ယုန်လွတ်၊ ဖျံလွတ် ဒေါ်စု

ယုန်လွတ်၊ ဖျံလွတ် ဒေါ်စု

တိုင်းရင်းသားတွေဆီက အနည်းငယ်သော ယုံကြည်မှုအကျွင်းအကျန်လေးလည်း အခု အငွေ့ပျံသွားပြီ။

NLDနှင့် အတူ အစဉ်ရပ်ခဲ့သော ဒီမိုကရေစီအင်အားစုတွေလည်း သူ့သဘော သူဆောင်ကုန်ကြပြီ။

ဘာသာရေး လူနည်းစုတွေရဲ့ သံသယကလည်း အလွန်ကြီးမားလာပြီ။

မြန်မာလူမျိုးစုလည်း အမျိုး၊ ဘာသာ၊ သာသနာအလံလောက်မှာ အစိပ်စိပ် အမွှာမွှာကွဲနေပြီ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဖက်က အမြဲရပ်တည်ခဲ့သော သံဃာထုလည်း အနည်းစုဖြစ်ရပြီ။

ပတ္တနိကုဇ္ဇန သပိတ်ကံဆောင်ခံ၊ မီးလောင်ဗုံးသင်္ကန်း ဒါယကာဦးသိန်းစိန်ကို ထောက်ခံသော သံဃာတွေက အများစုဖြစ်ခဲ့ပြီ။

အဖမ်းခံနေရတုန်းက သူရဲကောင်း၊ လွတ်လာတော့ ငှက်ပျောတောမင်းသား။

သို့သော် အနူတောမှာတော့ လူချောဖြစ်လျှက်။

ဒေါ်စုတယောက်ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ပြည်သူက ပေးတဲ့ Mandate ကိုကျတော့ ဟင်းရွက်ကန်စွန်းလို တန်ဘိုးမထား စွန်ပစ်ခဲ့ပြီး အခုကျမှ အပွင့်ရောဂါထနေတာ ရှက်ဖွယ်စလိ။

ဖစ်သင့်တာက အဲသလို လေးပွင့်ဆိုင် မတောင်းဆိုခင် ဦးဝင်းတင်တို့တတွေ အစပျိုးလမ်းခင်းခဲ့ပြီး သူမလက်ကို ယုံယုံကြည်ကြည် လွှဲပြောင်းပေးခဲ့တဲ့ (အခု သူမ ချောင်ထိုးထားတဲ့) ဒုတိယပင်လုံကို အရင်ခေါ်၊ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ အကျေအလည်ဆွေးနွေး၊ တိုင်းရင်းသားပြည်သူတရပ်လုံးက ယုံကြည်စွာပေးမယ့် Mandate ကို ကိုင်ပြီး၊ ဟိုသတ္တဝါတွေကို တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းလာအောင် လူထုအင်အားဆိုတဲ့ ကြိမ်စကြာနဲ့ ရိုက်ခေါ်ရမှာ။

အခုတော့ ဒုတိယပင်လုံကိုလည်း ချောင်ထိုး၊ ပြည်တွင်းစစ်ပွဲမှာလည်း ဆိတ်ဆိတ်နေရုံမက ဖေဖေ့သတ်မတော်ကို မီးလေ အရမ်းချစ်ပါတယ် ပြောလိုပြော ဆိုတော့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို မရ။ လူထုအားနဲ့ ဖိအားပေးဖို့ကျတော့လည်း ခေါင်းဆောင်မှုကို မယူဝံ့။

ဘာဖိအားမှ မပေးဘဲ၊ ဘာ Mandate မှ မပါဘဲ “မီး… လေးပွင့်ဆိုင်တွေ့ချင်တယ်” အော်နေလို့ကတော့ တွေ့ရရင်တောင် ဟိုကောင်တွေ လှည့်လိုက်တာကို ထုံးစံအတိုင်း ချာလပတ်လည်ပြီး ပြန်လာရဦးမယ်။

စကားမစပ် ဒီကနေ့စတေ့တပ်စ်တခုမှာ ခဏတက်လာတဲ့ ဓါတ်ပုံတွေမှာ မင်္ဂလာမောင်မယ်ကို ဒေါ်စုက ခရုသင်းနဲ့ ရေစင်ဖြန်းပေးနေတာ မြင်တော့ သူမ လည်း မိန်းမခင်ညွန့် (Khin Nyunt in girl’s body) ပါတကား လို့ တွေးမိတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: