ဦးဂမ္ဘီရ၏ မျီုးစောင့်ဥပဒေ နှင့် သံဃာတော်တွေပေါ်အမြင် -၀၃-၁၂-၂၀၁၄

ဦးဂမ္ဘီရ၏ မျီုးစောင့်ဥပဒေ နှင့် သံဃာတော်တွေပေါ်အမြင် -၀၃-၁၂-၂၀၁၄

အစိုးရကိုဦးဆောင်ကံဆောင်ခဲ့တဲ့ ဂမ္ဘီရ၊
၂၀၀၇ ရွှဝါေ၇ာင်အရေးတော်ပုံ၏ဗိသုကာဂမ္ဘီရ၊
ထောင်ထဲမှာ လူသားမဆန်အဖိနှိပ်ခံရသော ဂမ္ဘီရ၊
မကျန်းမာတဲ့ကြားမှတိုင်းပြည်အတွက်ပေးဆပ်နေသော ဂမ္ဘီရ၊
လူမျီုး ပေါင်းစုံ၏ အချစ်တော် မဟုတ်မခံ ခုခံ တတ်သော ဂမ္ဘီရ ၊
သူ့ ရဲ့ပေးဆပ်မှုကို အသိအမှတ်ပြု၏၊
သူ့ ကို ကျနော် အမြဲ တူသားရင်း လို ချစ်ခင်လေးစားပါ၏ ။

မောင်ကျော်နု

ကိုယ်ချင်းစာတရားမထားနိုင်ပဲ ကိုယ်ချင်းစာတရားကိုအလေးအနက်ဟောကြားပြဌာန်းခဲ့တဲ့
ဗုဒ္ဓရဲ့သာဝကအဖြစ်မခံယူပါနဲ့။ အရှင်ဘုရားတို့ကြောင့်သာသနာညစ်နွမ်းပါတယ်။
ဒီလိုရေးလိုက်လို့များတပြည့်တော်ကိုကံဆောင်ချင်တယ်ဆိုရင်လည်း ကံဆောင်လို့ရပါတယ်။ တပြည့်တော်က တခြားလူမဟုတ်ပါဘူး။ အရှင်ဘုရားများအခုဦးတိုက်အလုပ်အကြွေးပြုနေတဲ့စစ်
အစိုးရကိုဦးဆောင်ကံဆောင်ခဲ့တဲ့ ဂမ္ဘီရပါ။ ဆိုတော့ကာ … အရှင်ဘုရားများကံမဆောင်ခင်ကတည်းက တပြည့်တော်က အရှင်ဘုရားများရဲ့ဆရာကြီးတွေကို ကံဆောင်ထားခဲ့ပြီးသားဖြစ်ပါတယ်။၂၀၀၇ခုနှစ်ပတ္တနိက္ကုဇ္ဇနကံဆောင်ထားတာကို အခုထိသပိတ်မလှန်သေးပါဘူး။
လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ညှင်းဆဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

မေတ္တာဖြင့်
ဂမ္ဘီရ

ယခုတလော မြန်မာ့နိုင်ငံရေးမှာ သံဃာတော်တွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးသတင်းဆိုး
တွေချည်းပဲကြားနေဖတ်နေရသည်။ ကြားရတဲ့သတင်းဆိုးတွေက အခုမှကျန်းမာရေးပြန်ကောင်းခါ
စလူတစ်ယောက်ကို စားမ၀င်အိပ်မပျော်ဖြစ်စေသည်။ ဒီရက်အတွင်း ပြီးခဲ့တဲ့တနင်္လာနေ့မှာ မျိုးစောင့်ဥပဒေလေးခုထဲက ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းထွက်လာ
သည်။ တိုက်တိုက်ဆိုင်ဆိုင်တစ်ရက်တည်းမှာပဲ သံဃာတွေကို အပြင်ထွက်ဆိုင်မထိုင်ရ၊ ထိုင်လျှင်
ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်ဖမ်းမည်..တဲ့။ တစ်နိုင်ငံလုံးကျောင်းတိုက်တွေအားလုံးကိုစာထုတ်သည်။ နောက်ထပ်အဆိုးဆုံးတစ်ခုက သံဃာထုအတွင်းမှာ မဘသရဲ့လုပ်ရပ်တွေကိုမထောက်ခံတဲ့သံဃာ
တွေကိုကံဆောင်မည်..တဲ့။ ၀ိနယပါဠိတော်မှာအဲလိုပြဌာန်းထားတာမရှိပါဘူး၊ ဘာကြောင့်အခုလို
ဆုံးဖြတ်ရတာလဲဆိုတော့ သံဃာကြီးတွေကိုယ်တိုင်ဦးဆောင်လုပ်နေတာကိုမထောက်ခံလို့..တဲ့။ ကဲ….။ ဘယ်လိုလုပ်ကြမလဲ။ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မမူခင်မှာကော၊ပထမသံင်္ဃာယနာတင်ကတည်း
ကကော ဗုဒ္ဓဟောကြားခဲ့တဲ့ဓမ္မခန္ဓာ၈၄၀၀၀ကို ပယ်ဖြုတ်စရာမရှိ၊ ပြင်ဆင်ဖြည့်စွက်စရာမရှိလို့ အတည်ပြုခဲ့ကြပြီး အစဉ်အဆက်လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြပြီး သံင်္ဃာယနာတင်တာ
လည်း (၆)ကြိမ်တောင်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုတော့ ဓမ္မ၀ိနယလာမဟုတ်တာတွေကို သံဃာထုအ
တွင်းမှာစပြီးပြဌာန်းလာနေပါပြီ။ ဒါကိုအတည်ဖြစ်အောင်လုပ်ရင် သာသနာကွယ်ကြောင်းလုပ်ရပ်
ကိုလုပ်ဆောင်တာပဲဖြစ်ပါတယ်။ သာသနာကွယ်ကြောင်းတရားငါးပါးကိုလည်း အားလုံးသိထားပြီး
သားဖြစ်ပါတယ်။
သင်္ကန်းကြီးတွေဝတ်ထားပါလျက်နဲ့ အစိုးရခိုင်းဖတ်၊ စစ်ကျွန်ဖြစ်နေကြတဲ့ဝီရသူတို့အုပ်စု
ရဟန်းတစ်ချို့က ဘုရားခိုင်းတာမလုပ်၊ အစိုးရခိုင်းတာပဲလုပ်ပြီး အမျိုးသားရေး…အမျိုးသားရေးနဲ့
ကြွေးကြော်ကြပြီး ဘာသာရေးတွေအပြန်အလှန်မုန်းတီးအောင်လုပ်လိုလုပ်၊ လူသတ်ဝါဒတွေဟော
လိုဟောနဲ့ မိစ္ဆာဒိဌိဝင်တွေပေါများအောင်လှုံ့ဆော်လာလိုက်တာဟာ အခုဆိုရင်မြန်မာပြည်ဗုဒ္ဓဘာ
သာရဟန်းတွေကို နိုင်ငံတကာကအထင်သေးကဲ့ရဲ့ရှုံချလာနေကြပါပြီ။ ၉၆၉လုပ်ရပ်တွေ၊ မဘသလုပ်ရပ်တွေဟာလူသတ်ဝါဒ၊ မိစ္ဆာဒိဌိလုပ်ရပ်တွေပါ။ ဘုရားဟောအဆုံးအမတွေ၊ သင်ကြားချက်တွေနဲ့ လုံးလုံးကြီးဆန့်ကျင်ပါတယ်။ စစ်အာဏာရှင်စနစ်အဓွန့်
ရှည်ရေးရဲ့သားကောင်တွေအဖြစ်ချနင်းခံလိုက်ရတာ အခုဆိုရင်ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ
ကော၊ ရခိုင်တွေကောနှစ်ဖက်လုံးဟာ အပြန်အလှန်မုန်းတီးမှုတွေနဲ့၊ အပြန်အလှန်သံသယတွေနဲ့၊ အပြန်အလှန်ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေမလုံမခြုံခံစားနေကြရပြီး အခုအချိန်ထိမတည်မငြိမ်ဖြစ်နေဆဲပါ။ မိတ္ထီလာမြို့ကြီးဟာလည်း မြို့ပျက်ကြီးတစ်ခုအဖြစ်ရောက်ရှိ
သွားရပြီး ပုံမှန်ပြန်ဖြစ်ဖို့အများကြီးပြန်ကြိုးစားယူကြရတော့မှာပါ။ အဆိုးဆုံးကတော့ မွဲသထက်မွဲ၊ ငတ်သထက်ငတ်လာကြရတဲ့မြန်မာတွေဟာ စားဝတ်နေရေးအတွက်ပြည်ပထွက်အလုပ်လုပ်ကြရာ
တွေထဲက မလေးရှားရောက်မြန်မာအလုပ်သမားတွေ မကြာခဏသတ်ဖြတ်ခံလာနေကြရတာပါပဲ။ အသတ်မခံရတဲ့ (အသတ်မခံရသေးတဲ့) မလေးရှားရောက်မြန်မာတွေဟာလည်း နေ့စဉ်နာရီနဲ့အမျှ
အထိတ်တလန့် ကြောက်ကြောက်ရွံ့ရွံ့ နေထိုင်လုပ်ကိုင်နေကြရပါတယ်။ ၉၆၉ တို့၊ မဘသတို့
အနေနဲ့ သူတို့ကိုလည်းကိုယ်ချင်းစာနာဖို့လိုပါတယ်။ ကိုယ်လုပ်ချင်ရာတွေကို ငါတကောကောပြီးမ
လုပ်ပဲ အမှန်အမှားပြန်လည်ချင့်ချိန်ပြီး ကိုယ့်လုပ်ရပ်တွေမှားမှန်းသိရင်သိသိချင်းစွန့်လွှတ်ကြဖို့၊ နောက်ထပ်မလုပ်ကြဖို့လိုအပ်ပါတယ်။
အမျိုးသားရေးတို့၊ မျိုးချစ်စိတ်ဓါတ်ထက်သန်ရေးတို့ဟာ တခြားဘာသာအယူဝါဒတွေကိုစော်
ကားမော်ကားလုပ်ပြီး၊ အနိုင်ကျင့်ဗိုလ်ကျပြီးထူထောင်ရတာမဟုတ်ပါဘူး။ အဲဒါကလူရမ်းကားတွေ
ရဲ့လုပ်ရပ်တွေ၊ လူ့အန္ဓတွေရဲ့လုပ်ရပ်တွေပါ။ အဲဒါတွေကိုယဉ်ကျေးတဲ့လူ့အသိုင်းအ၀န်းကဘယ်သူ
ကမှ မထောက်ခံပါဘူး။ မထောက်ခံတဲ့အပြင် ကဲ့ရဲ့ရှုံ့ချရွံမုန်းကြပါတယ်။ ဒါကြောင့်လည်းအခု ၉၆၉
ဆိုတာတွေ၊ မဘသဆိုတာတွေကို နိုင်ငံတကာက အပြင်းအထန်ကန့်ကွက်ရှုံ့ချနေကြတာဖြစ်ပါ
တယ်။ အခုဘာမှမဖြစ်သေးဘူးဆိုပြီး ဘာမှမဖြစ်ဘူးလို့မထင်ပါနဲ့။ နိုင်ငံတကာရာဇ၀တ်ခုံရုံးတွေမှာ
မှတ်တမ်းတွေနေ့စဉ်လုပ်ပါတယ်။ တစ်နေ့ရင်ဆိုင်ရမှာပါ။
တကယ်တိုင်းပြည်ကိုချစ်ရင်၊ လူမျိုးကိုချစ်ရင်၊ ဘာသာသာသနာကိုချစ်ရင် ဗုဒ္ဓအဆုံးအမအ
တိုင်းလိုက်နာကျင့်ကြံရမှာပါ။ အများကြီးပြောရင်မမှတ်မိမှာဆိုတော့ တိုတိုပဲပြောပါရစေ။ “ကိုယ်ချင်းစာတရားထားပါ” “ကိုယ်ချင်းစာတရားထားပါ။ ” ” ကိုယ်ချင်းစာတရားထားပါ။ ”
ကိုယ်ချင်းစာတရားမထားနိုင်ပဲ ကိုယ်ချင်းစာတရားကိုအလေးအနက်ဟောကြားပြဌာန်းခဲ့တဲ့
ဗုဒ္ဓရဲ့သာဝကအဖြစ်မခံယူပါနဲ့။ အရှင်ဘုရားတို့ကြောင့်သာသနာညစ်နွမ်းပါတယ်။
ဒီလိုရေးလိုက်လို့များတပြည့်တော်ကိုကံဆောင်ချင်တယ်ဆိုရင်လည်း ကံဆောင်လို့ရပါတယ်။ တပြည့်တော်က တခြားလူမဟုတ်ပါဘူး။ အရှင်ဘုရားများအခုဦးတိုက်အလုပ်အကြွေးပြုနေတဲ့စစ်
အစိုးရကိုဦးဆောင်ကံဆောင်ခဲ့တဲ့ ဂမ္ဘီရပါ။ ဆိုတော့ကာ … အရှင်ဘုရားများကံမဆောင်ခင်ကတ
ည်းက တပြည့်တော်က အရှင်ဘုရားများရဲ့ဆရာကြီးတွေကို ကံဆောင်ထားခဲ့ပြီးသားဖြစ်ပါတယ်။၂၀၀၇ခုနှစ်ပတ္တနိက္ကုဇ္ဇနကံဆောင်ထားတာကို အခုထိသပိတ်မလှန်သေးပါဘူး။
လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ညှင်းဆဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

မေတ္တာဖြင့်
ဂမ္ဘီရ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: