ဦးနှောက်ဆွဲထုတ်ခံလိုက်ရသော ငပိန်းဖွတ်လော်ဘီတွေအတွက်

( Pa Yit)

(အကို သံလွင်ရရစ် ရဲ့ အကောင်းဆုံး ပို့စ်တစ်ခုကို
ပြန်လည် Modified လုပ်ပြီးခံစားပါတယ် )

ဦးနှောက်ဆွဲထုတ်ခံလိုက်ရသော ငပိန်းများအတွက်

==========================

ဖွတ်လော်ဘီတွေရူးချက်များ ကမ်းကုန်တယ်..

သူတို့ဘာသာ ခရိုင်အဆင့်ကိုစာတင်ပြီး..
သူရဲကောင်းစစ်သည် ဗိမာန်မှာ လုပ်တဲ့
အလေးပြုပွဲလေးကို ဒေါ်စုကိုဖိတ်တယ်..
ဖိတ်တယ်ဆိုတာလဲ လေးလေးစားစားနဲ့
ဖိတ်တာမဟုတ်ဘူး..
ခနဲ့ သလိုလို ကလိသလိုလိုနဲ့ပေါ့…၊

ဖွတ်လော်ဘီလေးတွေကို ပြောချင်တာက…
အဲဒီသူရဲကောင်းစစ်သည်ဗိမာန်ဆိုတာ..
တကယ်ရှိသင့်ပေမဲ့…
ပေါ်ပေါက်လာတဲ့ အဓိကအကြောင်းအရင်းက
ဖွတ်တွေကို အထိမ်းအမှတ်လုပ်ပေးချင်လို့ထက်..
အာဇာနည်ဗိမာန်ရဲ့သမိုင်းဖျောက်ချင်လို့..
ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းဖျောက်ချင်လို့..၊
ဦးစောမောင်နဲ့ဦးသန်းရွှေက အာရုံပြောင်းတဲ့အနေနဲ့..
အရေးပေါ်ဖန်တီးခဲ့တယ်ဆိုတာပါပဲ..၊

မင်းတို့ဖွတ်ကလေးတွေမသိသေးတာက..၊
အဲဒီသူရဲကောင်းစစ်သည်ဗိမာန်ကို
ဒေါ်စုလာတာမလာတာအပထား..

ကာချုပ်တွေဖြစ်ခဲ့ကြတဲ့
ဦးစောမောင် ၊ ဦးသန်းရွှေနဲ့ …၊
ဦးမင်းအောင်လှိုင်တို့တောင်
ရောက်ဖူးခဲ့ကြရဲ့လားဆိုတာ…
မင်းတို့ပြန်လေ့လာကြည့်ကြပေါ့ကွာ..

သူတို့ဟာ…အာဇာနည်နေ့မှာ
အာဇာနည်ဗိမာန်ကိုထည့်မပြောနဲ့အုံး..
သူရဲကောင်းစစ်သည်ဗိမာန်ကိုတောင်
လူစုံတက်စုံမရောက်ဖူးခဲ့ကြဘူးဆိုတာ…
မင်းတို့သိရဲ့လားလို့…မေးချင်တယ်..၊
မင်းတို့ရှက်တတ်ရင် လဲသေသင့်တယ်ကွာ..၊

————————

(၁)

စိတ်ရောဂါရနေတဲ့ မင်းတို့ ဖွတ်လော်ဘီပေါက်လေးတွေ..
ပေါက်တတ်ကရတွေကို သနားတောင် သနားလာပီ..

အွန်းလိုင်းပေါ်က”စစ်လော်ဘီ”တွေလောက်
ဒူတဲ့ကောင်တစ်ခါမှမတွေ့ဖူးဘူး..
တကယ်သောက်ပေါသက်သက်တွေပဲကွာ ..

“ဘူမသိ ကိုးမသိ”ဘာတွေပြောနေမှန်းမသိဘူး ..

ငါကလဲသနားတယ် ရီလဲရီမိတယ်..

ဘာလို့သနားလည်းဆိုတော့..
နိုင်ငံရေးနားမလည် သမိုင်းကြောင်းနားမလည်
အထက်ကပုံသွင်းထားတဲ့အတိုင်းအဟုတ်မှတ်ပီး
ကိုယ်ပိုင်စဉ်းစားဆင်ခြင်တုံတရားမရှိလို့ပေါ့

ရီချင်တာကတော့..

– ခြေပြတ်လက်ပြတ်တောင်းစားပီး
သတောင်းစားဘဝရောက်နေတဲ့ စစ်သားဟောင်းတွေ
– ကိုယ့်သားသမီးကို ကျောင်းတောင်မထားနိုင်တဲ့
ကြွေးပတ်လည်ဝိုင်းပီး ..
ရတဲ့ရိက္ခာလေးရောင်းစားနေရတဲ့စစ်သားတွေ ..
-တောထဲတောင်ထဲမှာ ငတ်ပြတ်ပီးတိုက်နေရတဲ့ စစ်သားတွေ ..

သူတို့တွေဘဝကို လက်ညှိုးထိုးပြပြီး..

မစာနာရကောင်းလား…ဆိုပီး
မဆိုင်တဲ့လူကို ကြိတ်မနိုင်ခဲမရဖြစ်နေတာလေးကို
သဘောကျလို့ရီချင်တာပါ..

မဆီမဆိုင်ကွယ်….

———————

(၂)

ကဲ မင်းတို့မှာခေါင်းရှိတယ်ဟုတ် ..စဉ်းစားကြည့်စမ်း..

မင်းတို့ပြောနေကျ ..
” ငပိစားတိုက်လာတဲ့တပ်မတော်ကွ” တဲ့
ဂုဏ်တောင်ယူလိုက်သေး..

လဖွတ်ပဲ.. ကြားလို့တောင်မကောင်းဘူး ..။

အဲဒီငပိစားတိုက်ရအောင်…
– “မင်းအမေလင်” ကလုပ်တာလဲမဟုတ်
– မင်းတို့ချစ်ပါတယ်ဆိုတဲ့ တပ်မတော်ကြီးကို
အမျိုးစုံဝေဖန်နေတဲ့ ဖေ့ဘုတ်ပေါ်ကလူတွေက
လုပ်ထားတာလဲမဟုတ်..
– မင်းတို့တွေ မုန်းပြနေတဲ့ ဒေါ်စုကလဲ လုပ်တာလဲမဟုတ်.၊

ဘယ်လူတွေလုပ်ထားတယ်ဆိုတာမသိရလောက်အောင်တော့
မင်းတို့ဦးနှောက်တွေ မချောင်သေးဘူး လို့ငါထင်တယ်..

အဓိကလုပ်နေတဲ့ဘယ်သူလဲ? …ဆိုတာကြည့်ပါ..

အဲဒီလိုတွေ…မင်းတို့ဒုက္ခခံစားရတာကို..

ငါတို့တွေကအကုန်နားလည်ပီးသားကွ
မအေပေးလေးတွေရဲ့..

————————

(၃)

ငါတို့ပြောနေတာတွေဟာ ..

“တပ်မတော်ကိုချစ်လို့ပြောနေတာလား
မုန်းလို့ပြောနေတာလား.. “ဆိုတာ..
မင်းတို့နားမည်ကြဘူး
အလွန်တရာဒုံးဝေးတယ်..

ငါပြောမယ်..၊

မြန်မာပြည်မှာနိုင်ငံရေးလောကထဲကလူတွေကော
ဒီဖေ့ဘုတ်ပေါ်ကလူတွေရော .
စစ်တပ်နဲ့အမျိုးတော်တဲ့လူတွေကအများဆုံးပါ ..
အမျိုးကင်းတဲ့လူ ရှားပါတယ်..

မင်းတို့အလကားနေပုတ်ခတ်နေတဲ့…
“ဒေါ်အောင်ဆန်းစုကြည်” ဆိုတာ…
သူ့ဖခင်က မင်းတို့စစ်တပ်ကိုထူထောင်သူကြီးနော်
မင်းတို့ရဲ့အမျိုးအရင်းကြီး..၊

အဲဒီ ဒေါ်စုရော ငါတို့ရော မင်းတို့ကိုပြောနေတာက
မင်းတို့ အသက်ကို..ငါတို့အသက်လိုပဲနှမျော လို့ပြောနေတာ..

“ဂုဏ်သိက္ခာရှိတဲ့တပ်မတော်”ဖြစ်စေချင်လို့ပြောနေတာ..

“နိုင်ငံတစ်ခုမှာ ကာကွယ်ဖို့
လက်နက်ကိုင်အဖွဲ့ရှိရမှာ” လူတိုင်းသိတယ်ဟ..၊

အဲဒီရှိတဲ့အဖွဲ့ဟာ တိုင်းပြည်ကိုကာကွယ်ဖို့ရှိရမှာ..
နှိပ်စက်ဖို့ရှိရမှာမဟုတ်ဘူးဆိုတာကျတော့..
မင်းတို့ကမသိဘူး

ငါမေးပြီကွာ..

မနှိပ်စက်ဘူးလားနှိပ်စက်လား???

မနှိပ်စက်ပါဘူးပြောရင်တော့ …
မင်းတို့လဲသာသေလိုက်တော့..

နှိပ်စက်လို့ မင်းတို့တောင်..
ငပိစားတိုက်နေရတာမဟုတ်ဘူးလား .
မအေပေးလေးတွေရဲ့

မနှိပ်စက်ရင် …
မင်းတို့ရှယ်တွေချည်းစားသောက်ပီးနေရမှာပေါ့
မဟုတ်တာလိုက်ဂုဏ်ယူမနေကြနဲ့..

တပ်မတော်ကြီင်္းကောင်းလားမကောင်းဘူးလား?
စစ်အာဏာရှင်အုပ်ချုပ်တဲ့စစ်တပ်မကောင်းဘူးလား ?ဆိုတာ
မင်းတို့က ငါတို့ထက်ပိုသိပါတယ်
မကောင်းလို့မင်းတို့ငတ်လိုက်ပြတ်လိုက် ဖြစ်ဖြစ်နေတာပေါ့..

ဘယ်သူ့မှ စစ်ထဲမ၀င်ချင်ဖြစ်နေတာပေါ့ကွာ…၊

(အဲဒီ ငတ်တယ် ဒုက္ခ မျိုးစုံခံရတယ်..
ဆိုတဲ့စကားကလဲ
မင်းတို့ကိုယ်တိုင်ပြောထားတာနော်
မုန်လာဥတော့လာမလုပ်နဲ့ )

———————-

(၄)
ကဲ အဲလိုပြောတော့ မင်းတို့က ငါ့ကိုအထွန့်တက်မယ်..

” အငတ်ခံတိုက်နေတာတိုင်းပြည်အတွက်ကွ ..
ခင်ဗျားတို့အေးအေးချမ်းချမ်းနေရဖို့ တိုက်နေရတာ” လို့
ထပ်ပြောမယ်..

ok ရပီ..

အဲဒါဆိုရင် တရားသောစစ် မတရားသောစစ်
အသာထားကွာ ..
မင်းတို့ပြောတဲ့အတိုင်းပဲ ဟုတ်ပီ ..

မင်းတို့ကတိုင်းပြည်အတွက်တိုက်တယ်ပဲထား..
တကယ်ကောင်းတဲ့ကောင်တွေ ..
မြင့်မြတ်တဲ့ကောင်တွေ ပဲထားလိုက်ကွာ..

အဲဒီလို မင်းတို့လို တိုင်းပြည်နဲ့ လူမျိုးအတွက် ..
အင်မတန်မြင့်မြတ်တဲ့အလုပ်ကိုလုပ်နေတဲ့ သူတွေဟာ..

၁။ မဝရေစာ စားပီး သေသေရှင်ရှင် တိုက်ရတယ်

၂။ တိုက်ပွဲအတွင်းကျည်ဆန် နဲ့ လူအင်အား
လုံလောက်အောင်မပေးပဲအသေခံတိုက်ရတယ်

၃။ တပ်ကထွက်ချင်ရင်လဲထွက်မရဘူး

၎။ မိသားစုဘဝအာမခံချက်မရှိဘူး

(မင်းတို့ပဲပြောတဲ့စစ်သားတွေဖက်က
အကျအဆုံးများတယ်ဆိုတာ
လက်ခံပါတယ်..တကယ်လဲသနားတယ်)

ဒါတွေကမင်းတို့ကိုယ်တိုင် ဖေ့ဘုတ်မှာ
အသနားခံထားတဲ့အချက်တွေနော်..

ငါလီဆယ်ပီးပြောနေတာ တစ်ခုမှမပါဘူး..
အမှန်က ဒီထက်တောင်ပိုသနားဖို့
ရင်နာဖို့ကောင်းတာတွေရှိပါသေးတယ်..

ကဲ အဲဒါဆို အဲလိုဖြစ်အောင်လုပ်ထားတဲ့
တပ်မတော်ကြီးက..
ဘယ်နေရာကောင်းသေးလဲ ..?

မင်းတို့ကို မွဲတေစုတ်ပြတ်နေအောင်ထားနေတဲ့
ထိပ်ပိုင်းက နွားကြီးတွေကရော ကောင်းနေလား ?

မင်းတို့အငတ်ခံတိုက်မယ့်အစား
ထမင်းဝဝစားပီးတိုက်ရတာပိုမကောင်းဘူးလား?

မိသားစုနောင်ရေးစိတ်အေးရတာပိုမကောင်းဘူးလား?

လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က တပ်မတော်နဲ့
လက်ရှိတပ်မတော် နဲ့ပဲ ယှဉ်ကြည့်ကြစမ်းပါကွာ…၊

အခုခေတ်မှာ..
အထက်လူကြီးတွေ ဘယ်လောက်ချမ်းသာတယ်
ဇိမ်ကျနေတယ်ဆိုတာ.. မင်းတို့ သိမှာပါ..

ဒေါ်လာမီလျံကိုမပြောဘူး..ဘီလျံနဲ့ချီနေပြီ…၊
ကိုယ်ပိုင်စစ်တပ်ထောင်လို့ရတဲ့အထိ
ချမ်းသာနေတဲ့ကောင်တွေတောင်ရှိနေပြီ..၊

သူတို့ဟာ…
မင်းတို့ဖက်လှည့်ကြည့်သင့်တယ်မထင်ဘူးလား?
အဲဒါဆို…
“မင်းတို့ကို နွားတွေလို အမိန့်ပေးပီးကြိမ်တို့ခိုင်းနေတဲ့..
တပ်မတော်အမည်ခံပီးလုပ်စားနေတဲ့လူတွေပါတဲ့…
အစိုးရအဆက်ဆက်” ကို..

ဝေဖန်နေခဲ့ တော်လှန်နေတဲ့ ၊ ကန့်ကွက်နေတဲ့ ..
ငါတို့ဒီမိုတွေနဲ့ ပြည်သူပြည်သားတွေက မှားလားကွာ ?

ကဲဖြေပါအုံး..?

———————–

(၅)

မင်းတို့ရဲ့ကိုယ်ပိုင် ဦးနှောက်တွေ..ဘယ်ရောက်ကုန်ပီလဲကွာ..
အွန်လိုင်းချီးထုပ်အလုပ်ပဲလုပ်မနေကြနဲ့ ..

တပ်မတော်ကိုဖျက်သိမ်းဖို့ပြောနေတဲ့ကောင်..
တစ်ကောင်မှမပါဘူးနော်..၊

ပိုတိုးတက်အောင်…
ပိုကောင်းအောင်ပြောနေတဲ့လူတွေချည်းပဲ ..

မင်းတို့က တသက်လုံးအမိန့်နာခံရတဲ့သူတွေဆိုတော့
မင်းတို့လိုမဟုတ်ပဲ ပြောနေတဲ့လူတွေကို
မင်းတို့စိတ်ထဲ ထူးဆန်းချင်ဆန်းနေလိမ့်မယ်..

တကယ်တော့ ငါတို့ပြောနေတာတွေက
ဘာမှမထူးဆန်းဘူး …

လူဆိုတာ မွေးရာပါ အခွင့်အရေးရှိတယ်..
မဟုတ်ရင်မဟုတ်ကြောင်း မမှန်ရင်မမှန်ကြောင်း
လွပ်လပ်စွာပြောဆိုခွင့်ရှိတယ် ..

ဒါဟာလူ့အခွင့်အရေးပဲ

မဟုတ်တာကြီးသိနေလျှက်နဲ့
ခေါင်းငုံ့ခံခိုင်းတာဆိုတာ လူကိုအညွှန့်ချိုးထားတာပဲ..

မင်းတို့ကပြောကြသေးတယ်..

” သတ္တိရှိလို့စစ်ထဲဝင်တာ” တဲ့

ဝင်ပါ..၀င်ကြပါ.ကွာ..၊

စစ်တပ်ထဲဝင်ချင်တဲ့အကျင့်ရှိတာကောင်းပါတယ်

ဒါပေမယ့် စစ်တပ်ထဲကိုဝင်တာဟာ
လူ့အခွင့်အရေးကို ချိုးနှိပ်ခံရဖို့မဟုတ်ဘူးနော်

မဟုတ်တဲ့အမိန့်အာဏာကို ကျင့်သုံးလာရင်..

” ငါတို့ဟာနွားတွေမဟုတ်ဘူး ကျားကွ “ဆိုတဲ့

သတ္တိမျိုးကိုလဲပြရဲရမယ် …

————————
(၆)

ထားပါတော့…

မင်းတို့ဟာ အမိန့်အာဏာအောက်မှာ

ပခုံးပေါ်အပွင့်အခက်ကလေးတပ်ပေးပီး..
ချော့တခါ ခြောက်တလှည့် အခိုင်းခံထားရတာမို့
အသားကျနေပီ ..ချက်ချင်း ပြန်လှန်မပြောရဲတာ..
ငါတို့နားလည်ပေးလို့ရတယ် ..

ဒါပေမယ့်
အခြားကောင်းရာကောင်းကြောင်းလုပ်နေတဲ့သူတွေကို
အမြင်ကြည်ကြည်လင်လင်နဲ့သာ
ထိုင်ကြည့်နေကြပါ ..

မိန်းမလိုမိန်မရ မဟုတ်သုတ်ခ သတင်းတွေဖြန့်..
ပေါက်ပန်းလေးဆယ်တွေပြော နေရင်တော့..

မင်းတို့ကို ..

“စစ်ခွေး”..လို့ပြောတာ နာဖို့မရှိနဲ့ ..

ခွေးဆိုတာသခင်ကောင်ူးသည်ဖြစ်စေ
ဆိုးသည်ဖြစ်စေ မသေရုံထမင်းကြွေးထားတာနဲ့တင်
ကျေနပ်ပီးသစ္စာစောင့်သိတာ .

မင်းတို့ကအဲလိုကောင်တွေလား..?

အမှန်ကိုအမှန်လို့မမြင်တော့တဲ့ ..
ခွေးကန်းလေးတွေလား..?

ငါမေးတာကို မနာကြနဲ့..

ဒုက္ခခံနေရတဲ့အောက်ခြေစစ်သားလေးတွေကိုဗန်းပြပီး..
မျက်ရည်ခြူတာဟာ ဘာနဲ့တူလဲဆိုတော့ ..

မသာအိမ်ဗန်းပြပီး ဖဲဝိုင်းထောင်နေသလိုပဲ..

အပြစ်မရှိတဲ့ဖဲဝိုင်းပေါ့လေ ..

အေး ငနူစကူလေးတွေကိုပဲ အဲလိုသွားပြော..
မင်းတို့ကို မှန်တယ်ကွ ပြောလိမ့်မယ် ..
ကျန်တဲ့လူတွေကတော့ အထာနပ်ပီးသာတွေ..
သွားလုပ်လို့မရဘူး

အခုကချင်စစ်ပွဲအကြောင်း..
ပြောနေကြတဲ့လူတွေကကလဲ ..
မင်းတို့လိုကောင်တွေကလွဲလို့
ဘယ်ကောင်ကမှ ဆက်တိုက်ဖို့
အားမပေးကြပါဘူး..

မင်းတို့သာ ချမယ်နှက်မယ်ချည်းပြောနေကြတာ..

ချတော့ဘာဖြစ်လဲ သေပေါ့ ..

သေတဲ့အထဲမင်းတို့လဲမပါပါဘူး..ငါလဲမပါဘူး..
ဒါပေမယ့် ချဖို့အားပေးတဲ့အထဲမှာငါမပါဘူး ..

အဲဒီလိုပဲကျန်တဲ့လူတွေဟာလဲ
လူတွေရဲ့အသက်သွေးတွေဘဝတွေ
ပျက်စီးမှာစိုးလို့ ပြောနေကြတဲ့သူတွေချည်းပဲ

မင်းတို့လိုကောင်မျိုးတွေရေးသားပုံမျိုးနဲ
့ တိုင်းရင်းသားတွေကိုအပြစ်ပြောပီးဆဲနေပုံမျိုးနဲ့
တိုင်းရင်သားစည်လုံးညီညွှတ်ရေးတည်ဆောက်ဖို့ဝေးသေးတယ်..

မင်းတို့စိတ်ထဲမှာ အဲလို စောက်ကျင့်တွေရှိနေသ၍
မင်းတို့လိုကောင်မျိုးတွေသာ တပ်မတော်ထဲမှာ
အစိုးရထဲမှာ များများသာရှိရင်
ယုံကြည်မှုတည်ဆောက်ရေး စစ်မှန်တဲ့ငြိမ်းချမ်းရေး
နှလုံးသားထဲကလာတဲ့ သွေးစည်းညီညွှတ်ရေးကို
ဘယ်တော့မှတည်ဆောက်လို့ရမယ်မထင်နဲ့

ရလာရင်လဲ လိုတမျိုးမလိုတမျိုး
ခဏတာဟန်ဆောင်မှုတွေပဲဖြစ်နေမှာ
ခဏလေးနဲ့ ပြန်ပျက်စီးသွားမှာပဲ…

————————-

(၇)
မင်းတို့လိုအပြောတွေကို ..ဦးသန်းရွှေခေတ်က..
အရင်စစ်အစိုးရသတင်းစာတွေက
ဆယ်ခုနှစ်များစွာ ဖော်ပြခဲ့တယ် ..

ကဲ အခုအဲဒီစကားတွေကို .
ဘယ်” သူတောင်းစား”ကတာဝန်ခံရဲလဲ .

အမြဲတမ်းရန်သူ အမြဲတမ်း မိတ်ဆွေမရှိပါဘူး..
အမြဲတမ်းအကျိုးစီးပွားပဲရှိတယ်ဆိုတဲ့စကားနဲ့..
ပြီးပြီးရော လျှောချမလို့လား ..?

“လုံးဝမှားတယ်” လို့….ငါယူဆတယ်..

အဲဒီစကားဟာ ကျန်တဲ့နေရာတွေမှာ
သုံးတာမှန်ရင်မှန်မယ် ..
တိုင်းရင်းသားအချင်းချင်းကြားမှာတော့
တစိမ်းဆန်လွန်းပါတယ်..

တကယ်”သွေးစည်းညီညွှတ်ရေး”ကို
တည်ဆောက်နေပါတယ်ဆိုရင်
ခဏတာရန်သူ ခဏတာ မိတ်ဆွေမရှိဘူး ..
အမြဲတမ်း သူ့ကိုလဲ ကိုယ့်လိုသဘောထားတဲ့
သာတူညီမျှ တန်းတူ ကောင်းစားရေး” ပဲရှိတယ်လို့ယုံကြည်တယ် …

ရန်သူဖြစ်နေတုန်းမို့ ဝါဒတွေဖြန့်မိတာပါ …
နှိပ်စက်မိတာပါ ဆိုရင်..ဒါကတည့်နေတုန်းမို့ ပြောတာမျိုးဖြစ်တယ် ..
အမြဲမတည်မြဲတဲ့သဘောဆိုတော့
မတည့်တော့ရင်ရန်သူဆိုပီးတော့
နောက်တစ်ခါ ပေါက်ကရလေးဆယ်တွေကိုတာဝန်ခံမှုမရှိပဲ
ဝါဒဖြန့်ဦးမယ်ဆိုတဲ့သဘောပဲ….

——————————–

(၈)

ခုနောက်ပိုင်း ဦးသိန်းစိန် တို့ ကာချုပ်တို့..
ကရင်အကျီ င်္ဝတ်လို့ဗျာ…

လူတွေဝိုင်းတုတ်ကြတယ်
တချို့ကလဲမဆဲစေချင်ဘူးပေါ့ .

ဆဲတာတွေဆိုတာ..
သွေးကွဲစေမယ့်စကားတွေ ဆိုတော့ကာ
ငါလဲသဘောမကျပါဘူး ..

– ဒေါ်စုလဲကရင်အကျီ င်္ဝတ်တာပဲ ..
– ကာချုပ်လဲ ဝတ်တာပဲ ..
ဝတ်တာချင်းအတူတူ ကာချုပ်တို့ကျမှ
ဘာလို့အဆဲခံရလဲငါပြောပြမယ်..

အဖြေကတော့..

ဒေါ်စုရဲ့အသိုင်းအဝိုင်း ဟာ ..
သမိုင်းမှာ တခါမှ KNUကို မစော်ကားခဲ့ဘူး ..

KNU က လဲ..ဒေါ်စုကိုဖက်က
အမြဲရပ်တည်ထောက်ခံပေးခဲ့တယ်
ကောင်းမွေဆိုးမွေကိုအတူတကွခံခဲ့ကြတယ်

ကာချုပ်ရဲ့ အသိုင်းအဝိုငိးကတော့
အပေါ်ကရေးထားသလိုပဲ..
အမျိုးမျိုးစော်ကားပီးမှ
တည့်သွားတော့လေသံတမျိုးပြောင်းပြန်တယ်

အထက်ကပြောင်းသွားတဲ့အချိန်မှာ…
မင်းတို့စစ်လော်ဘီပေါက်စလေးတွေကအစ..
KNU ကောင်းတယ် ပြန်ဖြစ်ပြန်ရော ..

ကေအင်ယူနဲ့ တိုက်ပွဲပြန်ဖြစ်ရင်.
မင်းတို့က တိုက်ပွဲပုံတွေတင်ပြီး..
ဇာတ်နာပြကြအုံးမှာကိုလဲ ငါက သိနေတယ်..၊

ရူးများနေကြသလားကွာ..အရှက်မရှိကြဘူးလား..

ငါပြောတာက အရင်လို KNU မကောင်းဘူး
ပြန်ပြောခိုင်းနေတာမဟုတ်ဘူးနော်..၊
သင်ခန်းစာယူဖို့ပြောနေတာ၊
မပိန်း ဖို့ပြောနေတာ..အပြုသဘောကိုမလိုချင်ဘူး
အနှစ်သာရကို လိုချင်တယ်..၊

အခုလဲ..အဲဒီအမှားတွေကို သင်ခန်းစာမယူပဲ…
ကချင်စစ်ပွဲတွေအကြောင်းမင်းတို့ ပြောနေပြန်ပီ..
ပေါက်ကရဝါဒဖြန့်တွေလုပ်နေပြန်ပီ

သတင်းစာထဲထိ လိမ်နေပြန်ပီ
အဲဒါတွေမလုပ်ရဘူး ကွ၊

ရေရှည်အတွက်ကောင်းတဲ့အလားအလာမဟုတ်ဘူးနော်..

KIOနဲ့တည့်နေတုန်းက လေသံကတမျိုးပါ..၊
မြောက်ပိုင်းနယ်စပ်တွေမှာ စစ်တပ်နဲ့ ကေအိုင်အေနဲ့..
ဂိတ်ကြေးအတူတူကောက်လိုက်
သစ်အတူတူ ခုတ်လိုက်လုပ်နေတာ
မမြင်ချင်မှအဆုံး..၊

အခုပြောင်းသွားပြန်တယ်..၊

အဲဒီလို…အခုတမျိုးပြောင်းတယ်
နောက်တစ်ခါတစ်မျိုးပြောင်းဦးမယ် ဆိုရင်..

ပြည်သူတွေကငပေါတွေမဟုတ်ဘူးနော် ..
အားလုံး သိနေပြီ..၊

မင်းတို့တွေရဲ့..အထက်ကနေ အမျိုးမျိုး လုပ်နေရင်..

ဒီအစိုးရဟာ

တိုင်းပြည်အုပ်ချုပ်ဖို့ထိုက်တန်တဲ့
လူကြီးလူကောင်းတွေလား ..

ဗလောင်း ဗလဲ လုပ်တဲ့
ကလေကချေတွေလားဆိုတာ ..

တွေးသာကြည့်တော့ကွာ..

ဦးနှောက် အထုတ်ခံလိုက်ရသလိုတော့
မဖြစ်စေနဲ့ပေါ့ကွာ..

( Pa Yit)

(အကို သံလွင်ရရစ် ရဲ့ အကောင်းဆုံး ပို့စ်တစ်ခုကို
ပြန်လည် Modified လုပ်ပြီးခံစားပါတယ် )

များများသိအောင် ရှဲပေးကြပါခင်ဗျာ….

One Response to “ဦးနှောက်ဆွဲထုတ်ခံလိုက်ရသော ငပိန်းဖွတ်လော်ဘီတွေအတွက်”

  1. drkokogyi Says:

    Mg Mhan
    December 6 at 4:46pm ·
    မြန်မာနိုင်ငံမှာ အမျိုးသား ဦးရေ ထက် အမျိုးသမီး ဦးရေက ပိုများပါတယ်။
    ကမ္ဘာမှာလည်း ဒီအတိုင်းပါပဲ။
    ပျမ်းမျှ သက်တမ်းအားဖြင့်လည်း ဒီလိုပါပဲ။ အမျိုးသမီးများ ပိုပါတယ်။

    အရေအတွက် တူတယ်လို့ပဲ အားနာ ပါးနာ နဲ့ ယူဆပေးပါစေအုံးဗျာ။

    ဘာအလုပ်မှ မလုပ်ပဲ ထိုင်စားနေတဲ့သူ ၊ ၅သိန်းရှိတယ်။ (လျှော့ပေါ့တွက်ပေးတာနော်)
    တောထဲ တောင်ထဲမှာ သွားလာနေရသူတွေ ဘဝမြုပ်ထားသူ ၅သိန်းရှိတယ်။ (အဖိတ်အစဉ်အနည်းငယ်ရှိမှာပေါ့ဗျာ။) ထားအုံးတော့။

    သူတို့ ၁ဝသိန်းနဲ့ ညီမျှတဲ့ အမျိုးသမီး ၁ဝသိန်းအတွက် ဘာစီစဉ်ပေးမလဲ၊
    လူတွေနော် အသွေးနဲ့ အသားနဲ့၊
    ဒီအပြင် သာမန်လူတွေထဲမှာတောင် လက်ကြောတင်းအောင်အလုပ်မလုပ် ပဲ ရပ်ကွက်ထဲ ဟိုနားဆရာလုပ် ဒီနားဝင်ပါလိုက်နဲ့ အလေနတော ၁ဝ၉၊ ၁၁ဝ တွေ ဒုနဲ့ ဒေးရှိနေပြန်တယ်။
    မနက်မိုးလင်းရင် ဆန်အိုးကို ခြေနဲ့ကန်ပီး မလှုပ်ရင် ပြန်ဆက်အိပ်တဲ့ကောင်တွေ အုပ်နဲ့ သင်းနဲ့ ရှိနေသေးတယ်။
    တနေ့လုံး ရှာပြီး သားပိုက်ဆံကို ၂လုံး ၃လုံး နဲ့ သေရည်တမျှ မျှ လုပ်တဲ့ကောင်တွေ အုံလိုက် ကျင်းလိုက် ခိုနေပြန်တယ်။

    ဒါတောင် တလင်တမယားပါလို့ အော်ပြီး ဇိမ်ခန်းနဲ့ ဆောင်ကြာမြိုင်တွေ ပိုတိုးသထက်တိုးလာတယ်။ အော်တဲ့သူတိုင်း ကြည့်လိုက် အောက်တန်းစား ကလေကချေတွေ သာ များတယ်။

    တလင်တမယား စနစ်အောက်မှာ လင်မပေါ် မယား မမည် တွေ့ရာပျော်လို့ ကြိုက်တာ ဆော်တဲ့ လူတွေက အမျိုးဘာသာစောင့်ရှောက်အုံးမယ်ဆိုပဲ။

    အဲ့ဒီ အချိန် မနက် ၃နာရီလောက် အစောမှာ သီရိမင်္ဂလာဈေး၊ ကမ်းနားဈေး၊ လမ်းတွေ ဥဒဟိုမှာ မိန်းမသား တွေ လှုပ်ရှားရုန်းကန်နေကြတယ်။ ပဲပြုပ်ဆိုပြီး အော်လိုက်တဲ့အသံကစလို့ ရုံးပြန် ကားစောင့်ရင်း အိမ်မှာ ဘာချက်ရမလဲ ဆိုတဲ့ သောက ကိုယ်စီနဲ့ အမျိုးကောင်းသမီးတွေ အတွက် ရင်နင့်ဖွယ်ရာ မြင်နေရသေးတယ်။

    ဝမ်းရေးတထွာတွက်ပါ၊ ကွဲနေတဲ့မိဘတွေအတွက်၊ နေမကောင်းတဲ့ အဖေ့အတွက်၊ ဆေးရုံတက်နေတဲ့ အမေ့အတွက်၊ သားလေး သမီးလေးတွေ အတွက်ဆိုတဲ့ အချက်တွေများစွာ အတွက် အံကိုကြိတ်ပြီး မျက်ရည်မထွက်အောင် ထိန်းရင်း ကိုယ်ခန္ဓာကို အပ်ကာ ရောင်းချရင်း လူတကာ့မျက်လုံးတွေအောက်မှာ ပေးဆပ်နေတဲ့ ခေတ်သစ် ကျွန်စနစ်ရဲ့ သားကောင် ခြေနင်းကျောမွဲ မိန်းမသားတွေရှိသေးတယ်။

    ညစ်ထေးပြီး မသန့်ရှင်းတော့တဲ့ ခန္ဓာကိုယ်မှာ ဖြူစင်လွန်းတဲ့နှလုံးသားလေးတွေ အတိုင်းသားနဲ့ သူတို့ဘဝကို ယောကျာ်း တယောက်ရဲ့ အရိပ်အောက်မှာ ရှင်သန်လိုတဲ့ မိန်းမဆန်တဲ့ အိပ်မက် ကိုယ်စီ သူတို့မှာရှိကြတယ်။

    နွမ်းလျလျပိုက်ဆံလေးတွေစုပြီး ပွဲစားလက်အပ်လို့ ဘဝရောင်ချီ ပွင့်လင်း နိုးကောင်းပါရဲ့ဆိုတဲ့ အတွေးမှားနဲ့ တရုတ်မယား၊ ထိုင်းလုပ်သားဖြစ်နေကြတဲ့ မိန်းကလေးငယ်၊ လတ်၊ ကြီးများစွာရဲ့ အိမ်ပြန်ချင်တဲ့ ဆန္ဒနဲ့ ညစဉ် ထွက်နေတဲ့ ငိုရှိုက်သံ သူတို့ဘာသာစကားနဲ့ ကာယကံရှင်တို့သာ နားလည်လေရဲ့။

    လက်ကြောမတင်းတဲ့ လူမျိုး၊ ကို့ထက်သာ မနာလိုတတ်တဲ့စရိုက်၊ ကြီးနိုင်ငယ်ညှဉ်း အကျင့်၊ တွေကြားမှာ ဘာသာတရားကိုင်းရှိုင်းမှုဆိုတဲ့ အပျိုစင်ဟာ နေ့လည် ချိန် လူတကာရှေ့မှာ မုဒိန်း ကျင့်ခြင်းခံလိုက်ရတယ်။ ဒါတောင် သာဓုဆို မပျက်ကြဘူး။

    ခုတ်ရာ တခြား၊ လျှရာ တလွဲဖြစ်နေတဲ့ ဒီ လူ့အသိုင်းအဝိုင်းရဲ့ တလွဲဆံပင်ကောင်းမှုနဲ့ မှားယွင်းတဲ့ စနစ်ဆိုးတွေဟာ ကိုယ့်သွေးကိုယ်လျက်ရင်း ပျော်နေကြတဲ့ လူ့အသိုင်းအဝိုင်းဖြစ်လာတယ်။

    အမျိုးဘာသာ သာသနာ ဆိုတဲ့ စကား၊
    တို့တိုင်းတို့ပြည်ဆိုတဲ့ စကား၊
    ဧည့်သည် အိမ်ရှင်ဆိုတဲ့ စကားတွေနဲ့ အတူ အနာဂတ်သားမြေးတို့ အံကြိတ်ရင်း ဆက်ခံကြအုံး၊

    ကိုယ်ပြုသောကံ ပဲ့တင်သံ မလွဲ ပြန်လာမည်။

    ဘယ်သူမပြု မိမိမူဆိုတဲ့ စကားတွေကို တသွင်သွင်ကြားယောင်ရင်း သင်ဟာ သင့်လူမျိုးကို တကယ်ချစ်လို့လား၊ သင့်ဘာသာတရားကို တကယ် ချစ်လို့လား၊ သင့်နိုင်ငံကို တကယ်ချစ်လို့လား၊ ချစ်သေးရင် အပြေးလိုက်အုံး၊ ……… ဟိုးရှေ့ ၂မှတ်တိုင်လောက်မှာ မှီနိုင်ကောင်းပါရဲ့။

    မောင်မှန်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: