အဖြူရောင်ကဒ် (သို့မဟုတ်) နိုင်ငံသားများအား မတရားကျွန်ပြုနေမှု ကို ဆန့်ကျင်ကြ

အဖြူရောင်ကဒ် (သို့မဟုတ်) နိုင်ငံသားများအား မတရားကျွန်ပြုနေမှု ကို ဆန့်ကျင်ကြ
============================================
ပုံပါ ဓာတ်ပုံ နှစ်ပုံဟာ ယခု ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ကိန်းဘရစ်မြို့ ရှိ ဟားဗတ်တက္ကသိုလ် မှာ ပြုလုပ်သွားခဲ့တဲ့ ရိုဟင် ဂျာ များအား တစ်ငွေ့ငွေ့နဲ့ မျိုးဖြုတ်ရန် ကြံစည်ခံနေရမှု ဆိုင်ရာ ညီလာခံမှာ ရိုဟင်ဂျာ ဘ လော့ဂါ ရဲ့ တာဝန်ရှိသူတစ်ဦး နဲ့ အလယ်တန်းကျောင်းဆရာမဟောင်း တစ်ဦးဖြစ်သူ ၊ ဗြိတိန် နိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားနေသူ အန်တီ ဒေါ်ခင်လှ က ရိုဟင်ဂျာများကို ၁၉၈၂ နိုင်ငံသား ဥပဒေ ဆိုတဲ့ ဆိုးယုတ်လှတဲ့ မတရားကြံစည်မှုကြီးနဲ့ ဘယ်လို လုပ်ကြံနေကြသလဲ ဆိုတာကို ရှင်းပြနေပုံပါ။

ရိုဟင်ဂျာ လို့သာ ပြောသွားပေတဲ့ တကယ်တမ်းမတော့ ရိုဟင်ဂျာတွေ အပြင် မြန်မာပြည်ရဲ့ အခြားသောအစိတ်အပိုင်းအသီးသီးမှာ နေထိုင်နေကြတဲ့ မြန်မာမွတ်စလင်မ် အများစုကြီး ဟာ လည်း ဒီလို လုပ်ကြံယုတ်မာနေမှုကြီး ရဲ့ ဒဏ်ကို ခံနေကြရတာ သန်းပေါင်းများစွာ ရှိနေ ပါ တယ်။ ဒီမြေဒီရေမှာ ဘိုစဉ်ဘောင်ဆက် မွေးဖွားကြီးပြင်းလာကြသူအချင်းချင်း ဒီမတရားမှုကြီး ကနေ ရုန်းဆန်နိုးထ ကြဖို့ သတိရှိကြပါတော့၊ သတ္တိမွေးပြီး ရုန်းထကြိုးပမ်းကြပါတော့လို့ သာ နှိုးဆော်လိုပါတယ်။

အဖိုးဖြစ်သူလက်ထက်က တင်းပြည့်နိုင်ငံသားအဖြစ် အဲ့ဒီခေတ်က လူတိုင်းကိုင်တဲ့ အစိမ်းရောင် နိုင်ငံသားကဒ်ကို ကိုင်ခဲ့သူ။ အဲ့ .. အဲ့ဒီအဖိုးဖြစ်သူရဲ့ မြေးဖြစ်သူ လက်ထက်ကျတော့ နိုင်ငံသား မဟုတ်တဲ့ ပြည်ပက ခိုးဝင်လာကြောင်း သံသယ ရှိခြင်းခံရသူ အဖြစ် အစ္စလာမ်ဘာသာ ကိုး ကွယ်နေခြင်းမှအပ တခြားအကြောင်းတစ်စုံတစ်ရာ မရှိဘဲ အတင်းအကြပ် စွပ်စွဲခြင်းခံရတယ်။

အဲ့ဒီ အဖြူရောင်ကဒ် ကို ကိုင်ထားသူဟာ အခုမြန်မာဖက်ဆစ်တွေ ပြောနေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ အရဆိုရင် သူကိုယ်တိုင်က သူ့တစ်သက်မှာ ဘယ်တော့မှ နိုင်ငံသားမဖြစ်နိုင် တော့သလို သူကပေါက်ဖွားလာမယ့် မြေးဖြစ်သူ လက်ထက်ကျမှ နိုင်ငံသားပြုခွင့် လျှောက် ထားရင် စဉ်းစားပေးမယ်လို့ ဆိုထားတယ်။ စဉ်းစားပေးမှာနော်။ လျှောက်ထားတိုင်း နိုင်ငံသား ပေးမယ်လို့ ဆိုထားတာမရှိဘူး။

စဉ်းစားကြည့်ကြပေါ့။ လူတစ်ယောက်ဟာ သူ့အဖိုးလက်ထက်က နိုင်ငံသားအပြည့်အ၀ ဖြစ်ခဲ့ သူ ကပေါက်ဖွားလာတယ်။ ဟော .. သူ့လက်ထက်ကျတော့ နိုင်ငံခြားက ခိုးဝင်လာသူ အဖြစ်စွပ်စွဲခံရရုံတင်မက၊ နိုင်ငံသားအဖြစ်ကနေပါ ဆုံးရှုံးသွားတယ်။ သူတင်ဆုံးရှုံးတာမဟုတ်ဘူး။ သူကမွေးဖွားလာမယ့် သားမြေးတွေကိုပါ ဘယ်တော့မှ လူတောဝင်မတိုးရဲတော့အောင် ကျွန်ပြုလိုက်တာပါပဲ။

ပြထားတဲ့ ပုံရဲ့ အပေါ်ပုံဟာ အဖိုးဖြစ်သူရဲ့ နိုင်ငံသားကဒ် ပုံဖြစ်ပြီး အောက်ကပုံကတော့ နိုင်ငံမဲ့ဖြစ်သွားရတဲ့ မြေး ကိုအတင်းအကြပ်ပေးထားတဲ့ ချေးကုန်းစက္ကူစုတ်ထက်တောင် ယုတ်ညံ့လှတဲ့ ၀ှိုက်ကဒ် ခေါ် အဖြူရောင် ကဒ်ပြားပါပဲ။

ဒီလို အကျည်းတန် အရုပ်ဆိုးလှတဲ့ မတရားပြုကျင့်နေမှုတွေ ကို ရခိုင်မှာသာမဟုတ်၊ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ အထူးသဖြင့် ဘာသာမတူသူတွေ၊ အထူးသဖြင့် အစ္စလာမ်ဘာသာဝင် တွေကို လုပ်နေကြတာပါ။ ဟော .. အဲ့သလိုလုပ်လာရာကနေ နည်းနည်း အရှိန်ရလာပြီ ဆိုရင် အခုရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ တစ်သိန်းခွဲလောက်ကို ဒုက္ခသည်စခန်းတွေထဲကနေ ထွက်ခွာခွင့်မပေးတော့ဘဲ တတိယနိုင်ငံကို မောင်းထုတ်မယ် ဆိုတဲ့ ပုံစံမျိုး မနက်ဖန် မြန်မာပြည် အနှံ့က မြန်မာမွတ်စလင်မ် တွေကိုလည်း လုပ်လာကြတော့မယ်ဆိုတာ သတိချပ်မိကြစေဖို့ သတိပေးပါတယ်ခင်ဗျာ။

ဒီ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ဆိုတာဟာ ဘယ်နိုင်ငံတကာ ဥပဒေနဲ့မှ ဘောင်မ၀င် သလို မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်း ပါ စံများနှင့်လည်း ဖြောင့်ဖြောင့်ကြီး ဖီလာဆန့်ကျင်ဖြစ်နေသည်ကို သိထားရမည်ဖြစ်ပါသည်။ သို့အတွက်ကြောင့် ထို ဖက်ဆစ် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ နှင့် ၎င်းနှင့် တစ်နွယ်ငင်တစ်စင်ပါ ဆိုသလို ကပ်ပါလာသည့် နိုင်ငံသားသံသယ (၀ှိုက်ကဒ်) ခေါ် အဖြူရောင် မှတ်ပုံတင်ဆိုသည့် စက္ကူစုတ် များ ဖြင့် အနိုင်ကျင့်နေခြင်းကို ဆန့်ကျင်ကြပါစို့။
ထိုသို့ဆန့်ကျင်ခြင်းသည် ကြောက်စရာလန့်စရာ မဟုတ်ဘဲ သင်နှင့် သင်၏ သားမြေးများအား မတရား ကျွန်ပြုနေခြင်းမှ ရုန်းထွက်ရန် တရားသဖြင့်ကြိုးစားနေခြင်းဖြစ်ကြောင်း သတိချပ်သင့် ပါသည်။ လိုအပ်သည်ထက် ပိုကြောက်လန့်စိုးရွံ့နေခြင်းများအား ယနေ့မှစ စွန့်လွှတ်လိုက်ကြ ပါစို့။ မိမိအခွင့်အရေးအတွက် မိမိတို့ တိုက်ပွဲဝင်ကြပါစို့။

(ရောဘတ်အယ်လ်ဟို့စ်)

(ယခုလာမည့် ၂၀၁၅ ခုနှစ်၊ နှစ်ဆန်းတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအား ဗမာအစိုးရ၏ အလိုကျ နိုင်ငံခြားသားများအဖြစ် ပုံဖော်နိုင်ရေး ထပ်မံကြိုးစားကြဦးမည်ဟု သိရပါသည်။ အကြောင်းခြင်းရာချင်း တိုက်ဆိုင်နေသည့် ယင်းသို့သော အချိန်တွင် အများပြည်သူများ awareness ရှိစေရန် ရည်ရွယ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့က တင်ခဲ့သည့် ပို့စ်အဟောင်း တစ်ခုအား ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: