၂၀၀၈ ခြေဥကိုပြင်ဖို့ နည်းလမ်းရှိသေးလား?

၂၀၁၅ နီးလာလို့ပြန်နွှေးပေးပါ့မယ်၊ ရေးခဲ့ဖူးပေမယ့် မဖတ်ရသေးတဲ့ ရောင်ရင်းများ၊ သိချင်နေမယ့် မိတ်ဆွေများအတွက်ဖြစ်ပါတယ်၊ အင်မတန်အရေးကြီးတဲ့အတွက် ဒီအကြောင်းအရာကိုပဲ ထပ်ကာ၊ ထပ်ကာရေးနေရခြင်းဖြစ်ပါတယ်။ ပရိုဖိုင်မချိန်း၊ ကိုယ်ရေးကိုယ်တာမတင်ပဲ စေတနာသန့်သန့်နဲ့မအားတဲ့ကြားတဲ့က ပို့စ်တွေရအောင်တင်နေတာကိုအသိအမှတ်ပြုသောအားဖြင့် ကိုယ့်နီးစပ်ရာမိတ်ဆွေများကို တဆင့်ရှင်းလင်းပေးမယ်ဆိုရင် အားထုတ်ရကျိုးနပ်ပါတယ်။

ကချင်ဗိုလ်လောင်းတွေသေတဲ့သတင်းကြားရတယ်၊ ဗိုလ်လောင်းတွေရဲ့အသက်ဟာ ရိုးရိုးစစ်သည်တွေရဲ့အသက်ထက်ပိုပြီးတန်ဖိုးရှိမနေပါဘူး၊ ထို့အတူပါပဲ၊ မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်တွေလည်းကျတာပါပဲ၊ တကယ်တမ်းကျဆုံးသွားတဲ့နှစ်ဘက်စစ်သည်တွေဟာ လူမျိုးရေးမှိုင်းကြောင့် သူတို့ကိုယ်သူတို့ မြင့်မြတ်သောအသက်စွန့်ခြင်းလို့ထင်ကြမှာပဲ၊ တကယ်တော့ ဘယ်သူသေသေ ရှက်စရာကောင်းတယ်၊ ကိုယ့်ညီအစ်ကိုအချင်းချင်း သတ်နိုင်တာ ဂုဏ်ယူစရာမှ မဟုတ်ပဲ၊ ကချင်ဗိုလ်ချုပ်တွေနဲ့ဗမာဗိုလ်ချုပ်တွေ အချင်းချင်းပဲတိုက်ခိုင်းရမှာ။

အဲဒီနေရာမှာတစ်ခုနားလည်ထားဖို့က ဒီကိစ္စတွေအကုန်လုံးဘယ်သူ့မှာတာဝန်ရှိသလည်းဆိုတော့ စစ်တပ်မှာပဲ တာဝန်ရှိတယ်လို့ ပြောပါရစေ၊ ဘာကြောင့်ဆိုတော့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသွားနေလို့ပါ။

အပေါင်းအသင်းတွေမေးလေ့ရှိတဲ့မေးခွန်းလေးတွေကိုအဖြေပေးတဲ့ပုံစံမျိုးတင်ပြပါ့မယ်။

မေးခွန်း (၁) မြန်မာနိုင်ငံကိုဘယ်သူအုပ်ချုပ်နေသလည်း။
**************
စစ်တပ်ကပဲအုပ်ချုပ်နေပါတယ်၊ ဘာကြောင့်ဆိုတော့ ရယက၊ ခယက၊တယက စတဲ့ အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုမှန်သမျှ ပြည်ထဲရေးက ကိုင်ပါတယ်။ အဲဒီပြည်ထဲရေးကိုစီမံခန့်ခွဲနေတာ ကာ/ချုပ် (စစ်တပ်) ပါ။ (ပုဒ်မ ၂၃၂ ခ) ဒါကြောင့် စစ်တပ်ကပဲအုပ်ချုပ်နေတယ်လို့ပြောရမှာပါ။

မေးခွန်း (၂) သမ္မတကြီးကပြည်တွင်းစစ်ပွဲတွေရပ်ဖို့အမိန့်ပေးထားတာ ဘာလို့မရပ်တာလည်း။
*************
လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှကို အမိန့်ပေးကွပ်ကဲနေတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို ကာ/ချူုပ်က စီမံခန့်ခွဲပါတယ်။ ဒါကြောင့် သမ္မတအမိန့်ပေးလည်း စစ်တပ်က ကာ/ချုပ်စကားပဲနားထောင်မှာပါ။ (ပုဒ်မ ၂၃၂ ခ)

မေးခွန်း(၃) ဒါဆိုတိုင်းပြည်မှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ကဘယ်သူလည်း။
************
ဒါကိုဖြေဖို့အတွက် မြန်မာနိုင်ငံမှာဘယ်ဝန်ကြီးဋ္ဌာနတွေဟာအရေးအကြီးဆုံးလည်းဆိုတာသိရပါ့မယ်၊ အဲဒီဝန်ကြီးဋ္ဌာနတွေကိုချုပ်ကိုင်ထားသူသာအာဏာအရှိဆုံးပါ။ အဲဒီဝန်ကြီးဋ္ဌာနတွေကတော့
၁) ကာကွယ်ရေးဝန်ကြီးဋ္ဌာန
၂)ပြည်ထဲရေးဝန်ကြီးဋ္ဌာန
၃)နယ်စပ်ရေးရာ ၀န်ကြီး တို့ဖြစ်ပါတယ်၊ အဲဒီဋ္ဌာနကြီးတွေရဲ့ ၀န်ကြီးနဲ့ ဒုဝန်ကြီးတွေကို ကာ/ချုပ်က တိုက်ရိုက်ခန့်တာပါ၊ ဘယ်သူမှ ၀င်စွက်ဖက်လို့မရပါဘူး၊ ဒါကြောင့် ဒီဋ္ဌာနကြီးတွေဟာ ကာ/ချုပ်စကားပဲနားထောင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကာ/ချုပ်သာလျှင် အာဏာအရှိဆုံးဖြစ်ပါတယ်။

မေးခွန်း(၄) အရေးအကြောင်းဆိုလျှင် စစ်တပ်နဲ့ရဲကိုသမ္မတက အမိန့်ပေးနိုင်ပါသလား၊
***********
အမိန့်မပေးနိုင်ပါ၊ အရင် ကာ/လုံနဲ့တိုင်ပင်ရပါတယ်၊ ကာ/လုံက ကာ/ချုပ်အမိန့်ခံယူပြီးမှ လက်နက်ကိုင်အင်အားအသုံးပြုခွင့်ပေးမှာပါ၊ ကာ/လုံ တိုက်တွန်းလျှင်သမ္မတကြီးကအရေးပေါ်အခြေအနေကြော်ငြာပေးရမှာပါ။

မေးခွန်း(၅) စစ်တပ်က အာဏာသိမ်းနိုင်လား၊
************
စစ်တပ်က အာဏာသိမ်းစရာမလိုပါ၊ သမ္မတက အရေးပေါ်အခြေအနေကြော်ငြာလိုက်တာနဲ့ နိုင်ငံတော်အာဏာကို ကာ/ချုပ်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၄၁၈) အရ လွဲအပ်ရမှာပါ၊ အာဏာသိမ်းစရာမလိုပဲ သမ္မတကြီးဆက်သတဲ့အာဏာကို ဒူးနှန့်ယူရုံပေါ့။

မေးခွန်း(၆) စစ်တပ်က မြေသိမ်းတာတွေ၊ လယ်သိမ်းတာတွေ၊ မတရားမှုတွေလုပ်ခဲ့ရင် အဲဒီအတွက်အရပ်ဘက်တရားရုံးတွေမှာ တရားစွဲလို့ရနိုင်သလား။
************
လုံးဝမရပါ၊ ဘာကြောင့်ဆိုတော့ ပုဒ်မ ၁၀ ခ အရ တပ်မတော်နဲ့ပတ်သက်သမျှ တပ်မတော်ကပဲ (လွတ်လပ်စွာ) စီမံမယ်လို့အတိအလင်းပြောထားပါတယ်။ ဥပမာ၊ ခင်ဗျားအခုပိုင်နေတဲ့မြေကို စစ်တပ်ကလာသိမ်းရင်ခင်ဗျားဘယ်ဥပဒေမှာအားမကိုးနိုင်ဘူး။

မေးခွန်း(၇) ဒါဆို ၂၀၀၈ ဥပဒေရဲ့ အားသာချက်ကဘာလည်း။
************
အားသာချက်တစ်ခုမှမရှိပါဘူး၊ အရင်အာဏာသိမ်းစစ်အစိုးရဖြစ်နေတဲ့အတွက် အရပ်ဘက်ကို တစ်ချိန်ချိန်အာဏာပြန်အပ်ရမယ့်အမည်းစက်ကြီး ရှိနေတယ်၊ အဲဒီအမည်းစက်ကြီးကိုတရားဝင်ဖြစ်အောင်၂၀၀၈ ခြေဥအရ ကောက်ကျစ်ယုတ်မာစွာစီမံထားခြင်းသာဖြစ်ပါတယ်။

မေးခွန်း(၈) ဒါဆိုရင်တော့ ပြည်တွင်းရေးကိစ္စအ၀၀အတွက် စစ်တပ်မှာပဲအပြည့်အ၀တာဝန်ရှိတယ်ဆိုတာရှင်းပါပြီ။ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစစ်အမှန်သမ္မတရရင်ရောပြေလည်နိုင်သလား။
*************
မပြေလည်နိုင်ပါ။ ၂၀၀၈ ခြေဥ ရှိနေသမျှ သိကြားမင်းကိုယ်တိုင်လာအုပ်ချုပ်လည်း စစ်တပ်ကိုမလွန်ဆန်နိုင်ပါ။

မေးခွန်း(၉) ဒါဆို ၂၀၀၈ခြေဥ ကိုပြင်မှရမယ်ဆိုတာ သဘောပေါက်ပါပြီ။ ဘယ်လိုပြင်ရမလည်းဆိုတာသိပါရစေ။
*************
အရင်ပုဒ်မ ၄၃၆ ကိုပြင်ရမယ်၊ ဘာကြောင့်ဆိုတော့ ဘယ်လိုမှကိုမဖြစ်နိုင်တဲ့အတားအဆီးဖြစ်နေလို့ပါ။

မေးခွန်း(၁၀) ဘာကြောင့်မဖြစ်နိုင်တာလည်း။
***********
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅%ကျော်သဘောတူပြီး တနိုင်ငံလုံးရဲ့ မဲပေးနိုင်တဲ့လူဦးရေ ထက်ဝက်ကျော်ထောက်ခံရဦးမယ်၊ ပြီးရင်တပ်မတော်ဘက်ကလည်းသဘောတူရမယ် ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားသာကြည့်ပါတော့။ သူတို့ဘာသာသူတို့ အာဏာအပ်နှင်းထားတဲ့ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုတာ ဘုရားအလောင်းတွေမှပဲ လုပ်နိုင်တာမျိုးမဟုတ်လား။ ခင်ဗျားက ကာ/ချုပ်ကို ဘုရားလောင်းလို့တော့မထင်ပါဘူးနော်။

မေးခွန်း(၁၁) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်ကဘာလည်း
************
စစ်မှန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်လာရေးနဲ့ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့သမ္မတစစ်စစ်ဖြစ်လာရေးပါ၊

မေးခွန်း(၁၂) ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းအရေးအခင်းတွေနဲ့ပတ်သက်ရင် ရေငုံနှုတ်ပိတ်နေတာများပြီး ဝေဖန်တာ၊ ရှုတ်ချတာမျိုးအင်မတန်နည်းတာဘာကြောင့်လည်း။
************
မိုးစက်ကျတိုင်းလိုက်ခံနေမယ့်နေမယ့်အစား ခေါင်းမိုးကြီးတစ်ခုလုံးကိုလဲလိုက်တာအကောင်းဆုံးလို့ ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့်လက်ရှိအစိုးရဟာ ခေါင်မိုးနဲ့တူတဲ့ ၂၀၀၈ ခြေဥကို မပြင်နိုင်အောင် လူမျိုးရေးအဓိကရုဏ်း၊ ပြည်တွင်းစစ်အခြေအနေ၊ လယ်သိမ်းယာသိမ်းပြသနာအချို့ နဲ့ရေစက်တွေလိုက်ချပြီး လူစုတွေခွဲထုတ်နေပါတယ်။

မေးခွန်း(၁၃) အင်း၊ တော်တော်ခက်ခဲတာပဲ၊ ဒါဆိုရင် ၂၀၀၈ ခြေဥကိုပြင်ဖို့ တခြားနည်းလမ်းရှိသေးလား။
************
ရှိပါတယ်၊ ကာ/ချုပ် ကြီးကို ဘုရားဆုပန်အောင် တိုက်တွန်းတဲ့နည်းလမ်းပါ။

credit – မဟာမိုင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: