လေးပွင့်ဆိုင်ကိုသံယောင်လိုက်ခြင်း

လေးပွင့်ဆိုင်ကိုသံယောင်လိုက်ခြင်း

(၁)

တကမ္ဘာလုံးတွင် အကောက်ကျစ်ဆုံးစာရင်းဝင်
အာဏာရှင်အုပ်စု၏ Plan သည်..
ဘယ်တော့မှ ရိုးရိုးသားသားဖြစ်မလာနိုင်ပေ..

အာဏာရှင်အနွယ်များသည်…
စည်းစိမ်များ ၊ အခွင့်အရေးများကို မဆန့်မပြဲပိုက်ကာ
အာဏာရှင် ချပေးသော Plan အတိုင်း
အကောင်အထည် ဖေါ်နေကြသည်မှာ..
တိုင်းပြည် တည်ငြိမ်မှု ပျက်ပြားကာ
ဘာသာသာသနာ ညှိုးငယ်သည်အထိပင်ဖြစ်ပါသည်..၊

သူမကို အကျယ်ချုပ်မှလွှတ်ပေးကတည်းက..
လွယ်လွယ်ကူကူလွှတ်ပေးခြင်းမဟုတ်ဟု
ယူဆခဲ့သည်…

အကျယ်ချုပ်မှလွှတ်ပေးပြီးနောက်
ဒေါ်စုကို..
တစ်ဆင့်ပြီးတစ်ဆင့် ..
ထောင်ခြောက်ဆင်ခဲ့ပါသည်..

-ဘာသာရေးလူမျိုးရေး.၊
-လက်ပတောင်း၊
-ဆန်ရှင် ၊
-ပြည်တွင်းငြိမ်းချမ်းရေး
-လွှတ်တော်တွင်းဖိအားပေးခြင်း
-အမျိုးချစ်ယောင်ဆောင်ဇတ်လမ်းများ..
-ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု
-၄၃၆ ပြင်ဆင်ရေးရူးချင်ယောင်ဆောင်ခြင်း..
-လေးပွင့်ဆိုင်လက်မခံမှု
-PR စနစ်စတင်အကောင်ထည်ဖေါ်ခြင်း၊
-လေးပွင့်ဆိုင်တောင်းဆိုချက်ကို ရောချခြင်း..

စသဖြင့်..မီးကုန်ယမ်းကုန် နည်းကုန်သုံးခဲ့ပါသည်..၊

——————————-

(၂)

သူတို့ချပေးသော ဒီမိုကရေစီလမ်းကြောင်းသည်လဲ
ထို့အတူပင်ဖြစ်သည်….

အာဏာရှင်က ခေါင်းခေါက်ရွေးချယ်သော သမ္မတ၊
အာဏာရှင်ကခေါင်းခေါက် ရွေးချယ်သော ကာချုပ်..
အာဏာရှင်က ခေါင်းခေါက်ရွေးချယ်သော….လွှတ်တော်ဥက္ကဌ..

ယုတ်အစွဆုံး.
အာဏာရှင်က ခေါင်းခါက်ရွေးချယ်သော
ရွေးကောက်ပွဲကော်မရှင်.ဥက္ကဌ နှင့်ကော်မရှင်..၊

စသဖြင့်…ခေါင်းခေါက်ရွေးချယ်ခံသူများနှင့်သာ
ပြည့်နှက်နေပေသည်…

ထိုခေါင်းခေါက်ခံ များသည်..၂၀၀၈ အခြေခံဥပဒေ ကို
ကာကွယ်စောင့်ရှောက်ရေး ဟူသော.
အာဏာရှင်ရွေးချယ်သောလမ်းကြောင်းကို..
မဖြစ်မနေ..လျှောက်ရမည့်တာဝန်ရှိနေကြပါသည်..။

တိတိကျကျဆိုရလျှင်…

ဦးသန်းရွှေသည်…
တရားဝင်…နိုင်ငံတော်အာဏာကို..
ရယူအုပ်ချုပ်ခြင်းမရှိသော်လည်း..

ဦးသန်းရွှေ ရေးဆွဲခဲ့သော ၂၀၀၈ ခြေဥပေါ်မှသာ
လျှောက်လှမ်းရမည်ဆိုပါက…

ဦးသန်းရွှေ ရှိနေသည်သကဲ့သို့ ဖြစ်နေပြီး..
ဦးသန်းရွှေမှ တိုင်းပြည်အုပ်ချုပ်နေတာနှင့်..
ဘာများ ကွာခြားမည်နည်း…

————————-

(၃)

မကြာခင်ကမှ ပေါက်ကွဲလုနီးနီးဖြစ်ပြီး
စနက်တံကို ဆွဲဖြုတ်လိုက်နိုင်သည့်..

မန္တလေးကိစ္စကိုပဲကြည့်ပါ…
မဆိုင်ဘူးလို့ပြောလို့မရတော့ပါ..
သံဃာထု၏ အမျှော်အမြင်ရှိမှု..

ခဲပစ်ရာ မလိုက်တတ်သော..
မန္တလေးသူ မန္တလေးသားများ၏..
နားလည်သဘောပေါက်မှုကြောင့်..

မန္တလေး အရေးအခင်းငြိမ်သက်သွားပါသည်..

အရှိန်အဟုန်နှင့်ဖွံ့ဖြိုးတိုးတက်လျှက်ရှိသော
မန္တလေးမြို့ရှိ တိုက်တာအဆောက်အဦးများ
မီးဟုန်းဟုန်းတောက် ပြာကျမည့်ဘေးမှ လွတ်ကင်းခဲ့ပါသည်

ကြိုတင်ကြံစည်ထားသူများ..
အောင့်သီးအောင့်သက်နှင့်ခံလိုက်ကြရပါသည်..

မှန်းချက်နှင့်နှမ်းထွက်မကိုက်သူများ..
ကြိတ်၍ မျက်နှာအကြီးအကျယ် ပျက်ခဲ့ကြပါသည်..

ထို့နောက်….ထို့နောက်.
မကြာခင်မှာပင်..
ကြိုတင်တပ်ဆင်ထားပြီးဖြစ်သော..
PR လက်နက် စနစ်ကို အသုံးပြုကာ ..
စတင်ပစ်ခတ်လာခဲ့ပြန်သည်..

ထို PR လက်နက်ကိုလဲ ပြည်သူလူထုမှ
ဝိုင်းဝန်းကန့်ကွက်သောအခါ…

ရူးချင်ယောင်ဆောင်၍ မီးစတစ်စအဖြင့်
ထားရှိနေပေသည်..၊

——————————-

(၄)

ထို့နောက် ဒေါ်စုမှတောင်းဆိုသော.
လေးပွင့်ဆိုင်ဆွေးနွေးပွဲကို မှေးမှန်စေရန်အလို့ငှာ..
ဆယ့်လေးပွင့်ဆိုင်ဟူ၍
ကယောင်တကန်းထလုပ်ခဲ့ပေသည်..

ထိုရည်ရွယ်ချက်မအောင်မြင်သောအခါ..
ပြည်ထောင်စု လွှတ်တော်မှ (၆) ပွင့်ဆိုင်ကိုအတည်ပြုခဲ့သည်။

ထိုအတည်ပြုချက်ကု သမ္မတရော ကာချုပ်ရောက
လက်မခံခဲ့သည်မှာ ထူးခြားလွန်းလှပါသည်..၊

ထို့နောက်တွင် တိုင်းအဆင့်လွှတ်တော်မှ
(၁၂) ပွင့်ဆိုင်ကို အတည်ပြုခဲ့ပြန်သည်..၊

ပြည်ထောင်စုလွှတ်တော်မှ ၆ ပွင့်ဆိုင်အတည်ပြုသည်ကို
သမ္မတ နှင့်ကာချုပ်ကလက်မခံပဲ တိုင်းအဆင့်လွှတ်တော်က
အတည်ပြုသည့် (၁၂)ပွင့်ဆိုင်ကို သမ္မတနှင့် ကာချုပ်မှလက်ခံပါက
ပြည်ထောင်စုလွှတ်တော်သည်…ဘာဖြစ်သွားမည်နည်း..၊

ကိုယ့်ပေါင်ကိုယ်လှန်ထောင်း..
ကိုယ့်ထမန်းပန်ကန် ကိုယ်တံတွေးပြန်ထွေးသည့်
လုပ်ရပ်ပင်ဖြစ်ပါသည်…၊

အလွန်တရာအံ့သြဖွယ်ကောင်းသော..
အောက်တန်းကျ..အချိန်ဆွဲမှုများဟု…
ယူဆပါသည်..၊

—————————-

(၅)

ထို့ပြင် အေအိုင်အေဗိုလ်သင်တန်းကျောင်းကို
အမြှောက်နှင့်ပစ်ပြီး အူလည်လည်ဖြစ်နေသော
ငြိမ်းချမ်းရေးလုပ်ငန်းများကို…နင်းခြေပါတော့သည်..၊

ထိုအခြေအနေနှင့်တိုက်တိုက်ဆိုင်ဆိုင်..
ဦးနေ၀င်းမြေးများကို မသိမသာ ပွဲထုတ်ထားသည့်
သူရဲကောင်းစစ်သည်ဗိမာန်အလေးပြုပွဲကိုလဲ
ဖန်တီးခဲ့ပြန်သည်..

အံ့သြစရာကောင်းသည်က..
သူတို့ကိုယ်သူတို့ စစ်အစိုးရဟုပြောဆိုနေသည့်..
ဦးသန်းရွှေ အုပ်ချုပ်သော အနှစ် ၂၀ ကျော်နှင့်
ဦးသိန်းစိန် အုပ်ချုပ်သော ၄ နှစ်ခန့်အတွင်း..
အညတရကျဆုံးစစ်သားများကို သတိရသည့်
အနေအထားမရှိခဲ့ယုံမက..

နိုင်ငံတကာတပ်မတော်များတွင်ပြုလုပ်သကဲ့သို့
အညတရကျဆုံးစစ်သည်များ၏
အမည်များရေးထိုးထားသော
မော်ကွန်းကျောက်ပြားစိုက်ထူမှုများပင်..
မတွေ့ဘူးခဲ့ပေ…၊

ပိုဆိုးသည်က…

တပ်မတော်အစိုးရဟု..
သူတို့ကိုယ်တိုင်တစ်ဖွဖွပြောနေသော
ခေတ်ကျမှ …

စစ်တပ်အောက်ခြေအဆင့်များ၏
ဘ၀သည် စုတ်ပြတ်သတ်ခဲ့သည်မှာလဲ..
ဘယ်လို့မှမငြင်းနိုင်ပေ…

သဘောရိုးမဟုတ်သည်မှာ..
သေချာလှပေသည်…၊

——————————–

(၆)

တေကယ်တော့..သူတို့တွေ..
တကယ်ကို ကြောက်နေကြပါသည်.၊

၁၅ နှစ်လောက် ပြည်သူကို
လိမ်ညာအချိန်ဆွဲရေးသား ခဲ့သောနာဂစ်ဥပဒေ၏
ဟာကွက်များအား ဒေါ်စုက အချိန်အနည်းငယ်အတွင်း
ပြည့်စုံအောင်လုပ်နိုင်တာမျိုးကို
မြန်မာ့သမိုင်းတွင်…လုံးဝရေးသားချင်ပုံမရပါ ..၊

ထိုဥပဒေသည် ..
ဦးသန်းရွှေ ၏ နောက်ဆုံးသိက္ခာပင်…
စ်ြသောကြောင့်ပေတည်း။

စစ်အစိုးရလက်ထက်က..
ပွင့်လင်းမြင်သာမှုမရှိသောစီမံကိန်းအရှုပ်ထုတ်များ..၊
အပေးအယူများသည် လက်ရှိအစိုးရလက်ထက်တွင်
ဖုံးကြဖိကြ၊ ကြိတ်ရှင်းကြနှင့် (၅)နှစ်ခန့်မျှ…
အချိန်ဆွဲနိုင်သော်လည်း..၊

၂၀၁၅ တွင်သာ ပြည်သူ့ကိုဦးစားပေးကာ..
ပြတ်သားစွာလုပ်ကိုင်တတ်သည့်..
ဒေါ်စုသာ သမ္မတဖြစ်လာပါက…
မည်သို့ဖြစ်မည်ကို မခန့်မှန်းနိုင်ပဲဖြစ်နေပါသည်..

ထိုဇယားများကို…
မည်သို့အရေးယူဆောင်ရွက်မည်ကို
ခေါင်းခဲနေကြပုံရသော..
ကာယကံရှင်များသည်..
တနည်းပဲလုပ်စရာရှိပါသည် ၊

ဘယ်နည်းဖြစ်မည်နည်း ?

အဂတိလိုက်စားမှုအပါအ၀င် ငွေကြေးကိစ္စ..၊
အရှုပ်အထွေးများ ၊ ငွေမဲခ၀ါချမှုများ ၊
မူးယစ်ဆေးဝါးကိစ္စများ ကျုးလွန်ထားကြသော
ခရိုနီများ ၊ Higher Level အာဏာရှင်ဟောင်းများ ၊
အစိုးရအကြီးအကဲများ..
ဝန်ထမ်းအကြီးအကဲများနှင့်..
စစ်ခေါင်းဆောင်များသည်လည်း..
ဒြေါ်စု၏ အင်အားကြီးထွားမှုကို..
လျစ်လျှုရှုနိုင်မည်မထင်ပေ…

—————–

(၇)

တိုင်းပြည်ကို မဟာဗျူဟာအရ
လွမ်းမိုးထားနိုင်သော တရုတ်သည်.
အနောက်အုပ်စုအပါအ၀င် ကမ္ဘာမှ လက်ခံသော
ဒေါ်စုသာအာဏာရပါက..
၎င်း တို့၏ သြဇာပြုတ်ကျသွားနိုင်ပေသည်..

လွယ်လွယ်ရထားသော
စွမ်းအင်ဆိုင်ရာအရင်းအမြစ်များ..၊
စီမံကိန်းများ အပါအ၀င်..၊
အချက်အခြာကျအနေအထားများအား
ဆုံးရှုံးရမည်ကိုမဖြစ်လိုပေ…။

အိန္ဒိယသမုဒ္ဓရာသို့ ထွက်ပေါက်အဖြစ်ရရှိထားသော.
ရခိုင်ပြည်နယ်. ကျောက်ဖြူဒေသကိုဆုံးရှုံးရမည်စိုးသဖြင့် ..
၂၀၁၅ ခုနှစ် တွင်..ပညာတတ်ပြီး နိုင်ငံရေးအသိပညာကြွယ်ဝသော..
ကမ္ဘာ့ခေါင်းဆောင်များလေးစားခံရသော…
ဒေါ်စု (သို့မဟုတ်)ပညာရှင်တစ်ဦး
မြန်မာနိုင်ငံကို ခေါင်းဆောင်လုပ်နေခြင်းမရှိမှ
ဖြစ်ပေလိမ့်မည်..၊

တရုတ်တို့…လိုချင်တာသည်..
ကင်ဂျုံအွမ်လို ခေါင်းဆောင်မျိုး..၊
သန်းရွှေလိုခေါင်းဆောင်မျိုး..၊
အာဖရိကနိုင်ငံများမှ အာဏာရှင်များလိုခေါင်းဆောင်မျိုး
သာဖြစ်သည်။

ထို့ကြောင့်….တရုတ်သည် ..
သူ၏လက်တံ cell များကို ကစားနိုင်ပေသည်.၊

—————————–

(၈)

နောက်တစ်ခုက
အာဏာရှင်အနွယ်များ၏ ကြောက်ရွံ့မှုပင်
ဖြစ်ပါသည်..

အဓိက ကြောက်ရွံနေသည်က..
ဒေါ်စုအာဏာရပါက သူတို့အာဒ ကလဲ့စားချေမှာကို
စိုးရိမ်ခြင်းပင်ဖြစ်သည်..

ဒါပေသည့် ဒေါ်စုသည်…….ဖြူစင်ခဲ့ပါသည်။

အာဃာတ စကား တစ်ခွန်းမှ….မဟခဲ့ပေ..၊

ဒေါ်စုသာ…လူထုထောက်ခံမှုလိုချင်လို့..
.နိုင်ငံရေးအမြတ်ထုတ်ချင်သူဆိုပါက…
သူ့ကိုနှိပ်ကွပ်ခဲ့တာတွေကို..စီကာပတ်ကုံးပြောကာ.
.ပြည်သူ့မျက်ရည်ခြူခဲ့တာ…ကြာပြီဖြစ်သည်..

အဲဒါကြောင့်…၊
အပေါ်က…အချက်တွေကို…
မှန်မှန်ကန်ကန် လေ့လာသုံးသပ်ကြစေလိုပါသည်..

ဒေါ်စုဟာ.. ပရိယာယ်များတဲ့
ဒေသကြီးမှာ…သူ့ကိုယ်ပိုင်အလင်းရောင်လေးနဲ့..
လိမ္မာပါးနပ်စွာ..နေနေရတဲ့အနေအထားဖြစ်ပါသည်..

———————

(၉)

ဘာပဲပြောပြော.
ရိုက်သတ်လို့မကုန်သော စစ်ဗိုလ်ချုပ်များ.
.နှစ် ၃၀ လုံးလုံးမလုပ်နိုင်ခဲ့သော..

မြန်မာကိုကမ္ဘာက သိအောင်..လေးစားအောင် ..
၁နှစ် ၂ နှစ် တည်းနှင့် သူမလုပ်နိုင်ခဲ့သည်..

ထိုအချက်သည်…
တစ်ချိန်က သွေးနားထင်ရောက်ခဲ့သော..၊
အာဏာရှင်ဟောင်းများရဲ့
သိက္ခာကျအရှက်ရစရာအချက်တစ်ခုဖြစ်သလို.၊
မနာလိုမှုကြောင့် မစားရတဲ့အမဲသဲနဲ့ပက် လိုသည့်
အကြောင်းရင်းဖြစ်ပေသည်။

ကမ္ဘာကိုမြန်မာကလေးစားသမှုပြုကာစမှာ..
ကမ္ဘာကို မြန်မာက အရောဝင်လာကာစမှာ..
ဘယ်နွားများက…
အိုးမဲပြန်သုတ်နေသနည်း ??

အဖြေ ပြောစရာမလိုပါ….

————————

(၁၀)

တပ်မတော်သားစစ်စစ်ဟု…
ခံယူထားသူတစ်ချို့သည်..

မိမိကိုယ်ကို…
အာဏာရှင်ကိုဆန့်ကျင်သူ..
အာဏာရှင်ကို လက်မခံသူဟု…
ယူဆနေသော်လည်း..မိမိကိုယ်တိုင်..
အာဏာရှုင်၏ Road Map အတိုင်း…
သွားမိလျှက်သားဖြစ်နေတတ်ပြီး…

အာဏာရှင် ခင်းထားသော Platfom အတိုင်း…
လျှောက်မိရက်သားဖြစ်နေတတ်ကာ..

အာဏာရှင် ကြောက်ရွှံ့သောသူကိုရင်ဆိုင်ရာတွင်
အာဏာရှင်ဘက်က ..

အကူအညီပေးသူ ဖြစ်နေတတ်သည်ကို
သတိပြုသင့်ပါသည်..

(Pa Yit)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: