မိုးကျရွှေကိုယ်များအကြောင်း

(မိုးကျရွှေကိုယ်များအကြောင်း)
ကျနော့်ကွန်ပျူတာက ပျက်နေတာဗျ။ ဒီတော့ မျက်နှာစာအုပ်ကြီးပေါ်တက်ရတာ သိပ်အဆင်မပြေဘူး။ အယ် – မနေ့ကတော့ ကောင်းသွားတာနဲ့ ၀မ်းသာအားရသတင်းတွေ တက်ပြီးဖတ်မိမိချင်းမှာ စဖတ်မိတာကတော့ ဧရာဝတီက ကိုကျော်စွာမိုးရေးတဲ့ မိုးကျရွှေကိုယ် ဆောင်းပါးပဲဗျ။ ဖတ်ရင်း အားလည်းရမိသဗျ။ ဦးနေ၀င်းခေတ်ထဲကနေ အရပ်ဘက်အုပ်ချုပ်ရေးကို စစ်တပ်က လွှမ်းမိုးနိုင်ဖို့အတွက် တပ်ကအရာရှိတွေကို ထိုးထည့်နေတာ ခုထိပဲ မဟုတ်လား။ ဌာနကူးပြောင်းတာဝန်ထမ်းဆောင်တယ်ဆိုတာက ဥပဒေ၊ နည်းဥပဒေတွေ ရှိပေမင့် တပ်ကအရာရှိတွေက အရပ်ဘက်မှာ နေရာကြီးကြီးတွေ လာယူနေတာအတွက်ပဲ အသုံးဝင်တာမဟုတ်လား။ ဘယ်တုန်းကများ အရပ်ဘက်က အရာရှိတွေ တပ်ကိုရောက်တယ် ကြားဖူးလို့လဲ။ တပ်က သူတို့အတွက်အသုံးဝင်တဲ့ ပညာရှင်လောက်ပဲ သေသေချာချာရွေးချယ်စိစစ်ပြီးမှ တပ်ကို ခေါ်တာပါ။ ဒါပေသိ တပ်ကနေ ဘီပိုးတို့၊ သုံးမရတဲ့သူတို့ဆိုရင်တော့ အရပ်ဘက်ကို ရွှေ့ပေးလိုက်တာပဲ။ တပ်မှာ သုံးမရတဲ့သူတွေကို အရပ်ဘက်ကိုရွှေ့တော့ ဘာထူးမလဲဗျာ။ အရပ်ဘက်အုပ်ချုပ်ရေးဆိုတာကြီးမှာ အဲ့ဒီ တပ်မှာသုံးမရတဲ့လူတွေက လွှမ်းမိုးနေတော့ သုံးမရတဲ့အုပ်ချုပ်ရေးဖြစ်နေရတာပေါ့။

ဥပမာဆိုကြပါစို့ဗျာ။ ဒီမိုကရေစီခေတ်ရဲ့ အရပ်ဘက်အုပ်ချုပ်ရေးမှာ တကယ်အရေးပါတာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဖြစ်ပါတယ်။ ဒီတော့ လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးတွေကို ကြည့်ကြည့်ရအောင်ဗျာ။ လက်ရှိမှာတော့ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ ထွေအုပ်ဦးစီးမှူးတွေဟာ ဒုညွှန်ချုပ်အဆင့်တွေဖြစ်သလို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတွေရဲ့ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူထားရပါတယ်။

ထွေအုပ်မှာ အရာရှိတွေကို လေ့ကျင့်ပေးဖို့အတွက် သင်တန်းကျောင်းတစ်ခုရှိပါတယ်။ အုပ်ချုပ်မှုပညာ ဖွံ့ဖြိုးရေးသင်တန်းကျောင်းလို့ ခေါ်ပါတယ်။ လက်ရှိ ကျောင်းအုပ်ကြီးကတော့ ယခင်၊ မြ၀တီ ခယက ဥက္ကဌဘ၀နဲ့ လာဒ်စားလို့အတိုင်အတောခံရဖူးတဲ့ ဒုဗိုလ်မှူးကြီးမြင့်တင်၊ ဗသက(၅၈)၊ ဖေ့ဘုတ်အကောင့် (https://www.facebook.com/profile.php?id=100007986513535) ဖြစ်ပါတယ်။ ရုံးချုပ်မှာရှိနေတဲ့ ဌာနခွဲတွေရဲ့ ညွှန်မှူးတွေ၊ ဒုညွှန်မှူးတွေကလည်း တပ်မတော်ကနေ ပြောင်းလာတဲ့လူတွေချည်းပါပဲ။ ဥပမာတစ်ခု ပြောရမယ်ဆိုရင်တော့ ရုံးချုပ်မှ ညွှန်မှူးတစ်ယောက်ဟာ စစ်တက္ကသိုလ်အပတ်စဉ် (၃၆) ကဆင်းတဲ့ ကြည်း ၂၆၀၀၂၊ ဒုဗိုလ်မှူးကြီး လင်းကိုကို၊ ဖေ့ဘုတ်အကောင့် (https://www.facebook.com/lynn.ko.984) တို့ ဖြစ်ပါတယ်။ ထားတော့။ လက်ရှိမှာ ရန်ကုန်တိုင်းရဲ့ ထွေအုပ်ဦးစီးဌာနမှူးက အလုပ်သင်အပတ်စဉ်(၁၄)က ဆင်းတဲ့ ဒုဗိုလ်မှူးကြီး မြတ်ကျော်ကျော်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းရဲ့ထွေအုပ်ဦးစီးဌာနမှူးကတော့ ဒကစ(ကလေး)မှာ လာဒ်စားတာတွေများလို့ နေရာအရွှေ့ခံလိုက်ရတဲ့ အလုပ်သင်ဆင်း ဗိုလ်မှူးကြီးစိုးစိုးဇော် ဖြစ်ပါတယ်။ ပဲခူးတိုင်းရဲ့ထွေအုပ်ဦးစီးဌာနမှူးကတော့ ဗိုလ်သင်တန်းအပတ်စဉ်(၅၄)က ဆင်းတဲ့ ကြည်း ၁၄၇၂၇ ဗိုလ်မှူးကြီးမောင်မောင်သန်း ပါ။ ဒီလိုပဲ ရခိုင်မှာဆိုရင်လည်း အလုပ်သင်(၁၁)က ဗိုလ်မှူးကြီးမင်းချစ်ဦး၊ ကရင်ပြည်နယ်မှာဆိုရင် အလုပ်သင်(၇)က ဗိုလ်မှူးကြီးမျိုးအောင်ဌေး၊ မွန်ပြည်နယ်မှာဆိုရင် ဗသက(၅၈)က ဒုဗိုလ်မှူးကြီးဇော်လင်းထွန်း၊ ရှမ်းပြည်နယ် ဘက်မှာဆိုရင်လည်း ဗသက(၅၈)က ဗိုလ်ကြီးစိန်အုပ်တို့၊ ဗသက(၆၀)က ဗိုလ်မှူးကြီးသိန်းဦးတို့က ထွေအုပ်ဦးစီးဌာနမှူးတွေအဖြစ် တာဝန်ယူထားတာကို တွေ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ထွေအုပ်ဦးစီးဌာနမှူးတွေမှာ အရပ်သားဆိုလို့ ကယားပြည်နယ်က ဦးမောင်မောင်ဌေးတစ်ယောက်ပဲ ရှိပါမယ်။

ဟုတ်ကဲ့၊ အရပ်သားတွေမှာ မအုပ်ချုပ်နိုင်လို့ တိုင်း/ပြည်နယ်ရဲ့ ထွေအုပ်ဦးစီးဌာနတွေမှာ ဗိုလ်မှူးကြီးတွေက နေရာယူတာ ထားပါတော့။ မြန်မာပြည်က ခရိုင်အဆင့်ထွေအုပ်ဦးစီးဌာနမှူး (ဒုညွှန်မှူး) (၆၀) ကျော်ထဲမှာလည်း တပ်ကလူတွေချည်းပဲဗျ။ ဥပမာ ပြောရရင်တော့ – လက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်မှာဆိုရင် အလုပ်သင်(၂၁)က သောင်းတင်ထွေး၊ တောင်ပိုင်းခရိုင် – ကြည်း ၁၉၃၅၁၊ ဗိုလ်မှူးကျော်ဝင်းဦး၊ အလုပ်သင်(၁၂)၊ မန္တလေးခရိုင် – DSA အပတ်စဉ် (၃၆)က ကြည်း ၂၅၉၈၇၊ ဒုဗိုလ်မှူးကြီးဝင်းဇော်နိုင်၊ ပြင်ဦးလွင်ခရိုင်မှာဆိုရင် အပတ်စဉ်(၃၅)က အောင်ဇော်လတ်၊ မိတ္တီလာခရိုင်မှာ အပတ်စဉ်(၂၉)က ဗိုလ်မှူးတင့်ဝေသုန်၊ ညောင်ဦးခရိုင်မှာ အပတ်စဉ်(၃၇)က ဒုဗိုလ်မှူးကြီးရန်လင်းအောင်၊ စစ်ကိုင်းခရိုင်မှာဆိုရင် အပတ်စဉ်(၃၅)က ကျော်မင်းညို၊ မော်လိုက်ခရိုင်ဆိုရင် (၃၆)က ဗိုလ်မှူးဝင်းမင်းသိန်း၊ ပုသိမ်ခရိုင်မှာဆိုရင် အလုပ်သင်(၂၀)က ဒုဗိုလ်မှူးကြီးလှိုင်ထွန်း၊ ပဲခူးခရိုင်မှာဆိုရင် အလုပ်သင်(၂၅)က ဒုဗိုလ်မှူးကြီးရဲထွဋ် စသဖြင့်ပေါ့လေ။ ခရိုင်တွေအလိုက် ပြောနေရရင် စာတွေရှည်မယ်။ ခရိုင်အုပ်ချုပ်ရေးမှူးတွေထဲမှာ အရပ်သားဆိုတာ လက်ချိုးရေရင် လက်တစ်ဖက်မပြည့်ဘူးဗျ။

ဒါတင်ပဲလားဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို သွားကြည့်ဦး။ မြန်မာပြည်ကမြို့နယ် (၃၅၀) ကျော်မှာ အများစုက တပ်ကလူတွေချည်းပဲဗျ။ ဥပမာဗျာ – ညောင်တုန်း မြို့နယ်အုပ်ချုပ်ရေးမှူး သန့်ဇော်ဦးဆိုရင် OTS(99) ကဗျ။ ဗိုလ်ကြီးအဆင့်နဲ့ ထွေအုပ်ရောက်နေတာ။ ခု ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးရဲ့ညီ။ ဒီလိုပဲ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး မြတ်ကိုထွေးဆိုတာလည်း ဗိုလ်ကြီး၊ ကြည်း ၃၀၉၁၆၊ အလုပ်သင် အပတ်စဉ်(၂၆)က ဆင်းတာ။ သူနဲ့အပတ်စဉ်တူဆိုရင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးလုပ်နေတဲ့ ကြည်း ၃၁၀၉၀ ဗိုလ်ကြီးသန်းဇော်ဟန် ရှိမယ်။ နောက် အရာတော်ထွေအုပ် – ဗိုလ်ကြီးငြိမ်းမောင်မောင် (DSA 45)၊ ကျောက်ဖြူထွေအုပ် ဗိုလ်ကြီးညီညီလင်း (DSA 42)၊ မတူပီထွေအုပ် ဗိုလ်ကြီးကြည်သက်မောင် (DSA 45) စသဖြင့်ပေါ့လေ။ စာရင်းတွေ အကုန်ရေးနေရရင် စာရှည်သွားမယ်။ မြို့နယ်ထွေအုပ်တွေမှာ အရပ်သားဝန်ထမ်းဆိုတာ လက်ချိုးရေလို့ရပါတယ်။

ဒါက ပြည်ထဲရေးက ဦးစီးဌာနတစ်ခုဖြစ်တဲ့ ထွေအုပ်ဌာနတစ်ခုထဲမှာ တပ်ပြောင်းအရာရှိတွေ ကြီးစိုးနေတာကို ပြောတာပါ။ တခြားဝန်ကြီးဌာနတွေမှာလည်း အများအပြားရှိနေပါတယ်။ ဘောင်းဘီချွတ်တွေက ကြီးစိုးနေလို့ အရပ်သားတွေခမျာ နေရာမရရှာပါဘူး။ ဒီလို အရပ်ဘက်ဝန်ကြီးဌာတွေကို တပ်ကလူတွေ ပြောင်းပြီး အုပ်ချုပ်ခိုင်းနေတဲ့ ကိစ္စတွေက န၀တ၊ နအဖ ခေတ်တုန်းက ဖြစ်နေတာမဟုတ်ပဲ ခုထိလည်း ဖြစ်နေတုန်းပါပဲ။ ခုချိန်ထိလည်း လူတွေမသိအောင် တပ်ကအရာရှိတွေကို အရပ်ဘက်ကို ပြောင်း ရွှေ့ပေး၊ နေရာတွေ ပေးနေတုန်းပဲ ဖြစ်ပါတယ်။ ခုဆိုရင် ဒီလိုကိစ္စတွေကို လူသိမှာစိုးလို့ သူခိုးကျင့် သူခိုးကြံနဲ့ မြန်မာနိုင်ငံတော် ပြန်တမ်းထဲတောင် တရားဝင်မထည့်ရဲပဲ တိတ်တိတ်လေးခိုးလုပ်နေပါတယ်။ ကျနော်တို့ပြည်သူတွေက ဒီမိုကရေစီရေး၊ ရပိုင်ခွင့်တွေ ရရှိရေးအတွက် လူမြင်သူမြင်နဲ့ ဆန္ဒတွေပြ၊ ဖော်ထုတ်နေပေမဲ့ အစိုးရကတော့ ဖွတ်တွေ အာဏာတည်မြဲရေးအတွက် လူသိမခံရဲတဲ့ ကိစ္စတွေကို တိတ်တိတ်လေး လုပ်နေတာတွေ အများကြီးပါ။ ဒါက အဲဒါတွေကထဲက အနည်းအကျဉ်းကိစ္စလေးတစ်ခုသာဖြစ်ပါတယ်။ ဟုတ်ကဲ့ ဒီတော့ဗျာ – ကျနော်တော့ ကိုကျော်စွာမိုး ဆောင်းပါးထဲက နောက်ဆုံးစာသားလေးနဲ့ပဲ အဆုံးသတ်ချင်ပါတယ်။

“ဒီမိုးကျရွှေကိုယ် စနစ်ရှိနေသမျှ ကာလပတ်လုံးတော့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ ရှာဖွေနေတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီကို ရရှိဖို့ ဦးဆောင်ပေးမယ့် ခေါင်းဆောင်တွေကို တွေ့မြင်ခွင့်ရဦးမှာ မဟုတ်ဘူး ဆိုတာကတော့ အသေအချာပါပဲ။”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: