နိုင်ငံတကာကို သွားချင်ရင် နိုင်ငံတကာစိတ်ဓါတ်မွေးဖို့တော့ လိုတာပေါ့ … “

လူကြားလို့မှ မသင့်တော် …….
<><><><><><><><><><><><>

ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ အာဆီယံ၊ဂျပန် လူငယ်အစီအစဉ် Southeast Asian and Japanese Youth Program ( SEAYP )ကို နိုဝင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိကြာမြင့်မည့် သင်္ဘောခရီးစဉ်အဖြစ် ဂျပန်နိုင်ငံမှ စတင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ အာဆီယံ ၁၀ နိုင်ငံနဲ့ ဂျပန်နိုင်ငံက ထူးချွန်တက္ကသိုလ်ကျောင်းသားလူငယ် ၃၀ စီပါဝင်တာမို့ စုစုပေါင်း လူငယ် ၃၃၀ ပါဝင်ပါတယ်။ လူငယ်တွေဟာ ဂျပန်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေမှာ ဒေသခံမိသားစုများနဲ့ ၃ ရက်မှ တစ်ပတ်အထိ အတူနေထိုင်ပြီး အတွေ့အကြုံများဖလှယ်ပြီး ရင်းနှီးမှုကို တည်ဆောက်ကြမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၈ မှ ၃၀ အထိလာရောက်မှာဖြစ်လို့ ထူးချွန်မြန်မာလူငယ်တွေရဲ့ မိသားစုများအနေနဲ့ အခြားအာဆီယံနိုင်ငံများက လူငယ်နှစ်ဦးစီကို Family Home Stay Program အဖြစ် လက်ခံပေးရမှာပါ။ လူငယ်တွေရဲ့ ဂျပန်သင်္ဘောကြီးမရောက်မီ သုံးရက်အလိုမှာ ပြဿနာကြီးတစ်ခုပေါ်လာပါတော့တယ်။ မူလက သဘောတူညီထားတဲ့ မြန်မာမိသားစုအချို့က …. ” အစ္စလာမ်ဘာသာဝင်လူငယ်များကို လက်မခံနိုင်ကြောင်းနဲ့ ဟလာလ်အစားအသောက်စီစဉ်ပေးရမှာကို လက်မခံနိုင်ကြောင်း ” …. ပြောကြားလာပါတော့တယ်။ မြန်မာနိုင်ငံအတွက် အစီအစဉ်တာဝန်ခံ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခိုင်မြဲက အဲလိုပြောတဲ့ မိသားစုတွေကို ချက်ချင်းခေါ်တွေ့ပြီး အခုလိုပြောပါတယ်။

” ခင်ဗျားတို့က ဘယ်သူတွေရဲ့သွေးထိုးမှုကြောင့် ဒီအစီအစဉ်ကို လက်မခံနိုင်ဖြစ်ရတယ်ဆိုတာ ကျွန်တော်မသိပေမဲ့ အခုအချိန်မှာ ခင်ဗျားတို့ရဲ့ သား၊သမီးတွေကို ဘရူနိုင်းနိုင်ငံက အစ္စလာမ်ဘာသာဝင်မိသားစုတွေက သူတို့ရဲ့မိသားစုဝင်အဖြစ် လက်ခံပြီး ကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်နေကြတယ်။ မြန်မာပြည်ကနေ သွားရမဲ့နိုင်ငံက အင်ဒိုနီးရှားနိုင်ငံ၊ အဲဒါလည်း မွတ်စ်လင်မ်နိုင်ငံ။ နောက်တစ်ခုက အာဆီယံနိုင်ငံလူဦးရေရဲ့ ၆၀% က အစ္စလာမ်ဘာသာဝင်တွေဖြစ်တာကြောင့် သင်္ဘောမှာပါလာတဲ့ လူငယ်အများစုဟာ မွတ်စ်လင်မ်တွေပါ။ ဒါ့ကြောင့် သင်္ဘောပေါ်နဲ့ ရောက်လေရာနေရာတိုင်းမှာ ဟလာလ်အစားအသောက်ပဲကျွေးရမယ်လို့ မူလကတည်းက သတ်မှတ်ထားပြီးသားပါ။ ပြီးတော့ မြန်မာနိုင်ငံကို အာဆီယံအဝန်းအဝိုင်းထဲရောက်အောင် အဓိကထောက်ခံပေးတာက မွတ်စ်လင်မ်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံဗျ။ အဲဒီက ရလာတဲ့ အသီးအပွင့်ဖြစ်တဲ့ အခုအစီအစဉ်မှာ ခင်ဗျားတို့ သား၊သမီးတွေကိုတော့ ဘရူနိုင်း၊မလေးရှား၊အင်ဒိုနီးရှား၊စင်္ကာပူ၊ထိုင်းနဲ့ ဖိလစ်ပိုင်က မွတ်စ်လင်မ်မိသားစုတွေဆီ လွှတ်နေစေပြီး သူတို့ရဲ့ သား၊သမီးတွေကို မွတ်စ်လင်မ်ဖြစ်လို့ လက်မခံနိုင်ဘူးဆိုတာ လူကြားလို့မှ မသင့်တော်ဘူးဗျာ။ နိုင်ငံတကာကို သွားချင်ရင် နိုင်ငံတကာစိတ်ဓါတ်မွေးဖို့တော့ လိုတာပေါ့ … ” …. တဲ့။

ဝေဘန်ဆင်ခြင်ကြည့်ကြဖို့ပါ။

Kyaw Win
6th December, 2014

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: