Four Types of Myanmar Sangas သံဃာတော်တွေမှာ လေးမျိုးလေးစားလောက်ပင် ရှိကြောင်း

Now a days there are four types of Monks in Myanmar:
(1) Good religious monks who don’t care about any worldly matters.
(2) Good religious monks who wish to resist and eliminate bad terrorist monks.
(3) Megalomeniac  shameless Monks who wish to be famous and rich only and never care about the notorious-ness  in the world that they create because of their selfish deeds
(4) Those Military IMPLANTED fake monk-moles who are purposely destroying the country.

လတ်တလောအနေအထားအရ သံဃာတော်တွေမှာ နှစ်မျိုးနှစ်စားသာမက သုံးမျိုးသုံးစား လေးမျိုးလေးစားလောက်ပင် ရှိကြောင်း တွေ့နေရပါပြီ။

(က) သာသနာနှင့်ဆိုင်သော ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓအလုပ်များကို တတ်နိုင်သမျှ လုပ်ဆောင်ပြီး သံသရာမှလွတ်ကြောင်း အကျင့်များကိုသာ ကျင့်ကြံကြမယ်။ မဆိုင်တဲ့အလုပ်များကို မလုပ်ပါဘူး-ဆိုတဲ့ သံဃာတော်များ။

(ခ)ပရိယတ္တိ, ပဋိပတ္တိကိုသာမက ကမ္ဘာကြည့်ကြည့်မျှော်၍ ထိုပရိယတ်, ပဋိပတ်တို့ကို ကမ္ဘာအနှံ့ပြန့်စေရန်, ဓမ္မဝါဒများ ထွန်းကား၍ အဓမ္မဝါဒများ ပျောက်ကွယ်သွားစေရန်, ကမ္ဘာကို အိုးမည်းသုတ်နေသော အဓမ္မဝါဒပိုင်ရှင်များကို ဆန့်ကျင်တော်လှန်၍ ဓမ္မဝါဒီများကို ငြိမ်းချမ်းလုံခြုံစေအံ့-ဟူသော သံဃာတော်များ။

(ဂ)ကမ္ဘာကြီးအတွက် ကောင်းရာကောင်းကြောင်း လုပ်နေသည်ဟု ကိုယ့်ကိုကိုယ် ယုံကြည်နေသော်လည်း လူတကာကလည်း အထင်ကြီးအမြင်ကြီးဖြင့် ချီးကျူးစေလိုပြီး ကဲ့ရဲ့သံကို ဆိတ်စာကလေးမျှ မနာခံလိုသော, အဘယ့်ကြောင့်ကဲ့ရဲ့ကြသည်ကိုလည်း မစူးစမ်းလိုသော, မိမိစကားနှင့်လုပ်ရပ်ကြောင့် ကမ္ဘာ၌ မည်သို့သိက္ခာကျသည်ကို စိတ်မဝင်စား, နားမလည်ရလောက်အောင် သြတ္တပ္ပတရားမဲ့သော သံဃာတော်များ။

(ဃ)ရည်ရွယ်ချက်ရှိရှိဖြင့် တိုင်းပြည်ကို ဖျက်လိုဖျက်စီးပြုလုပ်နေသော သံဃာတော်များ။(သင်္ကန်းဝတ်များ)

အဖွဲ့အချင်းချင်းသည် မည်သို့မျှ စကားတင်းမဆိုနိုင်လောက်အောင် (က+ခ)မှတပါး ဝိဝါဒကွဲရကား များစွာစိတ်ပင်ပန်းလှသည်။ “နွားသည် ခြေလေးချောင်းရှိ၏။ ခြေလေးချောင်းတိုင်း မြက်မစား”
“ခြေနှစ်ချောင်းရှိသူတိုင်း လူယုတ်မာမဟုတ်၊ ကိုယ့်သီချင်းကိုယ် သီဆိုနေသော ကရဝိက်ငှက်များလဲ ရှိသေးသည်”ဟူသော ယုတ္တိဗေဒနည်းအရ သင်္ကန်းမြင်လျှင် သံသယဝင်တတ်သော အနေအထားကို မွေးဖွါးသန့်စင်ပေးပြီးဖြစ်သည်။

မည်သို့သော သံဃာအမျိုးအစားမဆို သံသယဒဏ်ကို ခေါင်းငုံ့၍ သည်းခံရန်သာရှိတော့သည်။ သမိုင်းမှာ အမည်းစက်ဖြစ်ရုံမျှနှင့် တော်ကြပါစေတော့။ အမည်းကွက်သော်လည်းကောင်း၊ မည်းနယ်အဝတ်ကြီးများသော်လည်းကောင်း မဖြစ်ကြပါစေနဲ့တော့ ဟုသာ ဆုတောင်းရအံ့တော့သတည်း။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: