BUDDHA BAR ဖမ်းသင့်ဖမ်းထိုက်သူက လွတ်နေသေးလို့

BUDDHA BAR
************
U Ravika
ဖမ်းသင့်ဖမ်းထိုက်သူက လွတ်နေသေးလို့၊ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ငြိမ်နေလို့ ဒီပုံကို တင်တယ်။
ဒီမှာ ပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်းနဲ့ ငွေရေးကြေးရေးကို ပြန်စုံစမ်းသင့်တယ်။ သူတို့နောက်မှာ ငွေကြေးအရ အင်အားတောင့်တင်းတဲ့ အဖွဲ့ ရှိနေမလားပေါ့။
ဘရာဇီးက ပုံ တက်လာတာရယ်၊ ဒီပုံ တက်လာတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မွတ်တွေ တွဲနေတဲ့ပုံ တက်လာတာရယ်၊ မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ လုပ်နေတာရယ် ပေါင်းစုရင် အဓိကရုဏ်းများ ဖြစ်မလားဆိုပြီး စမ်းကြည့်ပုံ ရတယ်။ ဒါပေမဲ့ လူတွေက ငြိမ်နေလို့ အမာလိုင်းဖွတ်နဲ့စစ်တပ်တို့ ကြံရကြပ်နေလောက်ပြီ။
တိုင်းရင်းသားတွေကို သွားပစ်တော့လည်း ကချင်က ပြန်မပစ်တော့ စစ်တိုက်ပြီး အာရုံလွှဲချင်တဲ့ မင်းအောင်လှိုင် အကြံအိုက်သွားတယ်။ တိုင်းရင်းသားတွေက ရေရှည်အရ အကျိုးများတဲ့ စစ်တိုင်းတိုးချဲ့ခြင်းကိုပဲ လုပ်ခဲ့တယ်။ နောက်ပြီး ကချင်တို့က လစဉ်တွေ့ဖို့ ငြင်းဆိုလိုက်တယ်။ NCCT က အပစ်ရပ်ဆွေးနွေးဖို့ ဘရိတ်အုပ်ထားတယ်။ မင်းအောင်လှိုင် ဘာလုပ်မလဲ။
NLD ကို သွေးတိုးစမ်းနေတာ ကြာပြီ။ ဒါပေမဲ့ NLD က အလျှော့ပေးဝါဒကို ကျင့်သုံးနေလို့၊ စည်းရုံးရေး လုပ်နေလို့၊ လိမ်မာပါးနပ်စွာနဲ့ အရှောင်အတိမ်းကောင်းခဲ့လို့ ပြဿနာက ထင်သလောက် မကြီးဘူး။ အပူဟပ်ရုံပဲ ရှိတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်တို့ဘက်ကပဲ ဖွဲ့စည်းပုံကို ပြင်မလား၊ မပြင်ဘူးလား ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ဟိုက စောင့်နေပြီ။ တရားမျှတတဲ့ ရွေးကောက်ပွဲအတွက်။


ဒီစစ်တပ်၊ ဒီအစိုးရက ဘာပဲလုပ်လုပ် ဒီနှစ်ကုန်အထိ စောင့်ကြည့်ပါအုံး။ သူတို့ အလုပ်ရှုပ်နေပုံကို စောင့်ကြည့်ပါလေ။ အထူးသဖြင့် Buddha Bar ကိစ္စကို သူတို့ ဘယ်လိုအသုံးချမလဲ စောင့်ကြည့်သင့်တယ်။
သူတို့က ဒီတိုင်းပြည်တည်ငြိမ်အောင် လုပ်ရမဲ့ လူတွေ ဖြစ်သင့်တယ်။ အခုကျတော့ သူတို့က လူကြမ်းလုပ်ပြီးတော့ ဘေးလူက ဝင်ထိန်းနေရတဲ့ပုံစံ ဖြစ်နေတယ်။ တအာင်းဘက်မှာ တိုက်ပွဲ ပြင်းထန်နေတယ်။ တပ်က သွားတိုက်နေတယ်။ ကရင်နီဘက်မှာလည်း တပ်အင်အား တိုးချဲ့နေတယ်လို့ ကြားရတယ်။ (၁) စစ်တပ်က စစ်ရေးနဲ့ ဖိ၊ ဦးအောင်မင်းတို့က နိုင်ငံရေးနဲ့ မျှားခေါ်၊ ဘာအာမခံချက်မှ မပေးရဘဲ အပစ်ကို သူတို့ ရပ်ချင်တယ်၊ ပြီးတော့ လက်နက်ချရေးလမ်းစဉ်ကို လိုက်နာခိုင်းတယ်။ ဒါပဲပေါ့။
ရွှေတိဂုံမှာ လဒနားကတည်းက အတိတ်နမိတ်က သိပ်ကောင်းတာ မဟုတ်။
မြတ်ဗုဒ္ဓ နားကြပ်တပ်ခြင်းဟာ မဟာယာန၊ ဝဇီရာယာနတို့အမြင်နဲ့ ဘာမှ ဖြစ်လှမယ်မထင်ဘူး။ သူတို့ကိုယ်တိုင်က မြတ်ဗုဒ္ဓရုပ်ပွားတော်အမျိုးမျိုးကို တီထွင်ခဲ့ကြသေးတာပဲ။ သူတို့ တီထွင်တဲ့ မုဒြာများနဲ့ မြတ်ဗုဒ္ဓရုပ်ပွားတော်များကို လေ့လာရတာကလည်း စိတ်ဝင်စားစရာပဲပေါ့။ နောက်ပြီး တို့ဆီမှာ မရှိတဲ့ ဘုရားအလောင်းတွေကလည်း များသမို့ ခေတ်မီတဲ့ ဗုဒ္ဓဘာသာတစ်မျိုးပေါ့။

Thida Myint ရေ မဘသဆရာတော်အချို့က အသံတိတ်နေလို့ ဒီပုံများ မမြင်ရသေးဘူးလား ဆိုပြီး မြင်ရအောင် တင်ပေးလိုက်တယ်လို့ ယူဆပါ။ အတိုက်အခံတွေဘက်က မလုပ်ခဲ့တဲ့ အလုပ်ကို ကြီ်းကြီးကျယ်ကျယ် ဝေဖန်တတ်တဲ့ အဲဒီဆရာတော်တွေဟာ Buddha Bar အမှု ဖြစ်တော့ ဘာကျေညာချက်မှ မထွက်၊ ဘာအစည်းအဝေးမှ မထိုင်၊ ဘာကန့်ကွက်သံမှ မကြားရဘဲ အမြီးကုပ်နေလို့ ဒီပုံကို တင်တာဖြစ်တယ်
စစ်အာဏာရှင်ဝါဒ မပြုတ်မချင်း ဘယ်သူမှ အေးအေးချမ်းချမ်း နေလို့ ရမယ်မထင်ဘူး။ ဘုရားဆင်းတုတော်တွေလည်း အတူတူပဲပေါ့။
စိတ်မချမ်းမြေ့ရင် ကောင်းတဲ့ ကံကို လုပ်ပါ။ ကောင်းတဲ့ ကံက မကောင်းတဲ့ ကံကို မြစ်တယ်။ မြစ်တဲ့ကံဆိုတာ စစ်အာဏာရှင်ဝါဒကို တားရတဲ့ ကံဆိုလည်း ဟုတ်တယ်။ လက်ရှိအချိန်မှာ ကုသိုလ်ကောင်းမှုကို အကောင်းဆုံး ဆည်းပူးလိုသူများဟာ စစ်ဝါဒကို ဖြုတ်ချဖို့ လုပ်သင့်တယ်။
သူတို့ တွေ့ပြီဆိုရင် အရေးပေါ်အစည်းအဝေး လုပ်နေပြီလား။ ကျေညာချက်တွေ ထုတ်နေပြီလား။ အခုဟာက ကျန်းမာရေးဝန်ကြီးအမျိုးတောင် ပတ်သက်နေတာဗျ။ နောက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ သိန်းစိန်အစိုးရအတွက် ရွှေလမ်းငွေလမ်းဖောက်ပေးတဲ့ နယူးယောက်မြို့က မြန်မာတရုတ်အသင်းလည်း ပတ်သက်ချင်ပတ်သက်နေမှာပဲ
ဗုဒ္ဓရုပ်ပွားတော်ဆိုတာ ဘုရားလက်ထက်ကတည်းက ရှိခဲ့ကြောင်း မွန်နဲ့ ရခိုင်သမိုင်းတို့မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဟာ အတုလဖြစ်လို့ (မနှိုင်းယှဉ်အပ်လို့) ပုံတော်ထွင်းထုခြင်းကို လက်မခံခဲ့ကြပါဘူး။ အဖဂန်နဲ့ပါကစ္စတန်ကို ဂရိဘုရင်တွေက အုပ်စိုးကြတဲ့အခါကျမှ အနောက်တိုင်းပုံစံနဲ့ ဗုဒ္ဓရုပ်ပွားတော်ကို စတင်ထုလုပ်ခဲ့ကြတာ ဖြစ်တယ်။ ဒါဟာ ဘာကို ပြောသလဲဆိုရင် လူတို့လက်နဲ့ ထွင်းထုတဲ့ ရုပ်ပွားတော်ဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးတဲ့နောက် နှစ်ပေါင်း(၆၀၀)ကျော်မှ ပေါ်ပေါက်လာရတာ ဖြစ်တယ်။ အနောက်တိုင်းသားတွေကပဲ ဒီယဉ်ကျေးမှုနဲ့ မိတ်ဆက်ပေးလိုက်တော့ အခုအချိန်မှာ မြတ်ဗုဒ္ဓရဲ့ ရုပ်ပွားတော်က နားကြပ်ဖြစ်လာရတာ မထူးဘူးလေ။ ဗုဒ္ဓဘာသာဝင်တို့က ဒီနားကြပ်နဲ့ ရုပ်ပွားတော်ကို ရှိခိုးရမှာ မဟုတ်ဘူး။ ဘုရားဂုဏ်တော်ကို ရှိခိုးရမှာ ဖြစ်တယ်။
ဗုဒ္ဓဘာသာဟာ အင်မတန်မှ စင်ကြယ်တဲ့ ဘာသာတရားတစ်ခု ဖြစ်တယ်။ ကိလေသာကုန်ခမ်းအောင် လုပ်ရတယ်ဆိုတာ အညစ်အကြေးတွေကို သန့်စင်အောင် လုပ်ရတာ ဖြစ်တယ်။ ခန္ဓာကိုယ်အညစ်အကြေး၊ စိတ်အညစ်အကြေးတွေကို ဘာဝနာလုပ်ငန်းနဲ့ သန့်စင်ရပါတယ်။ ဗုဒ္ဓတရားတော်ကို သောက်သုံးခြင်းမှာ သန့်စင်ထားတဲ့ ရေတစ်ခွက်ကို သောက်သုံးရသလို ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ နာမ်ပိုင်းဆိုင်ရာ ကျန်းမာရေး မျှတပါတယ်။ ဒီတရားကို မိမိကိုယ်ပိုင် ဖြစ်အောင် လုပ်ကြဖို့ပါပဲ။
စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင် မဖြစ်မချင်း အတုအယောင်ဗုဒ္ဓဘာသာဝင် အာဏာရှင်တို့ရဲ့ အသုံးချခံ ဖြစ်နေကြရအုံးမှာပဲ။
နိုင်ငံခြားသား ဖြစ်တိုင်း စိတ်ချရတာ မဟုတ်ဘူး။ ဒီလူတွေက ပိုက်ဆံပေးတိုင်း ခိုင်းလို့ ရတဲ့ကောင်တွေ မနည်းဘူး။ အချို့ဆို ဒေါ်လာဘယ်နှထောင် ပေးပြီး ဆောင်းပါးရှင် နာမည်ခံခိုင်းတာလည်း ရှိတယ်။

မြန်မာနိုင်ငံမှာ Buddha Bar လို့ အတင့်ရဲရဲနဲ့ ဘာကြောင့် လာဖွင့်ရသလဲ။ ဘာကြောင့် အစိုးရအသိုင်းအဝိုင်းက ပတ်သက်မှု ရှိနေရသလဲ။ ဒါ ရှင်းနေတဲ့ ကိစ္စပါ။ ဒီလိုလုပ်ရင် ဒီလိုပြဿနာတက်မယ်လို့ မသိတာ မဖြစ်နိုင်ဘူး။ သိသိကြီးနဲ့ လုပ်တာ ဖြစ်တယ်။ ဘာကြောင့် လုပ်သလဲ၊ ဘာအကျိးအတွက် လုပ်သလဲ သူတို့ပဲ သိကြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ အစိုးရမလိုလားရင် ဘာပြဿနာမှ ဖြစ်ခွင့်မရှိဘူး။ ဖြိုခွဲခံရမှာပဲ။

One Response to “BUDDHA BAR ဖမ်းသင့်ဖမ်းထိုက်သူက လွတ်နေသေးလို့”

  1. drkokogyi Says:

    Moethee Zun

    ကျမ်းမာရေး ၀န် ကြီး သန်းအောင်သားမက် ဒေ၀ဒတ် ချို လေး ဘန်ကောက်ကို ထွက်ပြေး

    ဗုဒ္ဒဘား ပိုင်ရှင် တဦး ဖြစ်တဲ့ ချိုလေး ဟာ ဘန်ကောက်ကိုထွက်ပြေးသွားတယ်လို့ သိရတယ်။ ချိုလေးဟာ ကျမ္န္မာရေး ၀န်ကြီး ဒေါက်တာ သန်းအောင်သားမက် လို့  သိရတယ်။
    ဒီဘား ကို ၁၁ ဦး ရှယ်ရာ ထည့် ထားကြတယ်လို့ သိရတယ်။ ၁၁ ဦး စလုံးက စစ်တပ် က
    လူကြီးသားသမီးတွေ ကြံ့ဖွတ်ပါတီ ၀င်လူကြီးသားသမီးတွေ နဲ့ အမေရီကန် ပြန် မြန်မာ-တရုပ်များ လို့ သိရပါတယ်။ သူတို့  ဟာ မြတ်စွာ ဘုရား ရုပ်ပွားတော်ကို မဖွယ်မရာ ပြုလုပ်ခဲ့ကြတဲ့သူများ
    ဖြစ်ပါတယ်။

    မဘသ အမေ့ လင် ထွက်ပြေးသွားတဲ့သဘောပေါ့ဗျာ ။ မဘသတို့ေ၇ မင်း တို့ အမေ့ လင်ကို ၀ိုင်းဖမ်း ပေးကြဦး။ မဘသ ခေါင်းဆောင်အမရာဘဏ်ကလဲ ဒီလို လုပ်ငန်းတွေကို ငွေထုတ်ချေးပေးနေတယ်။ တဖက်မှာ မဘသ တွေကိုလဲ ပြန် မြှောက်ပေးပြီး သံဃာ ကိုနစ်ဖွဲ့  ကွဲ အောင်ဂိုဏ်းကွဲအောင်၊ လူထုထဲမှာ ဘာသာရေး ပြသနာတွေ ဖြစ်ပွားအောင်လုပ်နေတယ်။
    ဒါကြောင့် ထောက်ပြလိုက်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: