”သူ သမ္မတဖြစ်ပြီးလဲ ခုလိုပဲ စစ်တပ်ကိုပဲ ပ စားပေး၊ ပြည်သူကို သည်းခံခိုင်းနေရင် ဒုက္ခပါပဲ”

Cho Tu Zal /9 dec. 2014  ”သူ သမ္မတဖြစ်ပြီးလဲ ခုလိုပဲ စစ်တပ်ကိုပဲ ပ စားပေး၊ ပြည်သူကို သည်းခံခိုင်းနေရင် ဒုက္ခပါပဲ”

“Very serious analysis of our present situations.” Dr. Lun Swe

“””ဖေါက်ပြန်သော (၀ါ) တော်လှန်ရေး မှ သွေဖီသော. . .”””

ဒေါ်အောင်ဆန်းစုကြည် ရဲ့ တွေ့ဆုံပွဲ အခမ်းအနားတခုမှာ မေးခွန်းတခု ကို ဖြေကြားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရတယ်။

သူက ဒီလို ရှုတ်ချပြောဆိုလို့ ရမယ့် အကျိုးကျေးဇူးကို သူလက်ခံလာအောင်ပြောပြပါ လို့၊

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးအတွက်၊ တပ်နဲ့ ပြည်သူ ပြန်လည်သင့်မြတ်ဖို့၊

ဒီလို ပြစ်တင်ရှုတ်ချပြောဆိုမှုတွေ မပြုသင့်ကြောင်း ပြောသွားတယ်။

 

တော်တော်စိတ်ပျက်စရာ ကောင်းတာပဲ လို့ပဲ မြင်ပါတယ်။

 

ကမ္ဘာ့သမိုင်း စာမျက်နှာများစွာ က မတရားမမျှတမှုတွေကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးပေါင်းများစွာ ရဲ့ အခန်းကဏ္ဍတွေကို ကိုယ်လိုချင်တာ၊ ကိုယ်ပြောချင်တာ တခုထဲနဲ့ စကားပြောကောင်းတိုင်း၊ မှေးမှိန်ပစ်လိုက်မှုပါပဲ။

 

ကိုယ့်လူမျိုးအချင်းချင်းမို့၊ ကိုယ့်ပြည်သားအချင်းချင်းမို့ မတရားမှုတွေ လုပ်နေလဲ သည်းခံပြီး၊ ဒီရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေးအတွက် ဒီအားနည်းတဲ့ ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေကပဲ

သည်းခံ ရမတဲ့လား။

 

ဒက်စမွန်တူးတူး ရဲ့ မတရားမှုမှာ ကြားနေတာဟာ ဘက်လိုက်တာပဲ ဆိုတဲ့ စကားကအစ၊

မှားတယ် လို့ ပြောရမလို ဖြစ်သွားတယ်။

 

ဒါကိုပဲ သဘောတွေကျ။ ထောက်ခံတဲ့သူတွေ၊ တခုတ်တရ သြဘာပေးနေတဲ့သူတွေ က ရှိနေသေးတယ်။

ဒီလို ပြောတာမျိုးကိုလဲ မစဉ်းစားမဆင်ခြင်ပဲ မျက်စိမှိတ်ထောက်ခံတာဟာ

ခင်ဗျားတို့ လူပုဂ္ဂိုလ်စွဲ လွန်းနေတယ် လို့ပဲ ကျနော်က ပြတ်ပြတ်သားသားထောက်ပြပါရစေ။

ဒေါ်စု ဟာ ပညာတတ်တယ်။ သူဟာ ကမ္ဘာပေါ်မှာ သြဇာရှိတဲ့ေ ခါင်းဆောင်တယောက်ဖြစ်တယ်။ ဒါပေမယ့် ဒီစကားတွေကို ခုလို တဘက်စောင်းနင်းပြောနေတာဟာ သူ့ပုံရိပ်ကို ပျက်ယွင်းစေတယ် လို့ ကျနော်ကတော့ ပြတ်ပြတ်သားသားမြင်ပါတယ်။

ဒီလို ခံနေရတဲ့သူတွေကပဲ သည်းခံ ဆိုတော့၊ ကျနော်တို့က ဘယ်လို့ လို့ သူ့ကို ခေါင်းဆောင်အနေနဲ့ တိုင်းပြည်မှာ သမ္မာသမတ်ကျကျ ဦးဆောင်ပေးပါလို့ ပုံအပ်ရမလဲ။

 

သူသမ္မတ ဖြစ်ပြီးလဲ ခုလိုပဲ စစ်တပ်ကိုပဲ ပ စားပေး၊ ပြည်သူကို သည်းခံခိုင်းနေရင် ဒုက္ခပါပဲ။

 

မတရားမှုဆိုတာ ဘယ်လိုသော အကြောင်းပြချက်မျိုးကြောင့်ပဲ ဖြစ်ဖြစ် လက်ခံစရာ ကိစ္စ ကို မဟုတ်ပါဘူး။

 

ကျနော်တို့ ဒီမိုကရေစီ ကို လိုချင်တယ် ဆိုတာ မတရားဖိနှိပ်မှုတွေက လွတ်မြောက်ချင်တာ။

ကျနော်တို့ဘ၀ ကို ကျနော်တို့ ပြဋ္ဌာန်းပိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့် လိုချင်တာ။

 

စစ်ဗိုလ်ချုပ်တွေ မတရားလုပ်တာကို တဘက်သားထိခိုက်အောင် ရှုတ်ချပြောဆိုမှုတွေ မလုပ်သင့်ဘူး ဆိုတော့၊ မတရားလုပ်တာတွေကို ရေငုံနှုတ်ပိတ်ခေါင်းငုံ့ခံနေရမယ

် ဆိုတဲ့သဘော၊

ပြောရရင် နိုင်ငံတကာက ဒီလို မတရားလုပ်ခဲ့သမျှကို ၀ိုင်းပြီး၊ အရေးယူခဲ့ကြ၊ ကြဉ်ခဲ့ကြ စသဖြင့်

လုပ်သမျှတွေလဲ အလကား ကို ဖြစ်ကော။

 

လူ့သမိုင်းစာမျက်နှာမှာ လူတို့ ယဉ်ကျေးသည်ထက် ယဉ်ကျေးလာဖို့ မျှတတဲ့ လူ့အဖွဲ့အစည်း

တရပ်ဖြစ်သည်ထက်ဖြစ်လာမှုနဲ့ တိုင်းတာပါတယ်။

 

တချိန်က သေစေ၊ သတ်စေ လို့ လူတယောက်ကို လူတယောက်က တချက်လွှတ်အမိန့်နဲ့ သတ်ပစ်လိုက်နိုင်တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်၊ အဲဒီကမှ စည်းမျည်းခံဘုရင်စနစ်၊ အဲဒီကမှ ပါလီမန်စနစ်၊ အဲဒီကမှ ဒီမိုကရေစီစနစ် ဆိုပြီး၊ အများပြည်သူအုပ်ချုပ်ပိုင်ခွင့်

ရှိလာလေလေ၊

ယဉ်ကျေးလာလေလေ ပါ။

 

မတရားမမျှတတဲ့ စည်းမျည်းစည်းကမ်းဥပဒေကို လူတစု လက်တဆုပ်စာလူတစု ဒ့ါထက်တိတိကျကျ ပြောရရင်ဆွေစုမျိုးစု တစု က လက်နက်နဲ့ ထင်တိုင်းကျဲ ခြယ်လှယ်ပြဋ္ဌာန်းမှုတွေကို ခေါင်းငုံ့မခံလိုတဲ့ လူထု က ပုန်ကန်ဆန့်ကျင်ရာကနေ

တော်လှန်ရေးတွေ ဖြစ်ခဲ့တယ်။

 

အမေရိကန်တော်လှန်ရေးဟာ အမေရိကန်ပြည်သူတွေက အင်္ဂလိပ်ဘုရင် ရဲ့ မတရားတဲ့ ဖိနှိပ်တဲ့

အခွန်အတုပ်ဥပဒေတွေကို ဆန့်ကျင်ပုန်ကန်ရင်း စ ခဲ့တာ။

ပြင်သစ်မှာလဲ ဒီလိုပဲ ဘုရင်တွေ၊ မြို့စား၊ နယ်စားတွေကို လူထုက တော်လှန်ပုန်ကန်တဲ့ တော်လှန်ရေးကြီး ဖြစ်ခဲ့တယ်။

ရုရှားမှာလဲ ဇာဘုရင်ကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးကြီး ကနေ ကွန်မြူနစ်အစိုးရ ပေါ်လာတယ်။

 

ဒီတော်လှန်ရေးတွေဟာ ခေတ်သစ်ကမ္ဘာမှာ အင်မတန်မှ အရေးပါတယ်။

ကိုယ့်ပြည်သားအချင်းချင်း။ ကိုယ့်လူမျိုးအချင်းချင်းမို့ ရင်ကြားစေ့နေခဲ့ကြမယ် ဆိုရင်၊

ပြန်လည်သင့်မြတ်ရေး ကို အားထုတ်နေကြမယ် ဆိုရင်၊ ကမ္ဘာကြီး ခုလို ယဉ်ကျေးတဲ့ ဒီမိုကရေစီ

လူ့အဖွဲ့အစည်း ဆိုတာ ပေါ်ထွန်းလာစရာတောင် မရှိဘူး။

ဒီနေ့ ကမ္ဘာမှာ ဒီမိုကရေစီ ဆိုတဲ့ အများပြည်သူကိုယ်ပိုင်ပြဋ္ဌာန်းအု

ပ်ချုပ်ခွင့်စနစ်တွေဟာ

အဲဒီတော်လှန်ရေးတွေကို မြစ်ဖျားခံပြီး ထွန်းကားလာခဲ့တာပါ။

အာဏာကို ဆုပ်ကိုင်ထားတဲ့ ပဒေသရာဇ်တွေ၊ လူတစု၊ ဆွေတစုတွေဟာ ဘယ်တုန်းကမှ သူတို့

အာဏာကို ပြန်လည်ခွဲဝေပေးဖို့ သဘောမတူပါဘူး။

သူတို့အာဏာ ကို တည်မြဲဖို့၊ သူတို့ဆွေစဉ်မျိုးဆက်အကျိုးစီးပ

ွားတွေကို ကာကွယ်ဖို့ ဥပဒေတွေကိုပဲ အမျိုးမျိုး လည်ဆည်ပြဋ္ဌာန်းတယ်။ ဒါကို ဆန့်ကျင်တဲ့ သူတိုင်း ဥပဒေချိုးဖေါက်တဲ့

ရာဇ၀တ်သားတွေလို ဖိနှိပ်ဖမ်းဆီးတယ်။ လူရမ်းကားတွေလို သတ်မှတ်တယ်။ ဒါမှန်သလား၊ မှားသလား ခင်ဗျားတို့ သမိုင်းနဲ့ ယှဉ်ပြီး သုံးသပ်ပါ။

 

ကျနော်တို့ လက်နက်တွေကိုင်ထားတဲ့ စစ်အုပ်စု ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ခက်ပါတယ်။

ဒါပေမယ့် ခက်တာ တခုထဲနဲ့ သူတို့ မတရားတာ လုပ်နေတာကို ဇွတ်ကို ရေငုံနှုတ်ပိတ်၊ သည်းခံ

ပြီး၊ သင့်မြတ်ရေး လုပ်စရာ အကြောင်းမရှိဘူး။

 

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီလို ရပ်တည် ဖြေရှင်းမှုဟာ လက်ခံနိုင်စရာ ကိစ္စ မဟုတ်ပါဘူး။

 

ချိုတူးဇော်

2 Responses to “”သူ သမ္မတဖြစ်ပြီးလဲ ခုလိုပဲ စစ်တပ်ကိုပဲ ပ စားပေး၊ ပြည်သူကို သည်းခံခိုင်းနေရင် ဒုက္ခပါပဲ””

  1. drkokogyi Says:

    Yes I agree with you. This is the time for Daw Suu led NLD to give ULTIMATUM to the military government. To change their wrong way of dealings, to change the constitution and peacefully go back to the barracks. If wish to do politics resign from military and play CLEAN POLITICS. To stop the dirty politics. Promise fair anf just election. Promise them that if they led NLD to rule…there would be no witch hunt, no action on their ill gotten wealth. BUT IF people need to do revolution, all those IMMUNITIES would be withdrawn.

  2. drkokogyi Says:

    Al Khon Bransai
    1 hr ·

    လူ့အခွင့်အရေး ချိုးဖောက်မှု ၊ ဥပဒေမဲ့

    မတရား ပြုကျင့်မှု ၊ အဓမ္မတရားစီရင်မှု …

    ဒါတွေကိုတော့ … တချို့ ပြဿနာ သေးသေးလို့

    မသုံးနှုံးကြပါနဲ့ ဗျာ …

    ဒီ အခြေခံလောက်ကိုမှ ပြုပြင်ပြောင်းလဲရေး

    မလုပ်နိုင်ဘဲနဲ့တော့ ဒီမိုကရေစီ ဆိုတာကြီးကိုလည်း

    တောင်းဆို မနေကြပါနဲ့တော့ …။
    ———-
    ဘုရားဖြစ်ဖို့ဆိုရင် ပါရမီများစွာကို ဖြည့်ခဲ့ရပါတယ် …

    အဲဒီ ပါရမီတွေထဲမှာ တရားမျှတမှု အခြေခံများစွာ

    နဲ့ လူသားကောင်းကျိုးများစွာ ပါခဲ့ပါတယ် ခင်ဗျား …

    ဘုရား ဖြစ်မှ အလုံးစုံကို ဖြေရှင်းနိုင်ခဲ့တာ မဟုတ်ပါ …

    မဖြစ်မီ နုစဉ် ၊ ရင့်စဉ် ကာလပေါင်းများစွာ …

    အခြေခံ လူသား ပြဿနာတွေကို ဖြေရှင်းရင်း

    ပါရမီဖြည့်နိုင်ခဲ့လို့သာလျှင် ဘုရား အဖြစ်ကို ရတာပါ ။

    Al Khon Bransai

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: