ဧရာဝတီ စီးဆင်းတဲ့ တိုင်းပြည်-ငါတို့မြေ

Maung Maung Skw

 ဧရာဝတီ စီးဆင်းတဲ့ တိုင်းပြည်-ငါတို့မြေ

* မေတ္တာကိုရှေ့ထား လောပါလတရား ထွန်းကား ငြိမ်းချမ်းခဲ့တဲ့ မြေ-

*မိဘ ဘိုးဘွား ဆွေမျိုးဉာတိ အသိုင်းအ၀ိုင်း မိတ်ဆွေများနဲ့ ချစ်ခင် ပျော်ရွှင် နေခဲ့ကြတဲ့မြေ-

*အာဇာန် သံရယ် ကြေးစည်သံရယ် ဆည်းလည်းသံ ရယ် ရောယှက်လို့ သာယာခဲ့ဘူးတဲ့မြေ-

*ငါတို့ရဲ့ဇာတိ မင်းတို့ရဲ့ ချက်မြှုပ်ရာမြေ-

*အေးအတူ ပူအမျှ တန်းတူညီမျှ ဆိုပေမဲ့
သူများထက် လျော့ရလဲ ကျေနပ်ခဲ့တဲ့မြေ-

*ကိုလိုနီ သူ့ကျွန်ဘ၀ကလွတ်
ကိုယ့်အချင်းချင်း စစ်ကျွန်ဘ၀ သက်ဆင်း
တိုင်းတပါးသားထက်ညှဉ်းတဲ့
သူခိုး ဒမြ တွေ အစိုးရတဲ့မြေ-

* ငြိမ်းချမ်းလှတဲ့ သာသနာကို ‘မေတ္တာ’ ဘာမှန်းမသိသူ တွေကအပိုင်စီး- သင်္ဃန်းဝတ်ပြီး လူသတ်ခိုင်းတဲ့မြေ-

*လူသတ်တရားခံတွေကို စင်ပေါ်တင်
ခဲဖွယ်ဘောဇဉ်တွေလှူလို့ ၀ိုင်းရှိခိုးကြတဲ့မြေ-

* ‘ဘုရား-ဘုရား’ အထူးခံသူတွေက ဘုရားဟောတွေကို မျက်ကွယ်ပြု အကြမ်းဖက်မှုတွေကို ဦးဆောင်တဲ့ မြေ-

* FRC ချင်းအတူတူ ကိုယ်တွေယူလာပေးတဲ့
သူတို့သာသနာက အရင်ဦးတယ်လို့ ပြောကြတဲ့ မြေ-

*၂၀၀ လောက်နဲ့မျိုးမပြုတ်သေးလို့ အားမလိုအားမရဖြစ်
အိမ်ရှင် ဧည့်သည် စကားသစ်ထွင်လို့ လူမျိုးတုန်းသတ်ဖို့ မီးစိမ်းပြ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ အမုန်းစကားပြောတဲ့ မြေ-

*အရွယ်မရောက်သေးသူတွေပါ ရိုက်ခုတ်
မသေ သေးခင်မီးရှို့
အိုကြီးအိုမ အိပ်ယာထဲတင် သတ်
မသန်မစွမ်း အိမ်ထဲထည့် မီးရှို့
ကိုယ်ဝန်သည်ပါ ချမ်းသာမပေး
ရဲ အစောင့်အရှောက်နဲ့ အကြမ်းဖက်တဲ့ မြေ-

*အကြမ်းဖက်ခဲ့သူတွေကို ဆုချ
ခံခဲ့ရသူတွေကို ထောင်ချ တဲ့မြေ-

*အကြမ်းဖက်သမားက အသက် အိုးအိမ် သိမ်းပြီးရင်
အစိုးရက မြေလိုက်သိမ်းတဲ့ မြေ-

*ငြိမ်းချမ်းရေး စကား တခါ ပြောကြတိုင်း
စစ်ပြေးဒုက္ခသည် စခန်း တိုးပွားလာတဲ့မြေ-

*ခေါင်းဆောင်တွေ အရက်ခွက်ချင်း တိုက်လိုက်တိုင်း လက်နက်ကြီးကျည်ဆံတွေ ကျတတ်တဲ့ မြေ-

*ငြိမ်းချမ်းရေး နိုဘယ်လ်ဆုနဲ့ ကမ္ဘာအနှံ့ကပေးတဲ့ လူ့အခွင့်အရေးဆုတွေ သိမ်းကျုံးယူပြီး
နိုင်ငံရေးသမားခံယူလိုက်တဲ့သူ ရှိတဲ့ မြေ-

*မေတ္တာဝါဒီ ဗုဒ္ဓရဲ့ပုံရိပ်ကို အကြမ်းဖက်သမား မီးဒုတ်ကြီး ဆိုတဲ့ အမည်ဆိုးနဲ့ ကမ္ပည်းတင်သူရှိတဲ့ မြေ-

*သယံဇာတ ပေါကြွယ်ဝစွာနဲ့ ဖက်ခွက်စား ဖြစ်သွားတဲ့ မြေ-

အဲ့ဒါ-

ဧရာဝတီ စီးဆင်းတဲ့ တိုင်းပြည်-

ငါတို့မြေပေါ့-။—။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: