Nay Myo Wai’s Islamophobic Hate-mongering exhibitions became the record of the Buddhist EXTREMIST TERRORISTS

Ironically this Nay Myo Wai’s Islamophobic Hate-mongering exhibitions became the record of the Buddhist EXTREMIST TERRORISTS.

Thein Sein, Min Aung Hlaing and Lt General Ko Ko including the whole Myanmar Gov must be held responsible for this DRUNKARD RACIST Nay Myo Wai’s Anti-Islam propaganda and Islamophobic Hate Speeches.

Wait for the ICC’s indictment and Interpol’s warrant of arrest.

အစ္စလာမ်ဘာသာဝင်တွေဘက်က ဘာတွေပြင်ဆင်ထား သင့်ပြီလဲ-

နေမျိုးဝေလိုလူကို အာဏာပိုင်တွေ မွေးထားတာ သိပ်ထင်ရှားလွန်းပါတယ်။

ကမ္ဘာမှာ ဘယ်နေရာမှာမှ၊ ဘယ်အစိုးရမှ၊ ဘယ်အာဏာပိုင်ကမှ ဒီလို အမုန်းတရားဖြန့်ချီခွင့်ကို တရားဝင်ခွင့်မပြုပါဘူး။

တရားဝင် ပါတီထောင် ဥက္ကဋ္ဌလုပ်နေသူတစ်ဦးဟာ လူသားအချင်းချင်း၊ ဘာသာတရားအချင်းချင်း အမုန်းစကားပြောခွင့်ကို ဥပဒေက ခွင့်မပြုသလို ဥက္ကဋ္ဌတစ်ယောက်အနေနဲ့လည်း လုံလောက်တဲ့ အရှက်သိက္ခာရှိရှိ ပြုမူနေထိုင်သင့်ပါတယ်။ မလိုအပ်တဲ့ အမုန်းတရားတွေကို ပါတီတစ်ခုက ပြောကြားလာပြီဆိုရင် တားကို တားရမှာက အစိုးရအာဏာပိုင်တွေရဲ့ တာဝန်ဖြစ်သွားပါပြီ။ ဒီလို အမုန်းတရား ဖြန့်ဝေနေမှန်းသိပါလျှက် ခွင့်ပြုပေးနေတဲ့ အာဏာပိုင်တွေ ဘာဖြစ်စေချင်နေသလဲ …. ဖြေပေးကြပါ။ မြန်မာပြည်သူပြည်သားအားလုံး တစ်ဦးကို တစ်ဦး မခေါ်မပြောနိုင်ဖြစ်ပြီး ရန်မီးပွားနေစေချင်ပါသလား။

ဒီလို ကမ္ဘာ့လူသား သန်းပေါင်း ၂၀၀၀ လောက် ကိုးကွယ်နေတဲ့ ဘာသာကြီးတစ်ခုကို၊ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ ကိုးကွယ်ရာဘာသာကြီးတစ်ခုကို လွတ်လပ်စွာ အမုန်းမှိုင်းတိုက်ခွင့် (ဘယ်သူပေးနေသလဲ) ဆိုတာ အစိုးရ သိကို သိပါတယ်။ အစိုးရမသိဘူး ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ဒီလို ဘာမှ မဟုတ်တဲ့လူတစ်စုက ပြည်သူအချင်းချင်းကြားမှာ အမုန်း မပွား ပွားလာအောင် မြန်မာပြည်က မွတ်ဆလင်တွေနဲ့ ဘယ်လိုမှ မပတ်သက်တဲ့ အကြောင်းအရာတွေကို ဗီနိုင်းထုတ် ဘာမှ မသိနားမလည်တဲ့ မူလတန်းအရွယ် အဖြူထည်ကလေးတွေကို ပြသကာ ဓာတ်ဆီလောင်း ရန်တိုက်ပေးနေတာကို အစိုးရက ဘာကြောင့် မတားဆီးပါသလဲ။ ဘာကြောင့် ဒါတွေကို မသိချင်ယောင်ဆောင်နေရပါသလဲ။ အစိုးရအာဏာပိုင်တွေ ခွင့်မပြုဘဲ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ ကိစ္စရှိပါသလား။

လူကြီးချင်းမုန်းတီးစေရုံသာမက မူလတန်းအရွယ်ကလေးတွေကြားထဲမှာ အမုန်းတရားပြန့်ပွားစေတာဟာ အင်မတန် အောက်တန်းကျ စက်ဆုတ်ရွံရှာစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မူလတန်းအရွယ်ကလေးတွေကို ကျောင်းတွေကနေ တကူးတကလာကြည့်စေတယ်။ ဒီလို လုပ်ရပ်ဟာ ခွင့်ပြုချက်မရှိဘဲ လုပ်လို့ မရပါဘူး။
မြန်မာပြည်မှာ ကိုယ့်ထမင်းကို ရှာဖွေမစားရဘဲ မွတ်ဆလင်ဆန့်ကျင်ရေးလုပ်နိုင်တာ၊ အမုန်းတရားဖြန့်ချီဖို့ ခရီးစရိတ်အကုန်အကျခံသွားလာနိုင်တာ၊ ဗီဒီယိုခွေတွေ ထုတ်ဝေနိုင်တာ၊ ဗီနိုင်းတွေ အထပ်ထပ် ထုတ်ဝေနိုင်တာ၊ ၉၆၉ အမည်ခံ၊ မဘသအမည်ခံ၊ အမျိုးသားရေးအမည်ခံတဲ့ နေမျိုးဝေလိုလူတွေ၊ ဦးဝီရသူလို ဘုန်းကြီးတွေနဲ့ သူတို့ရဲ့ လက်ဝေခံတွေပဲ ရှိပါလိမ့်မယ်။

သူတို့ကို ဘယ်သူ ထောက်ပံ့နေပါသလဲ။ ဘာအလုပ်မှ မရှိရင် ထမင်းငတ်နိုင်တဲ့ ဒီနိုင်ငံမှာ ဒီလူတွေ ဘာကြောင့် အလုပ်အကိုင်မရှိဘဲ ထောက်ပံ့မှု အပြည့်အ၀နဲ့ အမုန်းတရားတွေကို လွတ်လွတ်လပ်လပ်ဖြန့်ချီခွင့် ရှိနေရပါသလဲ။

အစိုးရခွင့်မပြုဘဲ ဒီလို အမုန်းတရားဖြန့်ချီခွင့်ကို ဘယ်သူမှ မလုပ်နိုင်ပါဘူး။

ဖြေပေးပါ။

((ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီပြင်း ပညာသင်ကာ အေးငြိမ်းစွာနေထိုင်နေကြတဲ့ နိုင်ငံသား၊ တိုင်းရင်းသား မွတ်ဆလင်တွေကို မမုန်းမုန်းအောင် လုပ်နေကြတာကို အစိုးရအာဏာပိုင်တွေ ကိုယ်တိုင် ဘာကြောင့် ဒီလိုလုပ်ရပ်တွေကို တမင်သက်သက် ခွင့်ပြုနေရပါသလဲ၊ မတားဆီးရပါသလဲ…))

ဗုဒ္ဓဘာသာဝင်မိတ်ဆွေတွေနဲ့ ဘာသာတရားပေါင်းစုံက လူကြီးတွေ ကိုယ်တိုင် အစိုးရကို တင်ပြတောင်းဆိုကာ အမုန်းတရားဖြန့်ချီနေတာကို ရပ်တန့် အောင် တားမြစ်တောင်းဆိုပေးကြပါ။ လူကြီးတွေကိုယ်တိုင် ဒီလို ပြည်ဖျက်လုပ်ငန်းတွေကို လက်တွဲဆန့်ကျင်ပေးကြပါ။ အခုလုပ်နေတာ အားလုံးဟာ ပြည်သူအချင်းချင်း ညီညွတ်နေတဲ့ အားတွေကို သပ်လျှိုသွေးခွဲ ရိုက်ချိုးနေတာလို့ပဲ ပြောချင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: