ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်  ကွယ်လွန်ခဲ့တာ နှစ်ပေါင်း (၄၀) ပြည့်

Soe Lwin Oo

Credit – 7 Day Daily

ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့ အလယ်မှာ တင့်တင့်တယ်တယ် ခံ့ခံ့ညားညား တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသားဦးသန့်  ကွယ်လွန်ခဲ့တာ နှစ်ပေါင်း (၄၀) ပြည့်ခဲ့ပါပြီ။ ဦးသန့် ကွယ်လွန်ပြီးနောက်ပိုင်း
ဦးသန့် ရဲ့ ရုပ်ကလာပ်ကို အမေရိကန်နိုင်ငံ နယူယောက်မြို့ ကနေ ပြန်လည်သယ်ဆောင်ရာမှာ ရန်ကုန်မြို့ ကို ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ ရောက်ရှိလာပါတယ်။

ဦးနေဝင်းအစိုးရက ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကနေ မြင်းပြိုင်ကွင်းဟောင်း(ကျိုက္ကဆံကွင်း) မှာ ရုပ်ကလာပ်ထားရှိပြီး ကြံတောသုသာန်မှာ ဒီဇင်ဘာ ၅ ရက် နေ့ လယ် ၁ နာရီမှာ သဂြိုလ်ဖို့ စီစဉ်ပါတယ်။ ဦးသန့် လို ပုဂ္ဂိုလ်တစ်ဦးကို သာမန်လူလို သဂြိုလ်မယ့်ဒီအစီအစဉ်ကို မကျေနပ်တဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ဒီဇင်ဘာ ၅ ရက် နံနက်မှာ ရန်ကုန်တက္ကသိုလ်ဘွဲ့ နှင်းသဘင်ခန်းမရှေ့ မှာ စုဝေးပြီး လွမ်းသူ့ ပန်းခွေတွေကိုင်ဆောင်ကာ ကျိုက္ကဆံကွင်းဆီ ချီတက်ကြပါတယ်။ ဦးသန့် ရဲ့ ရုပ်ကလာပ်ကို သဂြိုလ်ဖို့ ကြံတောသုသာန်ဆီ သယ်ဖို့ အလုပ်မှာ ကျောင်းသားထုက ရဟန်းရှင်လူပြည်သူအပေါင်းနဲ့ တိုင်ပင်ပြီး ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်ဆီ ဂျစ်ကားနဲ့ သယ်ဆောင်ကာ
ဘွဲ့ နှင်းသဘင်ခန်းမရှေ့ စင်မြင့်မှာ တင်ဆောင်ထားပါတယ်။

အဲဒီကနေစပြီး အာဏာပိုင်တွေနဲ့ အချင်းများကာ နာမည်ကျော်ဦးသန့် အရေးအခင်းဆိုတာ ပေါ်ပေါက်လာတာပါ။ ဒီဇင်ဘာ ၁၁၊ ၁၂ ရက်တွေမှာ စစ်အစိုးရဟာ ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့ပါတယ်။

ဦးသန့် အရေးအခင်း နှစ်(၄၀) ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ 
ဦးသန့် ရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းလေး တင်ပေးလိုက်ပါတယ်။

ဦးသန့် ကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ နယ်တွင် မြေပိုင်ရှင်၊ ဆန်စက်ပိုင်ရှင် ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့ က ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်၌ မွေးဖွားခဲ့သည်။

မွေးချင်း လေးဦးရှိသည်။

အသက် (၅) နှစ်အရွယ်တွင် ပန်းတနော်မြို့  ဆရာကြီး ဦးဘဟန် မြန်မာကျောင်း၌ ပညာစတင်သင်ယူခဲ့သည်။

၁၉၂၆ ခုနှစ်တွင် ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်းမှ ၁၀ တန်း အောင်မြင်ခဲ့သည်။

၁၉၂၈ ခုနှစ်တွင် ဥပစာတန်းပြီးချိန် ကျောင်းထွက်လိုက်ပြီး ပန်းတနော် အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ်ဆောင်ရွက်သည်။ အသက် ၂၂ အရွယ်တွင် ပန်းတနော်အမျိုးသားကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇တွင် ဖဆပလအဖွဲ့ ချုပ် ပြန်ကြားရေးအရာရှိ

၁၉၄၈တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်

၁၉၄၉တွင် ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်

၁၉၅၄တွင် ဝန်ကြီးချုပ် ဦးနု၏ အတွင်းဝန်အဖြစ် တာဝန် အသီးသီးထမ်းဆောင်ခဲ့သည်။

၁၉၅၇ မှ ၁၉၆၁ ခုနှစ်ထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆောင်ရွက်သည်။

၁၉၆၁ နိုဝင်ဘာ ၃ရက်တွင် ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုးနေရာ၌ လုံခြုံရေးကောင်စီထောက်ခံချက်ဖြင့် ခန့်အပ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ကုလသမဂ္ဂအထွေထွေအစည်းအဝေးကြီးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အများသဘောတူခန့်အပ်သည်။

၁၉၇၁ ဒီဇင်ဘာ ၃၁ ရက်တွင် ရာထူးမှ အနားယူသည်။

၁၉၇၄ နိုဝင်ဘာ ၂၅ ရက်တွင် နယူးယောက်မြို့  မက်ဟန်တန်ဆေးရုံ၌ ကွယ်လွန်သည်။

ကွယ်လွန်ချိန်တွင် အသက်(၆၅)နှစ်ရှိပြီဖြစ်သည်။

Credit – 7 Day Daily

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: