မဘသ ဆိုတာ လက်ရှိ ကြံ့ဖွတ်အစိုးရကို ထောက်ခံ ဒေါ်စု နဲ့ NLD ကို တိုက်ဖို့ပဲ

လိုရင်းကို ရောက်ဖို့ နည်းနည်းပဲလိုတော့တယ်။

ထောက်ပြဖို့ ကျန်နေသေးတာက

၁) မဘသ ဆိုတာ လက်ရှိ ကြံ့ဖွတ်အစိုးရကို ထောက်ခံဖို့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ဘုန်းကြီးတွေ…

၂) ဒေါ်စု နဲ့ NLD ကို တိုက်ဖို့ပဲ သက်သက်ကြီးကို ဖွဲ့စည်းထားတဲ့ ဘုန်းကြီးတွေ…

၃) ၁၉၈၈ ကတည်းက ပြည်သူတွေရဲ့ သွေးချွေးနဲ့ တောင်းဆိုလာတဲ့ ဒီမိုကရေစီစနစ်ကို ငြင်းပယ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ စစ်အာဏာရှင်တွေကိုယ်တိုင် မွေးမြူဖန်တီးထားတဲ့ ဘုန်းကြီးတွေ…

၎) ဒီမိုတွေ ဘာလုပ်လုပ် လူ့အခွင့်အရေးမလိုဘူး၊ မရှိတဲ့ မွတ်ဆလင်ရန်ကနေ မယောင်ရာဆီလူးပြီး တိုင်းပြည်ကို ကာကွယ်ဖို့ စစ်တပ်ကသာ ကာကွယ်ပေးနိုင်မယ်၊ အမျိုး ဘာသာ သာသနာကို စစ်တပ်ကပဲ ကြံ့ဖွတ်တွေကပဲ ကာကွယ်စောင့်ရှောက်နိုင်မယ်လို့ မရှက်မကြောက် သင်္ဃန်းကြီးပတ်ပြီး မဲဆွယ်ကြမယ့် ပြောကြမယ့် ပုဂ္ဂိုလ်တွေ….

၅) မဘသ ဆိုတာ အစိုးရဘာလုပ်လုပ် အကုန်ကောင်းတယ်…. ဦးသိန်းစိန်အပါအ၀င် စစ်တပ်က ဘာလုပ်လုပ် တစ်ကြိမ်တစ်ခါလေးတောင် မကန့်ကွက်ဖူးဘူး… လယ်တီသိမ် ဖျက်လည်း အစိုးရကို ကန့်ကွက်သံ တစ်ချက်မထွက်၊ လက်ပံတောင်းမီးဆွမ်းကပ်လည်း ကန့်ကွက်သံမထွက်၊ သန္တိသုခလည်းသိမ်း ကန့်ကွက်သံမထွက်… အဲလို အဖွဲ့အစည်းတွေ…. ဘယ်ကန့်ကွက်မလဲ… အစိုးရမွေးထားတဲ့ ဘုန်းကြီးတွေပဲ…

ဥပဒေအထက်ကဘုန်းကြီးတွေ၊ အထူးအမိန့်ရ ဘုန်းကြီးတွေ၊ ဥပဒေကို မှောက်ချင်မှောက်၊ လှန်ချင်လှန်၊ ကြိုက်တာလုပ်ခွင့် ပြောခွင့် ဟောခွင့် အမုန်းတရားဖန်တီးခွင့်၊ ဆူပူလှုံ့ဆော်ခွင့် ရထားတဲ့ ဘုန်းကြီးတွေ….

ကုန်ကုန်ပြောရရင် ဒီလောက် ဗုဒ္ဓဘာသာဘုန်းကြီးတွေကို နှိပ်ကွပ်နေတဲ့ အစိုးရကို မကန့်ကွက်ဖူးဘဲ ဆရာထင်လင်းဦးတောင်းပန်နေတဲ့ ကြားက လူတစ်ဦး တစ်ယောက်တည်းကို ကွက်ပြီး မဘသတွေက ကံဆောင် သပိတ်မှောက်တာကိုက အထက်အမိန့်အရ ဆိုတာကြီးက ထင်ရှားလှတယ်။

မြန်မာပြည်နိုင်ငံရေးမှာ သိက္ခာရှိရှိ ယှဉ်ပြိုင်တတ်တဲ့ ယဉ်ကျေးမှု မရှိဖူးသေးဘူး။

လစ်ရင် လစ်သလို အောက်လုံး လက်သီးပုန်းတွေနဲ့ ထိုးနေကြတုန်း၊ နောက်က ချောင်းရိုက်တဲ့ စနစ်ကြီးက ထွန်းကားနေတုန်း… ရှက်စရာ…

မဘသ ဟာ မွတ်ဆလင်တွေကို အယောင်ပြပြီး ဒေါ်စုနဲ့ NLD ကို တိုက်ရိုက်ထိုးတဲ့ ကြံ့ဖွတ်အစိုးရရဲ့ လက်သီးပုန်းတစ်လုံးပဲ။

ဒါပေမယ့် ဒီလက်သီးကို ပြန်ထိုးလို့မရအောင်၊ ကာကွယ်လို့ မရအောင် လက်သီးမှာ အနီရောင် သင်္ဃန်းကြီးကို ပတ်ထားတယ်။

My comments>>>

မဘသ = မြန်မာ့အဘများအား ကာကွယ်စောင့်ရှောက်ရေး အသင်း = 969

မဘသ = Ma Ba Tha = မြန်မာ့အဘများအား ကာကွယ်စောင့်ရှောက်ရေး အသင်း

မဘသ = Ma Ba Tha = မြန်မာ့အဘများအား ကာကွယ်စောင့်ရှောက်ရေး အသင်း = 969

မဘသ = Ma Ba Tha = မြန်မာ့အဘများအား ကာကွယ်စောင့်ရှောက်ရေး အသင်း = Swarn Arr shin

မဘသ = Ma Ba Tha = မြန်မာ့အဘများအား ကာကွယ်စောင့်ရှောက်ရေး အသင်း= 969 = Swarn Arr Shin.

Credit to Ko Bran Sai

မဘသများ သတိ
မဘသများ ယခုအတိုင်း မြန်မာမွတ်ဆလင် ဆန့် ကျင်ရေး၊ ရိုဟင်ဂျာ ဆန့် ကျင်ရေး
ဆက်လက်၍ လုပ်နေမည် ဆိုလျှင်
2015 ရွေးကောက်ပွဲ၌
“ဖွတ်မရ ( ကြံ့ ဖွတ် ) ၊ ဒါးမဆုံး ( တရား ဓမ္မ )” ဖြစ်လိမ့် မည်။

 

2 Responses to “မဘသ ဆိုတာ လက်ရှိ ကြံ့ဖွတ်အစိုးရကို ထောက်ခံ ဒေါ်စု နဲ့ NLD ကို တိုက်ဖို့ပဲ”

  1. drkokogyi Says:

    Maung Maung Skw

    ရောက်လာတဲ့ ဂဲ ကိုဘဲ လိုက်မနေကြပါနဲ့

    ဂဲ ပစ်သူကို ရအောင်ရှာပါ-

    မဘသ-က ဟိုအလုပ်ကန့်ကွက်တယ်

    မဘသ-က ဒီပွဲကို ကန့်ကွက်တယ်

    မဘသ-က ဒီလိုတောင်းဆိုတယ်

    မဘသ-က ဒီလိုကြေငြာချက်ထုတ်တယ်- ဆိုတာတွေကို

    အပြစ်တင် ရှုံ့ချရင်း သာယာမနေကြပါနဲ့-

    သူတို့ လုပ်ရပ်တွေ အောက်တန်းကျတာ မဆန်းပါဘူး-

    ဒီအလုပ်တွေက လုပ်ခွင့်ရလို့ လုပ်ခိုင်းထားလို့ လုပ်နိုင်ကြတာပါ-

    ခွင့်ပြုထားတဲ့ အစိုးရမှာဘဲ တာဝန်ရှိပါတယ်-

  2. drkokogyi Says:

    Master Pie

    ဘာလုပ်ရမလဲပြောပါဦး

    ဓါးပြတိုက်နေတဲ့သူကြီးသားကိုဆုံးမဖို့

    ဘိန်းခန်းဖွင့်ထားတဲ့ သူ့အဖေကိုတိုင်ရမလား

    ဖါခန်းဖွင့်ထားတဲ့ သူ့အမေ ကျောင်းအုပ်ဆရာမကြီးကို

    တိုင်ရမလား

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: