတာကို…
ကျွန်တော်တို့ပြည်သူတွေ…
သဘောပေါက်အောင်..
အိုဘားမားက…လှစ်ဟပြသွားပါပြီ..၊

——————–

(၅)

ပြောချင်တာက..

အမေရိကန်ကတောင်..
ဒီလောက်သိနေနိုင်ရင်..
အစိုးရနဲ့ ဖွတ်ပါတီဝင်တွေဟာ….
မသိစရာအကြောင်းမရှိပါဘူး…

ဒါဆို…အစိုးရဟာ…အရေးအခင်းတွေဖြစ်တုန်းက
ဘာလို့မသိချင်ယောင်ဆောင်နေကြတာပါလဲ?

ဘာလို့ ထိထိရောက်ရောက်မနှိမ်နင်းခဲ့တာပါလဲ ?

ပြည်သူတွေအဲဒီလောက်ဒုက္ခရောက်နေတာကို
ဘာလို့ အလှကြည့်နေခဲ့တာပါလဲ.. ?

အစိုးရဟာ.ဘာသာရေးအရေးခင်းတွေရဲ့
လက်သည်တရားခံကို ဖေါ်ထုတ်ဖို့ဝေးစွ..
ယောင်လို့တောင် စဉ်းစားရဲပုံမပေါ်ခဲ့ပါဘူး..၊

သူတို့ကိုယ်သူတို့ အစိုးရလို့တောင်..
ထင်မိနေတဲ့ပုံမပေါ်ပါဘူး…၊

အဲဒီတော့…အစိုးရမလုပ်ရဲလို့…
အိုဘားမားက ပေါ်တင်လုပ်လိုက်တဲ့သဘောပါ၊

နောက်ဆက်တွဲတွေကိုလဲ အမေရိကန်အစိုးရက
မသိနိုင်စရာမရှိလောက်ပါ..

အဲဒီလိုဖေါ်ထုတ်တဲ့အတွက်..
ဒေါ်စုနဲ့ရင်းနှီးတဲ့ အိုဘားမားကို…
“ကုလားအားပေး”လို့ မျိုးနှစ်တွေကစွပ်စွဲလို့မရပါဘူး..
ဘာလို့လဲဆိုတော့..အစ္စလာမ်အစွန်းရောက်တွေကို
ကမ္ဘာမှာ လိုက်ဖြုတ်နေတာကလဲ ..
အိုဘားမားပဲဖြစ်နေလိုပါပဲ..

———————————-

(၆)

မည်သို့ပင်ဆိုစေ….

အခု..ဦးသိန်းစိန်အစိုးရနဲ့ ဖွတ်လော်ဘီကောင်တွေ..
ကြောက်ချေးပါပြီး…မဖေါ်ထုတ်ဝံ့တဲ့..
နောက်ကွယ်ကကြိုးကိုင်သူတွေထဲကတစ်ယောက်ကို..
အိုဘားမားကဖေါ်ထုတ်ပြလိုက်ပါပြီ..

အစိုးရအနေနဲ့…အဲဒီလူတွေကို..ဘာလုပ်မှာပါလဲ..?

တိုင်းပြည်မငြိမ်မသက်အောင်လုပ်တဲ့ သူတွေ ?

မြို့ပေါင်းများစွာက…မီးလောင်နေတဲ့အိမ်တွေ..
သတ်ဖြတ်မှုတွေရဲ့ လက်သည်တရားခံကို…
အစိုးရ ဘာလုပ်ရဲပါ့မလဲ ?

ဆိုတာ..
စောင့်ကြည့်နေပါတယ်..

( Pa Yit)

Oa

ဖါတစ်လုံးခေါင်းကြားများအတွက်
=================
(၁)
“ဦးအောင်သောင်းကိုထိလို့နာတာမဟုတ်ပါဘူး”…တဲ့
“အပြင်လူကလုပ်တာကို မခံနိုင်လို့ပါ” တဲ့..
အဲဒီလိုမျိုး..
ကြားနေလိုလိုဘာလိုလိုနဲ့…
လာဖါနေတဲ့သူတွေကိုကြည့်ပြီး..
တကယ်ကို လေးစားသွားပါတယ်၊
တကယ်ဆို..ကျွန်တော်တို့ဟာ..
ဦးအောင်သောင်းကိုအာရုံစိုက်တာ..
အသေအလဲ ခိုးစားထားလို့..
အာရုံစိုက်ကြတာမဟုတ်ပါဘူး..
အရင်အာဏာရှင်လက်ထက်မှာ..
ခိုးစားတဲ့သူတွေအများကြီးမှာမှ
ဦးအောင်သောင်းခိုးစားတာကို..
ဘယ်သူမှရေးကြီးခွင်ကျယ်မလုပ်ပါဘူး..
ပြည်သူက သူခိုးအစိုးရနဲ့နေခဲ့တာကြာလေတော့..
အားလုံးက ရိုးတောင်ရိုးနေကြပါပြီ…..
စကားထဲတောင် ထည့်မပြောကြတော့ပါဘူး..
ဦးအောင်သောင်းကို အာရုံစိုက်တာက..
ဒီပဲယင်းအရေးအခင်းကို
နောက်ကွယ်ကကျုးလွန်တယ်ဆိုတဲ့
သတင်းတွေကြောင့်ရယ်.
ဘာသာရေးအရေးအခင်းကို..
ဖန်တီးကြိုးကိုင်တယ်လို့
သတင်းတွေထွက်လာတာကြောင့်ရယ်..
အဲဒါတွေကြောင့် စိတ်ဝင်စားကြတာဖြစ်တယ်..
——————-
(၂)
ပြီးတော့ …
အမေရိကန်က..၀င်ပါတာမဟုတ်ပါဘူး..
ဆန်ရှင်ပိတ်တယ်ဆိုတာ သူဘက်က
လုပ်ပိုင်ခွင့်ရှိတဲ့အလုပ်မို့လို့လုပ်တာပါပဲ..၊
အမေရိကန်က…
သူ့တိုင်းပြည်နဲ့အဆက်အစပ်မလုပ်ဖို့
BL သွင်းလိုက်ရုံလေးပါပဲ..
ဒါပေမဲ့ အမေရိကန်သြဇာကကြီးမားလေတော့..
တကမ္ဘာလုံးနဲ့ပါဆိုင်သလိုဖြစ်သွားတာပါ..
အဲဒီလို…”အပြင်လူဝင်ပါတာကို..
လက်မခံဘူး”..လို့ အသံကောင်းဟစ်နေတဲ့
နလပိန်းတုန်း( စူပါငပိန်း) တွေကိုပြောချင်တာက..
တိုင်းပြည်မီးဟုန်းဟုန်းတောက်တဲ့အထိဖြစ်လာနိုင်တဲ့
ဘာသာရေးအရေးအခင်းတွေဖြစ်နေတုန်းကရော.
ကြိုးကိုင်တဲ့တရားခံတွေကို ဖေါ်ထုတ်ဖို့…
ခင်ဗျားတို့ရဲ့ သောက်ပါးစပ်က …
ဘယ်နှစ်ခါဟဖူးပါသလဲ..?
တရုတ်ကွန်မြူနစ်ပါတီက သွန်လိုသွန်မှောက်လိုမှောက်
လုပ်လို့ရတဲ့အနေအထားအထိအောင်…
တရုတ်ကို လူသိရှင်ကြား သိသာစွာ..
ကြောက်လန့်နေရှာတဲ့..
အာဏာရှင်အစိုးရကိုရော…
ဘယ်တုန်းက ဝေဘန်ခဲ့ဘူးပါသလဲ..?
ေ——————————–
(၃)
အဲဒီလိုထောက်ပြရင်လဲ..
ခင်ဗျားတို့က…တရုတ်ကလွဲရင်အားကိုးစရာမရှိတဲ့
ပုံစံမျိုး လဒူအတွေးတွေနဲ့ ပြန်ပြောမှာပါပဲ..
ခင်ဗျားတို့နားလည်ဖို့က…
နိုင်ငံရေးအခြေအနေအရ..
တရုက်ကို အားကိုးတာလက်ခံပါတယ်..
ဒါပေမဲ့…
အားကိုးတာနဲ့ဆီပုလင်းခါးချိတ်ပေးတာ
လုံးဝ (လုံးဝ)မတူဘူးဆိုတာကတော့..
ဦးနှောက်ရှိသူတိုင်း နားလည်ပါတယ်။
ကိုယ့်ဆီကပညာဆင်ခြင်မှုအပေါ်မူတည်ပြီး..
အမြင်ကျယ်ကျယ်နဲ့…ပညာတတ်ဆန်ဆန်နဲ့
မဟာဗျူဟာကစားပြီး အားကိုးတာနဲ့..
ကိုယ့်နိုင်ငံက တန်ဘိုးရှိတာတွေမှန်သမျှအကုန်လုံးကို
ုးသူခိုးဈေးနဲ့ပေးပြီး..ကိုယ့်အကျိုးစီးပွားကိုပဲကြည့်ပြီး.
ဖင်ပေးပေါင်းတဲ့အချိုးမျိုးနဲ့..
လုံးဝတခြားစီပါ….၊
တရုတ်ကိုအားကိုးခဲ့ရတာကို
နတ်သံနှောပြီး ငိုပြနေတဲ့..
အဲဒီနလပိန်းတုံးတွေကိုထပ်ပြောချင်တာက..
တရုတ်ကိုနှစ် ၃၀ လောက်ဖင်ပေးပေါင်းတာတောင်
တိုင်းပြည်တိုးတက်ပါရဲ့လား…?
တိုင်းပြည် ဘာဖြစ်သွားပါသလဲ..?
အဖြေကိုရှာစရာတောင်မလိုပါဘူး..
( Pa Yit)

Leave a comment