“မြို့တော်ရန်ကုန်” ၄င်းဒေသအတွင်းသို့ တပ်မတော်သားများ လက်နက်ကိုင်ဖို့ ဝေးလို့ ယူနီဖောင်းဝတ်၍ပင် မ၀င်ရ။ ” Roman General and army cannot cross the Rubicon

“မြို့တော်ရန်ကုန်ရှိရာ cantonment area ခေါ် ဒေသကိုမူ နေပြည်တော် ရဲမင်းကြီးက သီးခြားကွပ်ကဲသည်။ ၄င်းဒေသအတွင်းသို့ တပ်မတော်သားများ လက်နက်ကိုင်ဖို့ ဝေးလို့ ယူနီဖောင်းဝတ်၍ပင် မ၀င်ရ။ အကြောင်းရှိ၍ ဖြတ်သန်းပါက ခွင့်ပြုမိန့်ပါမပါ MP တပ်ထိန်းက စစ်ဆေးသည်။ …This reminds me of the ancient Romans’ rule of forbidding their Roman Generals from entering the capital with uniform or with his soldiers..to prevent Coup d’état ….Reference here @   The idiomCrossing the Rubicon“.

ရဲမင်းကြီးအား ရဲတပ်ကြပ်က ဖမ်းလို့ရသည့်ခေတ်

ဝင်းအောင်ကြီး
၁၉၉၂ ခု၊ ကျနော် မြန်မာပြည်တွင် ရှိနေစဉ်ကပါ။ သမိုင်းလမ်းစုံသို့ အင်းစိန်လမ်းမကြီး အတိုင်းမောင်းလာသော ကုန်တင်ကားကြီး ယာဉ်ထိန်းရဲကိုမြင်သောအခါ ထိုးရပ်ပြီးငွေစက္ကူများ လှမ်းပေး၏။ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော စစ်သားက စောင့်ယူကာ သူ့အိတ်ထဲထည့်လိုက်သည်။
၂၀၁၃ ခု၊ ကျနော် မြန်မာပြည်သို့ ခေတ္တပြန်သွားစဉ် သူငယ်ချင်း၏သားက သူ့ကားလေးနှင့် ဟိုဟိုဒီဒီလိုက်ပို့ရင်း ယာဉ်ထိန်းရဲကတား၏။ နံပါတ်မရှိသော ကားပေမယ့် လိုင်စင်ထုတ်ပြသောအခါ လေးစားပါတယ်ဗိုလ်မှူးဟု မျက်နှာငယ်လေးနှင့် တောင်းပန်နေသည်။
၁၉၄၈ ခု၊ လွတ်လပ်ရေး ရစကာလတွင်မူ—။
ရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီး လက်အောက်၌ရှိပြီး လက်နက်အစ သင်တန်းအဆုံး အကုန်လုံး သီးခြားလွတ်လပ်သော ဌာနဖြစ်သည်။ ရဲမင်းကြီးလက်အောက်၌ တိုင်း ခရိုင် နယ် မြို့ စသဖြင့် အဆင့်ဆင့်နှင့် စနစ်တကျ လုပ်ဆောင်၏။ သို့သော် မြို့တော်ရန်ကုန်ရှိရာ cantonment area ခေါ် ဒေသကိုမူ နေပြည်တော် ရဲမင်းကြီးက သီးခြားကွပ်ကဲသည်။
၎င်းဒေသအတွင်းသို့ တပ်မတော်သားများ လက်နက်ကိုင်ဖို့ ဝေးလို့ ယူနီဖောင်းဝတ်၍ပင် မ၀င်ရ။ အကြောင်းရှိ၍ ဖြတ်သန်းပါက ခွင့်ပြုမိန့်ပါမပါ MP တပ်ထိန်းက စစ်ဆေးသည်။ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အတွက်သာလုပ်ဆောင်ပြီး၊ အရပ်ဘက်ကိစ္စရပ်များကိုမူ တရားရုံးများနှင့် ရဲတပ်ဖွဲ့ကသာ ကိုင်တွယ်ရသည်။
ရဲတပ်ဖွဲ့ချုပ်တွင်လည်း စုံစမ်းရေးဌာ၊ မှုခင်းဌာန စသဖြင့် စုံစုံလင်လင် ရှိ၏။
၁၉၄၉ ခု၊ သင်္ဃန်းကျွန်း၊ စော်ဘွားကြီးကုန်းတို့အထိ သူပုန်ရောက်နေချိန် ရန်ကုန် မြို့တော်တွင်း ပြဿနာများကို နေပြည်တော် ရဲမင်းကြီးနှင့်၎င်း၊ တိုခိုက်ရေးကို ဗိုလ်မှူးချုပ်ကျော်ဇောနှင့်၎င်း ဆောင်ရွက်ပုံ ၀န်ကြီးချုပ် သခင်နုက ရေးသားခဲ့သည်။
တနင်္ဂနွေတနေ့ နေပြည်တော် ရဲမင်းကြီးဦးအောင်ချိန် ကိုယ်ပိုင်ကားမောင်းသွားစဉ် လက်ပြရဲတပ်ကြပ် တားသည့်ကြား ဆက်မောင်းသွားမိရာ ၀ီစီမှုတ်ရပ်ခိုင်း၊ လိုင်စင်စစ်သောအခါ ငါ CP (Commissioner of Police) ပါလို့ပြောသောအခါ CP ကို PC ( Police Corporal) ရဲတပ်ကြပ်ဖမ်းတယ်ဟု ဆိုကာအရေးယူလိုက်ပုံ သတင်းစာတွေထဲ မျက်နှာဖုံးကပါလာသည်။
ဒဏ်ငွေထမ်းဆောင်ပြီးနောက် နေပြည်တော် ရဲမင်းကြီးက ရဲတပ်ကြပ်ကြည်ခင်အား အမှုထမ်းကောင်း လက်မှတ်ပေးသည့်သတင်း လည်းဖတ်ခဲ့ရ၏။
၁၉၆၂ ခု၊ တပ်မတော်အပါအ၀င် တပြည်လုံးစစ်အစိုးရ လက်အောက်ရောက်သွားချိန် ရဲတပ်ဖွဲ့လည်း ပါသွားပြီး အထူးအနှိမ်ခံရရာ၊ အစည်းအဝေးတခု၌ မခံနိုင်သော ရဲအရာရှိတယောက်က ကျနော်တို့ရဲတွေလည်း ကိုယ့်ဂုဏ်သိက္ခာနဲ့နေချင်တာပေါ့ဟု ပြောဆိုမိ၍ အလုပ်ထွက်ရ၊ တက္ကစီမောင်းစား၊ နောက်တော့ ကုလသမဂ္ဂမှာ အလုပ်ရသွားသည်။
အဲဒါ မြန်မာပြည်မှာ တကယ်ရှိခဲ့ တကယ်ဖြစ်ခဲ့တာပါ။ ဘာ့ကြောင့် မြန်မာပြည် အဲဒီလိုဖြစ်သွားရသနည်း? စာဖတ်သူတို့ စဉ်းစားတွေးတောကြပါက ရေးရကျိုးနပ်ပါမည်။
၂၀၁၄ ခု၊ ဒီဇင်ဘာလ ၇ ရက်နေ့။

U Aung Tin

မြန်မာကို အရင်တုန်းက စင်္ကာပူ၊ ကိုရီးယား၊ ထိုင်းတို့ ဘာလို့ အတုယူခဲ့ကြလဲ။ အားကျကြသလဲ။

နယ်စပ်က ထိုင်းတွေ ကားမြင်ဖူးအောင်၊ ရုပ်ရှင်ကြည့်ဖူးအောင် ဘာဖြစ်လို့ မြဝတီကို ကူးလာခဲ့ရသလဲ။

မြန်မာလုပ် ကြက်ဆင်ဖဲထီး၊ လီဘားဆပ်ပြာ၊ တယောစွပ်ကျယ် စသဖြင့်တို့ကို ဘာဖြစ်လို့ ထိုင်းတွေက သူတို့နိုင်ငံထဲကို မှောင်ခိုကုန်ကူးခဲ့ကြသလဲ။

အိန္ဒိယ၊ ရုရှားလို နိုင်ငံတွေကတောင် ဘာဖြစ်လို့ မြန်မာဆီက ကုန်ပစ္စည်း အကြွေးယူနေခဲ့ကြရသလဲ။

အရှေ့တောင်အာရှမှာ ရန်ကုန်ဆိပ်ကမ်းနဲ့ ရန်ကုန်လေဆိပ်က ဘာဖြစ်လို့ အကြီးကျယ် အခမ်းနားဆုံး ဖြစ်ခဲ့ရသလဲ။

မြန်မာကျပ်ငွေကို တစ်ကမ္ဘာလုံး ကြိုက်တဲ့နိုင်ငံမှာ ဘာဖြစ်လို့ သုံးစွဲလို့ ရနေခဲ့ရတာလဲ။

ဘာဖြစ်လို့ အာရှထိပ်တန်းနိုင်ငံဖြစ်ခဲ့ရသလဲ။

ဒုတိယကမ္ဘာစစ်အပြီး အာရှမှာ ဂျပန်ပြီးရင် စီးပွါးတိုးတက်ဖို့ အလားအလာအကောင်းဆုံး နိုင်ငံအဖြစ် ဘာဖြစ်လို့ ကုလသမဂ္ဂက သတ်မှတ်ခဲ့ရတာလဲ။

ဘာဖြစ်လို့ အခုလို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂက ပြန်သတ်မှတ်ရအောင် ဒီဘဝဆိုးကို ရောက်နေရသလဲ။

ဘာဖြစ်လို့ မြန်မာနိုင်ငံသားတွေ ကမ္ဘာ့နိုင်ငံတိုင်းလိုမှာ အခုလို မျက်နှာငယ်နေရတာလဲ။

တပ်မတော် ကျေးဇူးပါ။

အခုကော ဒီဘဝဆိုးမျိုးက လွတ်မဲ့ကိန်း မြင်ကြပြီလား။

ကျနော်တို့တစ်တွေ လွတ်ကော လွတ်ချင်ကြရဲ့လား။

ဆရာ ဝင်းအောင်ကြီးက စဉ်းစားစရာကို ပေးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: