လူထုက ပွဲသိမ်းနိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ၊ လမ်းပေါ်ကို ထွက်ချင် နေကြ၊ ထွက်စ ပြုနေကြပြီ

“ဘာဖြစ်ချင်လို့ ဒီလို ခင်းကျင်းနေတာလဲ”

အစိုးရ သို့

၄၃၆ ပြင်ဆင်ရေး ကို နောက်အစိုးရ သက်တမ်းကို ရွှေ့လိုက်ချိန်မှာ လူထု ရဲ့ တင်းမာမှုဟာ ရေချိန်မြင့်တက်လာတယ်။ အစိုးရသက်တမ်းကုန်ခါနီးထိ ဘာတခုမှ ထိထိရောက်ရောက် ပြောင်းလဲရေးမလုပ်နိုင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရက နောက်ထပ် ရွေးကောက်ပွဲ ၀င်ဖို့ စကားပြန်ကြောင်းလာတယ်။
တပ်မတော်ဟာ အခြေခံဥပဒေပြင်ဆင်ရေးကို ဗြောင်ကျကျ ငြင်းဆန်ပစ်လိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူထု ကို အတတ်နိုင်ဆုံး ထိန်းနေတယ်။
နောက်ဆုံး ၆ ပွင့်ဆိုင်တွေ့ဆုံမှု ကို သမ္မတက ငြင်းဆန်လိုက်သည့်တိုင်၊ လူထု ကို ထိန်းနေဆဲပဲ။

ခု ကျောင်းသားတွေက နိုင်ငံအနှံ့အပြား လမ်းပေါ် စ ထွက်လာပြီ။

ခင်ဗျားတို့ ဘာဖြစ်ချင်လို့ ဒီလို ခင်းကျင်းနေတာလဲ လို့ ထပ်မေးမယ်။

ဒီလို အခြေအနေတွေ ကို တမင်ခင်းကျင်းပြီး၊ တပ်က အာဏာပြန်သိမ်းချင်လို့ ဆိုလဲ ဆက်လုပ်ပါလေ။

ခင်ဗျားတို့အစိုးရဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကို ပီပြင်စွာ မကြောင်းနိုင်ဘဲ၊
စစ်အာဏာပြန်သိမ်းတဲ့အထိ စီမံအုပ်ချုပ်မှု ညံ့ဖျင်းတဲ့ မဆလနောက်ဆက်တွဲ
ဦးစိန်လွင်အစိုးရ၊ ဒေါက်တာမောင်မောင်အစိုးရ အဆင့်တွေနဲ့ ထူးမခြားနား သမိုင်းကျန်ခဲ့တာပေါ့။

ပြည်သူတွေအနေနဲ့ကတော့ စစ်အုပ်စုလက်အောက်မှာ နေနေရတာ ဘာနာမည်တပ်တပ် မထူးပါဘူး။ အတိုက်အခံဒီမိုကရေစီအင်အားစု နိုင်ငံရေးသမားတွေကလဲ အဆိုးဆုံးကို မျှော်လင့်ပြင်ဆင်ပြီး၊ လုပ်နေကြတဲ့သူတွေချည်းပါ။

ခင်ဗျားတို့ပဲ ရလာဒ်ဆိုးတွေ နဲ့ နောက်ကြောင်းပြန်ရမှာပါပဲ။

၂၀၁၅ အလွန်မှာ ဘာဖြစ်မလဲ လို့ ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှုကို အာမခံချက်ပေးနိုင်ဖို့၊
၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေးနေတာ
ပေါ့ပေါ့ကလေး မအောင့်မေ့ပါနဲ့။
ပါးစပ်ကနေ ၆ ပွင့်ဆိုင်တောင်းဆိုမှုကြောင့် မူလတွေ့ဖို့စီစဉ်ထားတာတွေ ပျက်ရတယ် စသဖြင့်
ပြန်ပြောလိုက်တာနဲ့ ချေပလိုက်နိုင်တယ်၊ နိုင်ငံရေးကစားတတ်တယ် ကိုယ့်ကိုယ်ကိုယ်အောင့်မေ့နေနဲ့။

လိုတိုရှင်းပြောရရင် ဒုတိယ၈၈၈၈ ကို ဖန်တီးသူ ခင်ဗျားတို့ မဖြစ်စေနဲ့။

လူထုက ပွဲသိမ်းနိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ၊
လမ်းပေါ်ကို ထွက်ချင် နေကြ၊ ထွက်စ ပြုနေကြပြီ။
ဒီတော့ ဘာလုပ်ချင်လဲ။
ပစ်ဦး၊ ခတ်ဦး၊ သတ်ဦး၊ ဖမ်းဦး၊ အမှောင်ခေတ်ကို ပြန်သွားဦးမလား။

လူထုကလဲ မသိလို့ အောင့်မေ့မနေနဲ့။
ပစ်မယ်၊ ခတ်မယ်၊ သတ်မယ်၊ ဖမ်းမယ်၊ အမှောင် ကို ပြန်ရောက်မယ် ဆိုတာ သိသိနဲ့ ကို
ထွက်ကြတော့မှာ။

ပြဿ နာကို ဖြေရှင်းနေတာလား၊
ပြဿ နာ ကို ဖန်တီးနေသလား၊
ကိုယ့်ကိုယ်ကိုယ်သာ ဆင်ခြင်ပါလို့
သတိကြီးကြီး ပေးချင်ပါတယ်။

ချိုတူးဇော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: