Change (ပြောင်းလဲခြင်း) Vs Reform (ပြုပြင်ဖွဲ့စည်းခြင်း)

စစ်အာဏာရှင်စနစ်ကို Reform လုပ်လို့ ဒီမိုကရေစီဖြစ်မလာနိုင်…
Change လုပ်မှသာ ဒီမိုကရေစီနိုင်ငံ ဖြစ်မယ်…
——————————-
ဒီနေ့ ကျနော်တို့နိုင်ငံမှာ လိုအပ်နေတာ Change(ပြောင်းလဲခြင်း) လား
Reform (ပြုပြင်ဖွဲ့စည်းခြင်း) လား…

ဦးရဲထွဋ်ကပြောတယ်..ဒေါ်အောင်ဆန်းစုကြည်ကို “Democracy icon “လို့ဆိုရင်
ဦးသိန်းစိန်က “icon of reform” လို့ပြောခဲ့ဖူးပါတယ်,..

၂၀၁၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက
အိုဘားမားဟာ change ဆိုတဲ့စကားနဲ့ မဲဆွယ်ခဲ့ပြီး …
ရီပတ်ဘလီကင်ပါတီကပြိုင်ဘက် ဂျွန်မက်ကိန်းရဲ့ ဒုသမ္မတလောင်း
ဆာရာပါလင် က reform ဆိုတဲ့စကားကိုသုံးခဲ့ပါတယ်…
ကျနော်တို့နိုင်ငံမှာလည်း ဦးသိန်းစိန်တက်လာပြီးနောက်
reform ဆိုတဲ့အသံတွေဆူညံခဲ့ပါတယ်…

Change နဲ့ Reform မတူပါဘူး…Reform ဆိုတာ ရှိပြီးသားစနစ်တစ်ခုကို
တိုးတက်အောင် ဖာထေးပြင်ဆင်ရန်ဖြစ်ပါတယ်..
တနည်းအားဖြင့် ပြုပြင်ထိန်းညှိခြင်းသာဖြစ်ပြီး
စနစ်ကို အခြေကစ သဘောတရားပြောင်းလဲခြင်းမရှိပါဘူး..
တခုလုံးကိုပစ်ပယ်ခြင်းမရှိပါဘူး..

Change ကတော့ လုံးဝအသစ်တစ်ခုကိုပြောင်းလဲခြင်းပါ..
အဲလိုပြောင်းလဲဖွဲ့စည်းတဲ့နေရာမှာ …

ပြောင်းလဲမှုနဲ့ဆန့်ကျင်နေတဲ့ မည်သည့်အခြေခံစည်းမျဉ်းကိုမဆို
ဖယ်ရှားပစ်ရမှာဖြစ်ပြီး ကြိုတင် သိမထားနိုင်တဲ့ အရာတွေလည်းပါဝင်မှာပါ…

ဒီနေရာမှာ လက်ရှိကျနော်တို့နိုင်ငံ လိုအပ်နေတာ Change လား Reform လား…
တကယ်တော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့နေရာမှာ
စစ်အာဏာရှင်နဲ့ဒီမိုကရေစီ ဆိုတာ အရှေ့နဲ့အနောက် လုံးဝဆန့်ကျင်ဘက်ပါ..
ဒီတော့စစ်အာဏာရှင်စနစ်ကို reform လုပ်လို့ ဒီမိုကရေစီစနစ်
ဘယ်တော့မှ ဖြစ်မလာနိုင်ပါ..စစ်အာဏာရှင်စနစ်ရဲ့အခြေခံသဘောတရား
ပုံစံတူတွေကို မဖယ်ရှားပဲ reform လုပ်ခြင်းနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်မလာနိုင်..
စစ်အာဏာရှင်စနစ်ရဲ့ အခြေခံမူတွေကိုဖယ်ရှားနိုင်မှသာ စစ်မှန်တဲ့
ဒီမိုကရေစီနိုင်ငံတခု ပေါ်ပေါက်လာမှာပါ..

ကျနော်တို့နိုင်ငံမှာ လိုအပ်နေတာက Change ပါ..Reform မဟုတ်ပါဘူး…
ဒီတော့ … ဘာကို Change မလဲ..

သိသာထင်ရှားတာတွေကတော့ စစ်အာဏာရှင်စနစ်ရဲ့ဝိညဉ်တွေဖြစ်တဲ့
စစ်အမတ် ၂၅ % နဲ့ အမြင့်ဆုံးအဖွဲ့လို့ပြောရမယ့် ကာလုံမှာ စစ်တပ်ကသာ
လွှမ်းမိုးထားတဲ့ကိစ္စ..သမ္မတဟာ စစ်တပ်ရဲ့အမြင့်ဆုံး အာဏာပိုင်မဟုတ်တာ
အစရှိတဲ့ စစ်အာဏာရှင်ဝိညဉ်တွေလွှမ်းနေတဲ့ စနစ်တခုရဲ့အခြေခံအကျဆုံး
အသက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းနဲ့အညီ

ပြောင်းလဲပစ်ရမယ်ဆိုတာကလွဲ မှတပါး အခြားမရှိပါ….

အခုတော့ Change ပြုလုပ်ဖို့ မဆိုထားနဲ့ Reform ကိုတောင် ပီပြင်အောင်မလုပ်ဘဲ
နားလှည့် ပါးရိုက်ပြီး စနစ်ဟောင်းကို အမြင်ဆန်းအောင် အမျိုးမျိုး လှည့်ပြနေခြင်းမျိုးကိုပဲ
တွေ့နေရပါတယ် …။ by @Thetdwe Aung
————————-
ဒီတော့ နောက်ဆုံး သုံးသပ်ရမယ် ဆိုရင် Reform လုပ်ငန်းစဉ် မှန်ကန်မှု မရှိတာရယ်
ဒီ လုပ်ငန်းစဉ်နဲ့ ဒီနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် မရောက်နိုင်ဘူး ဆိုရာရယ်ဟာ
ရှင်းနေပါပြီ …။

ကျနော်တို့ ဟန်ပြ reform နောက်ကို လိုက်နေကြမှာလား … မျောနေကြမလား
မေးခွန်းထုတ်ဖို့ လိုလာပါပြီ …။ Change ဆိုတဲ့ အပြောင်းအလဲ တခု မလုပ်နိုင်သရွေ့
နောက် ဆယ်နှစ်လည်း ဒီနိုင်ငံ ဒီမိုကရေစီ နဲ့ ဝေးကွာနေဦးမှာပါ ။
တကယ့် အပြောင်းအလဲ Change တခု လိုနေပါတယ်။

ပြည်သူဘက်က ကြိုးစားအားထုတ်ရမယ့် Change တခု မဖြစ်မနေ လုပ်သင့်တဲ့
အချိန်ရောက်နေပြီလို့ ကျနော် သုံးသပ်ချင်ပါတယ်။

Change ကို ထိန်းညှိနိုင်ခြင်း ရှိမရှိ ဆိုတဲ့ အချက်ကို ပညာရှင် အများစုက
စိုးရိမ်မကင်း ရှိကြပါတယ်။ ဟန်ချက်ညီညီ ပြောင်းလဲခြင်းအတွက်
အခက်အခဲများစွာ ရှိနိုင်တယ် ဆိုတာ အမှန်ပါပဲ …။

ဒါပေမယ့် ကျနော်တို့ တခုတွေးရမှာက လက်ရှိ အနေအထားထက် ပိုမို
ဆိုးရွားသွားမလား ဆိုတဲ့ အချက်က အဓိကပါပဲ …။

ကျနော့် အမြင်ပြောရရင်တော့ ဒီကနေ့ ဟန်ဆောင်ပန်ဆောင် ဒီမိုကရေစီ
ထက်တော့ ဘယ်အရာမှ ပိုဆိုးသွားနိုင်စရာ မရှိဘူးလို့ပဲ ရိုးရိုးသားသား
မြင်မိပါကြောင်း …။

by Bransai

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: