နိင်ငံရေးသမား တွေဟာလည်း လူမျိုးဘာသာမရွေးအတွက် အကျိုးဆောင်

မွတ်စလင်မ်တွေဟာလည်း နိင်ငံရဲ့အစိတ်အပိုင်းပါပဲလို့ ဆိုတဲ့ ကိုနေဘုန်းလတ်

ကိုဇေ
ဒီဇင်ဘာ ၆၊ ၂၀၁၄
Myanmar Muslim Media

လူမျိုးဘာသာမခွဲခြားပဲ နိင်ငံအတွင်းမှာနေထိုင်သူ သက်ရှိသက်မဲ့တွေရဲ့အရေးကိစ္စတွေကို ထည့်သွင်းစဉ်းတတ်သူသာ နိင်ငံကိုတကယ်ချစ်တဲ့ တကယ့်နိင်ငံရေးသမား လို့ ပန်းစကားလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ ကိုနေဘုန်းလတ်က ငြိမ်းချမ်းစွာအတူတကွ ယဉ်တွဲနေထိုင်ရေး စကားဝိုင်းမှာ ပြောကြားလိုက်ပါတယ်။

“မြန်မာနိင်ငံတော်ထဲမှာ ဗမာတွေပဲနေတာမဟုတ်ဘူး။ဗုဒ္ဓဘာသာတွေပဲနေတာမဟုတ်ဘူး။ဗမာတွေကိုပဲချစ်တယ်ဆိုရင်အဲဒါ နိင်ငံတော်ကိုချစ်တာမဟုတ်ဘူး။ဗုဒ္ဓဘာသာအချင်းချင်းပဲချစ်တယ် ဆိုရင်အဲဒါနိင်ငံတော်ကိုချစ်တာမဟုတ်ဘူး”လို့ ကိုနေဘုန်းလတ်ကပြောပါတယ်။

နိင်ငံကိုချစ်တယ်ဆိုတာ နိင်ငံထဲမှာနေတဲ့ လက်ရှိနိင်ငံသားတွေ လူမျိုးဘာသာမရွှေးကို ကိုချစ်တတ်တာကသာ တကယ့်နိင်ငံသားစိတ်ဓာတ်လို့လည်းသူက မှတ်ချက်ပြုပါတယ်။

စစ်အာဏာရှင်လက်ထက်မှာ ဘလော့ရေးသားမှုတစ်ရပ်ကြောင့် နိင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရဖူးသူ ကိုနေဘုန်းလတ်က စစ်သားကိုမုန်းတယ်လို့ သူဘယ်တော့မှမပြောဘူးလို့လည်းပြောပါတယ်။

“စစ်သားတွေဟာလည်း Part of the Nation (နိင်ငံရဲ့ အစိတ်အပိုင်း)ပဲ၊Part of the Citizen (နိင်ငံသားတွေ)ပဲ၊အဲဒီလိုပဲ အစ္စလာမ်တွေလည်း သူ့ဟာသူ ဘာဘာသာ ကိုးကွယ်ကိုးကွယ်
Part of the Nation (နိင်ငံရဲ့ အစိတ်အပိုင်း)ပဲ။ဒီတိုင်းပြည်ရဲ့ Citizen တွေပဲ။ဒီလိုနားလည်ရမယ်။ဒါက အနိမ့်ဆုံးအဆင့် …တခြားနိင်ငံတွေမှာ လူလူချင်းခွဲခြားဖို့မပြောနဲ့ တိရိစ္ဆာန်တွေကိုတောင်အလေးပေးတာတွေရှိလာတယ်”လို့ ပန်းစကားလှုပ်ရှားမှုဦးဆောင်သူ ကိုနေဘုန်းလတ်ကအထက်ပါအခမ်းအနားမှာပြောပါတယ်။

ဒါ့အပြင်နိင်ငံရေးသမား တွေဟာလည်း လူမျိုးဘာသာမရွေးအတွက် အကျိုးဆောင်ရမယ့်အပြင် နိင်ငံရဲ့ ရေ မြေ တောတောင် သဘာဝတွေအတွက်ပါ ထည့်သွင်းစဉ်းစားတတ်သူတွေဖြစ်ဖို့လိုတယ်လို့လည်း ကိုနေဘုန်းလတ်ကဆိုပါတယ်။

“နိင်ငံရေးသမားတွေပိုပြီးတော့အရေးကြီးတယ်။နိင်ငံရဲ့အရေးကိစ္စကိုလုပ်တဲ့အခါမှာ နိင်ငံအတွင်းမှာရှိတဲ့လူတစ်စုရဲ့အရေးကိစ္စကိုလုပ်တာ နိင်ငံရေးသမားမဟုတ်ဘူး။နိင်ငံတစ်နိင်ငံထဲမှာရှိတဲ့ လူမျိုးတစ်ခုတည်းအတွက်လုပ်တာ နိင်ငံရေးသမားမဟုတ်ဘူး။နိင်ငံတော်အဆင့် ပြည်ထောင်စုအဆင့်မှာ နိင်ငံရေးသမားလုပ်ပြီဆိုရင် ဒီနိင်ငံမှာရှိတဲ့လူတွေအကုန်လုံး ၊ တိရိစ္ဆာန်တွေအကုန်လုံး၊ရေမြေတောတောင်သဘာဝ အကုန်လုံးကိုစဉ်းစားတတ်ရမယ်။အဲဒါမှ တကယ့်အမျိုးသားခေါင်းဆောင်၊တကယ့် နိင်ငံရေး။အဲသလိုမျိုးနိင်ငံရေးသမားတွေ ကျွန်တော်တို့အများကြီးလိုအပ်တယ်။”

အထက်ပါစကားဝိုင်းကို FED နဲ့ MMSY တို့က စီစဉ်ကျင်းပပေးတာဖြစ်ပြီး မခင်လေး(Triangle Women) က အမျိုးသမီးများအကြမ်းဖက်မှုနှင့် မြန်မာနိင်ငံ အခြေအနေ ၊ ဦးအောင်မျိုးမင်း(Equality Myanmar) က အကြမ်းဖက်မှုများကြောင့် အမျိုးသမီးများ ဆုံးရှုံးသွားရသော လူ့အခွင့်အရေး ၊ကိုနေဘုန်းလတ်(ပန်းစကား)က အမုန်းစကားများကြောင့် ဖြစ်ပေါ်ရသော အကြမ်းဖက်မှုများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ခေါင်းစဉ်တွေကို ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: