ဂဠုန်ဦးစောအလည်ပြန်လာခြင်း

ဂဠုန်ဦးစောအလည်ပြန်လာခြင်း
……………………………………
ရာဇ၀င်ထဲက သမိုင်းထဲက
လူတစ်ယောက် ထလာလို့တဲ့…..။

လူတွေ အုတ်အုတ်ကျက်ကျက်…

ကောစမစ်ရွှဲနေတဲ့ ဆံပင်ကိုနောက်လှန်ဖီး
နေကာမျက်မှန်ကြီးတ၀င့်ဝင့်နဲ့
မြို့စားကြီး ဒရက်ကူလာ အခေါင်းထဲက ထလာသလိုမျိုး
တုတ်ကောက်ကိုထောက်
သူ မြန်မာပြည်ကို လမ်းလျှောက်လာတယ်..။

ကြည့်ကြ..ကြည့်ကြ..
အဲဒါ ဂဠုန်ဦးစော တဲ့ကွ…
ငါတို့ခေါင်းဆောင်တွေကိုသတ်
ငါတို့တိုင်းပြည်ကို ဖျက်ခဲ့တဲ့ လူယုတ်မာကြီး ပေါ့တဲ့…။

လူတွေ တောက်ခေါက်ကြ..ဓါးဆွဲ..တုတ်ဆွဲကြ
ထွီခနဲ့ တံတွေးတွေ ထွေးကြ…

ဦးစောက လက်ကာပြတယ်..။
နေကြပါအုံး………..
ငါ့ထက်အဆပေါင်းများစွာ ယုတ်မာတဲ့လူတွေကို
အသက်ရှင်ခွင့်ပေးထားတဲ့ ဒီနိုင်ငံကို
ငါပြန်လာတာ ဆန်းသလားတဲ့………..။

အောင်ဆန်းကို ငါ တစ်ခါပဲ သတ်ခဲ့တယ်…
သူတို့က အောင်ဆန်းနာမည်ကို နှစ်နှစ်ဆယ်ကျော် အကြိမ်ကြိမ်သတ်ခဲ့ကြတယ်..။

ရွှေတိဂုံဘုရားကို လေယာဉ်ပေါ်က ငါဖူးမိတော့…သတင်းစာတွေ ဆဲလိုက်ကြတာ..
လူသတ်လက်နက်ခါးချိတ်ပြီး…လူသတ်ယူနီဖောင်းတ၀ံ့ဝံ့နဲ့
လူသတ်သမား ထီးတော်ပေါ်အထိတက်တာကျ…မင်းတို့က ဘုရားဒကာတဲ့လား..။

ဒီမှာ..
ငတက်ပြားတည်ခဲ့တဲ့ မရှိခဏဘုရားဟာ
မြန်မာပြည်မှာ တစ်ဆူတည်းမဟုတ်တော့ဘူး………..။

ငါလုပ်ခဲ့လို မင်းတို့စိတ်ဆင်းရဲရတဲ့ ဇူလိုင်(၁၉)ဟာ တစ်နှစ်မှာ တစ်ရက်ပဲ…
သူတို့လုပ်လို့ မင်းတို့စိတ်ရော ကိုယ်ပါ ဆင်းရဲ ရတဲ့ ဇူလိုင်(၁၉)တွေက တစ်နှစ်မှာ သုံးရာခြောက်ဆယ့်ငါးရက်..

မင်းတို့ခေါင်းဆောင်ကို ငါသတ်ခဲ့တယ်….
မင်းတို့တိုင်းပြည်ရဲ့ အတိတ်ကို သူတို့သတ်ခဲ့တယ်
မင်းတို့တိုင်းပြည်ရဲ့ ပစ္စုပ္ပန်ကို သူတို့သတ်ခဲ့တယ်
မင်းတို့ တိုင်းပြည်ရဲ့ အနာဂတ်ကို သူတို့သတ်ခဲ့တယ်..

ကျောင်းသားတွေ..ဘုန်းကြီးတွေ…ပြည်သူတွေ…အပြစ်မဲ့သူတွေ
ကြည့်စမ်း………………………..
သူတို့ အာဏာအတွက် သူတို့သတ်ခဲ့တဲ့အလောင်းတွေ..မျိုးဆက်တစ်ဆက်စာပုံလို့…

ဟုတ်ပါတယ်…..
ဘရင်းဂန်းလေးငါးလက် နဲ့ တိုင်းပြည်ကို ငါချောက်ထဲတွန်းချခဲ့တဲ့အတွက်
ငါလည်ပင်းကြိုးကွင်းတပ်ခံခဲ့ရတာပါ………

မလွှဲမရှောင်သာ ဆိုတဲ့ စကားတစ်ခွန်းနဲ့ တိုင်းပြည်ကိုချောက်ထဲ ဆွဲချခဲ့တဲ့ သူတွေကိုယ်စား
ငါလည်ပင်းတွေ ယားလွန်းလို့ တက်လာခဲ့တာ……။

အခုတော့ ငါပြန်မှာပါ………..
ငါထက်ယုတ်တဲ့သူတွေကို ခေါ်ပြီး ငါပြန်မှာပါ…

ဒီလိုနဲ့
ဒီလိုနဲ့
လူတွေ ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ…………
တပ်တော်ခြေဗိုလ်ပါထုအပေါင်းကို ခေါင်းဆောင်ပြီး………
ဦးစောတစ်ယောက် မဟာအ၀ိစိသို့ ပြန်လည်ထွက်ခွာ…….။

ခက်ဇော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: