ထန်းကုန်း … ဟို ငှက်ပျောသီးကိုယ်တော် တရားပွဲ

ပြောရဦးမယ် မလှရွှေ ရေ …

ကျုပ်တို့ ပြည်ကြီးမှာ … ဘုန်းဘုန်း တရားပွဲ …

မလာမနေရ … မင်းမိန့်နဲ့ စီစဉ်ရသတဲ့ …။

ရွာကပယ်မယ် … အသုဘ ချမပေးဘူး … သာရေး နာရေး

ဖြတ်မယ် ဆိုတော့ … မချစ်သော်လည်း အောင့်ကာနမ်း

တအိမ်တယောက်တော့ ကြွရ ရှာလေ သတဲ့ …

အင်း … ကားအကြိုအပို့လေးနဲ့ ဆိုလေတော့

မဆိုးရှာပါဘူး ဗျ … အဲ ထမင်းတနပ် သက်သာ နည်းလား

ဆိုပြီး လာသူတွေလည်း ရှိသကိုး ဗျ … ထမင်းကျွေး

တယ်လေ …

ဆောင်းနေပူပူ နေ့တနာရီ ကနေ ညနေ ၄ နာရီထိ

အပင်ပန်းခံပြီး ကုလားမုန်းတရား နာရပေသကိုး ဗျ …

ကျုပ်ကတော့ ထန်းရည်မူးမူးနဲ့ အိပ်နေသာပ ဗျာ …

ရွာနီးချုပ်စပ် တနယ်လုံး မင်းမိန့် လုပ်လေတော့

လူငါးထောင်နည်းပါးများ ရှိလေ မလား ပဲ ဗျ …

အင်း ထမင်းဝေချိန် မှန်းရတာတော့ ရှိမှာပေါ့ ဗျာ …

တရားထူး ရမရတော့ မသိ ကုလားတော့ နားအတော်

စွဲမိပေသကိုး ဗျ …

ကျုပ်လည်း လိုတိုင်း အကြွေးဆွဲလို့ ရနေတဲ့

ကုန်စုံဆိုင်က ကိုမာမွတ်ကြီးကို မျက်နှာပူတာနဲ့

ကြိုတဲ့ကားနဲ့ ပြန်ခဲ့ပါလေရော … မလှရွှေ ရေ …။

( ထန်းကုန်း … ဟို ငှက်ပျောသီးကိုယ်တော် တရားပွဲ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: