ဗမာပြည်နဲ့ နှိုင်းယှဉ်ကြည့်ဖို့။ မျက်ကန်းမျိုးချစ်ရဲ့ စံပြ ကမ္ဘာမှာ စံနမူနာထားစရာက နာဇီဟစ်တလာပါ။

Dr. David LawExcellent and courageous debater who compares Hitler’s Germans and today’s Burmans and all their common features: nazionalism, Master racism, discrimination, and more.

နှစ် ၈၀ အရင်က နာဇီ ဥပဒေတွေ မြန်မာပြည်မှာရှိနေပြီလား၊ ဒါဆို မနက်ဖန် ဘာဖြစ်မလဲ
=============================================
ဒီဗွီဘီ စကားစစ်ထိုးပွဲ( DVB Debate) အစီအစဉ်၊
ဒီဇင်ဘာလ ၇ ရက်၊ ၂၀၁၄။

” မျက်ကန်းမျိုးချစ်ရဲ့ စံပြ ကမ္ဘာမှာ စံနမူနာထားစရာက နာဇီဟစ်တလာပါ။ နာဇီ ဆိုတာကိုက ပါတီ ရဲ့နာမည်၊ အမျိုးသား ဆိုရှယ်လစ်ဝါဒ။ အမျိုးသားရေးဆိုတာ ပါလာပြီ။ နော် .. သူဘာ တွေလုပ်ခဲ့သလဲဆိုတော့၊ ဒါ ဗမာပြည်နဲ့ နှိုင်းယှဉ်ကြည့်ဖို့။

၁၉၃၃ ခုနှစ်မှာ ဂျာမနီမှာ ဟစ်တလာ အာဏာရလာပါတယ်။ ၀ိုင်မာသမ္မတနိုင်ငံ ဆိုတာကို ထူ ထောင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ စပြီး ကန့်ကွက်ခဲ့တာက ဘာလဲဆိုတော့၊ ဂျာမန်တွေဟာ တ ခြားလူမျိုးနဲ့ လက်မထပ်ရဘူး။ ရိုင်းသွားရင် ခွင့်လွှတ်ပါ။ လိင်ဆက်ဆံခွင့်မပြုဘူး။

ဗမာပြည်မှာ ဒါမျိုးရှိနေပါသလား။

ဂျာမန်မဟုတ်တဲ့လူတွေကို နိုင်ငံသားစိစစ်ရေးကဒ်ပြား လွယ်လွယ်ထုတ်မပေးဘဲနဲ့၊ နိုင်ငံသားအ ခွင့်အရေးကို ရုပ်သိမ်းတယ်။ အဲ့ဒါမျိုး ဗမာပြည်မှာ ပေါ်ပေါက်နေပါပြီလား။

နောက် … ဂျူးတွေရဲ့ ဆိုင်ကို ဈေးမ၀ယ်ရဘူးလို့ ပိတ်ပင်တယ်။ ဒါမျိုး ဗမာပြည်မှာ ရှိနေပါပြီ လား။ အဲတော့ကာ.. ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှာ ဂျာမန်မဟုတ်တဲ့ ဂျူးတွေ မပတ် သက်ရ ဘူး။ အဲ့ဒီလို သင်္ကေတတွေနဲ့ ပြည့်စုံနေပြီ ဆိုရင်တော့ ကျွန်တော်တို့သာ လွှတ်ထား ရင် Holocaust (ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီသိမ်းပိုက်ခံနယ်မြေများအတွင် ဂျူးလူမျိုးများ ကပ်ဘေး ဆိုက်ခဲ့ရခြင်း) ဆိုတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးခြောက်သန်း အသတ်ခံ သေကြ ရသလို ကျွန်တော်တို့တွေလည်း သေကြရပါလိမ့်မယ်ခင်ဗျာ။ အဲ့ဒါဟာ ဒီကနေ့သွားနေတဲ့ အ မျိုးသား ရေးဆိုတာရဲ့ အဖြေပါဘဲ။ ”

ဦးတင်အေးကြူ
(သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်)

(ဒီမိုကရက်တစ် မြန်မာ့အသံ၏ DVB Debate (ဒီဗွီဘီ စကားစစ်ထိုးပွဲ အစီင်္အစဉ်) မှ၊၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ကပြုလုပ်ခဲ့သည့် “အမျိုးသားရေး နဲ့ မျက်မှောက်နိုင်ငံရေး အကြောင်း ” စကားပြောအစီအစဉ်မှ ထုတ်လွှင့်သွားခဲ့သည့် တတိယပိုင်းအစီအစဉ် (Part C) မှ ကောက်နုတ် ချက် များဖြစ်ပါသည်။ ဦးမျိုးသာထက်က တာဝန်ခံ စီစဉ်သွားခဲ့ခြင်းဖြစ်ပါသည်။ )

မြန်မာနိုင်ငံတွင် ယနေ့သွားနေသည့် ဗမာ (သို့မဟုတ်) ရခိုင်တို့၏ ဗုဒ္ဓဘာသာအမျိုးသားရေးဝါ ဒဆိုသည်၏ လားရာ သည် မည်မျှထိ ဆိုးရွားသည့် ပန်းတိုင်သို့ ဆိုက်ရောက်သွားနိုင်ကြောင်းကို လူကြီးမင်းများသာ နားသောတဆင် ရှုစားပြီး ဝေဖန်သုံးသပ်ကြစေလိုပါသည်။

(ရောဘတ်အယ်လ်ဟို့စ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: