Total number of monks, novices and nuns သင်္ကန်းဝတ်ဖြင့် လိမ်လည်အလှူခံနေသူများကို အရေးယူ

At the present i.e. December 2015 there are:

  1. Monasteries — 61965
  2. Monks———278853
  3. Novices ——–272714
  4. Nuns ———–55608
  5. Total———607174

လက်ရှိတွင် နိုင်ငံ၌ဘုန်းတော်ကြီးကျောင်းပေါင်း ၆၁၉၆၅ ကျောင်းတွင် ရဟန်း တော်ပေါင်း ၂၇၈၈၅၃၊ သာမဏေ ပေါင်း ၂၇၂၇၁၄ ပါးတို့ သီတင်း သုံးနေထိုင်နေသည်။ ယင်းအပြင်သီလရှင် အပါးပေါင်းက ၅၅၆ဝ၈ ရှိနေကြောင်း သာသနာရေး ဝန် ကြီးဌာနမှ သတင်းရရှိသည်။

Popular Myanmar ::–

ရန်ကုန်ဘူတာကြီးတစ်ဝိုက် သင်္ကန်းဝတ်ဖြင့် လိမ်လည်အလှူခံနေသူများကို အရေးယူ ၊ နှစ်ရက် အတွင်း ၁၀ ဦးဖမ်းမိ

Thursday :- 10 : December :- 2014

လိမ်လည် အလှူခံနေသည့် သင်္ကန်းဝတ် အမျိုးသား ၈ဦးနှင့် သီလရှင်အယောင်ဆောင်၍အလှူ ခံသော အမျိုးသမီး ၂ဦးတို့ကို နှစ် ရက်အတွင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့က နိုင်ငံတော် သံဃ မဟာနယက၏ အကူအညီရယူ ကာ ဖမ်းဆီးလိုက်သည်။
::
မင်္ဂလာတောင်ညွှန့်မြို့နယ် ရန်ကုန်ဘူတာကြီး တစ်ဝိုက်နှင့် ကမာရွတ်မြို့နယ်တို့တွင် ဒီဇင် ဘာ ၈ ရက်နှင့် ၉ ရက်နေ့၌ ၄င်းတို့ ကို ထိန်းသိမ်းလိုက်ခြင်းဖြစ်သည် ဟု သာသနာရေး ဝန်ကြီးဌာနက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်လိုက်သည့် သာသနာတော် သန့်ရှင်းစင်ကြယ်ရေး ခေါင်းစဉ် ဖြင့် ရက်အကန့်အသတ်မထား ဘဲ မြို့နယ်ပေါင်း ၄၂ မြို့နယ်တွင် စီစဉ် သည့် ယင်းစီမံချက်အရ လက် ရှိတွင် ဖမ်းဆီးထိန်းသိမ်းလိုက် သည့် သင်္ကန်းဝတ်ပေါင်းက ၁ဝဝ ကျော်ပြီဟု သိရသည်။
::
ဖမ်းဆီးရမိခဲ့သည့် သင်္ကန်းဝတ် လူပုဂ္ဂိုလ်များကို ထောင်ဒဏ် နှစ်နှစ်အထိချမှတ်၍ရသည့် သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅/က ဖြင့် အမှုဖွင့်အရေးယူ လိုက်ပြီး မှတ်ပုံတင်ရှိသည့် ရဟန်းတော်တို့ကိုမူ မူလကျောင်းတိုက် သို့အပ်နှံ၍ နောက်နောင်မပြုလုပ် ရန် ခံဝန်လက်မှတ်ရေးထိုးခိုင်းထား သည်ဟု သိရသည်။
::
လက်ရှိတွင် နိုင်ငံ၌ဘုန်းတော်ကြီးကျောင်းပေါင်း ၆၁၉၆၅ ကျောင်းတွင် ရဟန်း တော်ပေါင်း ၂၇၈၈၅၃၊ သာမဏေ ပေါင်း ၂၇၂၇၁၄ ပါးတို့ သီတင်း သုံးနေထိုင်နေသည်။ ယင်းအပြင်သီလရှင် အပါးပေါင်းက ၅၅၆ဝ၈ ရှိနေကြောင်း သာသနာရေး ဝန် ကြီးဌာနမှ သတင်းရရှိသည်။

Popular Myanmar ::–

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: