ခင်ဗျားရဲ့ ခရီးမှာ ကျနော် အဖော်လုပ်ပေးမယ်။ ခင်ဗျားနှင့်အတူ ကျနော်လမ်းလျှောက်ပေးပါမယ်

Yes I am sad that almost ALL of the Buddhist Friends fail to have and show this kind of understanding.
U Aung Tin‎   

မြန်မာ ဘာလဲ။ ဘယ်လဲ။

သြစတေလျနိုင်ငံမှာ အစ္စလာမ်သာသနာကို ဓါးစာခံလုပ်သူ အကြမ်းဖက်သမားက သာမန်ပြည်သူတွေကို ဓါးစာခံလုပ် အကြမ်းဖက်တဲ့သတင်းကို တစ်ကမ္ဘာလုံးက သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

မြန်မာ့သတင်းမီဒီယာတွေကလည်း ဒီသတင်းကို မြန်မာပြည်သူတွေ သိရှိနိုင်ဖို့ အချိန်နဲ့ တပြေးညီ တာဝန်ကျေပွန်စွာ ရေးသား ဖော်ပြကြပါတယ်။

ဒီသတင်းမျိုးက ရေးရမယ်။ ဒီလိုအပြုအမူမျိုးကို ရှုတ်ချကြရမယ်။

တစ်ဆက်တည်းမှာဘဲ သြစတေလျပြည်သူတွေက အပြစ်မရှိတဲ့ မွတ်စလင်တွေ အကြမ်းဖက်တိုက်ခိုက် မခံရအောင်၊ သူတို့နှင့် တစ်သားတည်းရှိကြောင်း၊ မွတ်စလင်တွေကို စာနာကြောင်း ပြဆိုတဲ့ I”ll ride with you. or I”walk with you (ခင်ဗျားရဲ့ ခရီးမှာ ကျနော် အဖော်လုပ်ပေးမယ်။ ခင်ဗျားနှင့်အတူ ကျနော်လမ်းလျှောက်ပေးပါမယ်။) လှုပ်ရှားမှုကြီးတစ်ခုကလည်း အလိုအလျောက် ပေါ်ပေါက်လာတာကို အိန္ဒိယ၊ အင်္ဂလန်၊ သြစတေလျ၊ အမေရိကန်အပါအဝင် ကမ္ဘာ့သတင်း မီဒီယာတွေ အများအပြားမှာ ရေးသားဖော်ပြကြပြန်ပါတယ်။

ပုဝါခြုံတဲ့အမျိုးသမီးတွေကို ပုဝါကို ဆက်ခြုံထားပါ။ ကျနော်တို့က ခင်ဗျားတို့နှင့် အတူရှိနေပါတယ်လို့ ပြောနေကြတယ်လို့လည်း ဖတ်ရပါတယ်။

ဒီသတင်းမျိုးကိုကော မြန်မာ့မီဒီယာတွေက ရေးသားဖော်ပြကြပါသလား။

ရေးသားဖော်ပြတယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ရေးသားဖော်ပြကြပါသလဲ။

ဒီလိုသတင်းမျိုးကို မြန်မာပြည်က လူမှုအဖွဲ့အစည်းတွေကကော ဘယ်လိုမြင်ကြသလဲ။

လူမျိးရေး၊ ဘာသာရေးအကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာမှာ အမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူသားဆန်တဲ့၊ ယဉ်ကျေးပြီး နိုင်ငံကြီးသားပီသတဲ့ အပြုအမူမျိုးတွေ တိုးပွါးလာအောင် မြန်မာ့လူမှု အဖွဲ့အစည်းတွေက သြစတေလျအဖြစ်အပျက်ကို စံနမူနာပြု တိုးမြှင့် လုပ်ကိုင်လိုစိတ်ကော ရှိကြသလား။

မြန်မာပြည်က နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနှင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ကြီးတို့ကကော ဒီသတင်းမျိုးကို ဘယ်လိုမြင်ကြသလဲ။

မသိချင်ယောင်ဆောင်ထားရမဲ့ သတင်းလား။

ကုလားတွေကို စာနာတယ်ဆိုတာ လူကြိုက်နည်းတဲ့အတွက် မလုပ်ကောင်း၊ မပြောအပ်တဲ့ အရာလို့ ထင်မှတ်နေကြတုန်းဘဲလား။

http://www.bbc.com/news/blogs-trending-30479306

http://mic.com/…/australians-show-the-world-exactly-how-to-…

http://www.cnn.com/…/world/asia/australia-hostage-illridew…/

http://www.hindustantimes.com/…/i-ll-…/article1-1296751.aspx

https://www.facebook.com/aungtin.nld/posts/762890040455536

အေး-ဟုတ်တယ်

ဆစ်ဒနီက အကြမ်းဖက်သမားက အစ္စလာမ်လို့ပြောကြတာဘဲ

သူက အစ္စလာမ်ကို အမှန်တကယ် ကိုးကွယ်လား မကိုးကွယ်ဘူးလား ဆိုတာတော့ ကျွန်တော်မသိဘူး-

သူက အီရန်နိုင်ငံသားလို့ပြောတာဘဲ

ကျွန်တော်နဲ့ ဘာမှမတော်စပ်သလို အီရန်နိုင်ငံသား ဆိုတာကလွဲရင် ဘာလူမျိုးလဲဆိုတာ မသိပါဘူး

ဒါပေမဲ့ ဒီ ဘယ်သူဘယ်ဝါမှန်းမသိတဲ့လူတယောက်ရဲ့ အကြမ်းဖက်မှုအတွက် ကျွန်တော်တို့အပေါ် ပြစ်ဒဏ်တွေ ချမှတ်နေတာ အခုခံနေရပြီ

ဒီနေ့ facebook ပေါ်မှာ အဲ့ဒီသတင်းတွေရဲ့ အောက်က comment. တွေကို ကြည့်လိုက်-

ကုလားတွေကိုရှင်းပြစ်

ကုလားတွေကိုသတ်ပြစ်

-ဆိုတာတွေအပါအ၀င်

ကျွန်တော်တို့ ကိုးကွယ်ရာ အလ္လာဟ်အရှင်

ကျွန်တော်တို့ရဲ့ တမန်တော်

ကျွန်တော်တို့ရဲ့ မြင့်မြတ်စွာတန်ဖိုးရှိလှသော ကုရ်အာန်

အားလုံးကို နည်းမျိုးစုံနဲ့ ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေက စော်ကားလာကြပြန်ပြီ-

ဒီလိုတော့ မရေးသင့်ပါဘူးကွာ

ဒီလိုတော့ မစော်ကားသင့်ပါဘူးကွာ-လို့

တားမြစ်တဲ့စာ ရေးတင်တဲ့ ဗုဒ္ဓဘာသာဝင်တယောက် ဘုန်းကြီးတပါး-ကျွန်တော်မတွေ့မိသေးဘူး-

မနက်ဖန်ကျရင် ဒီကိစ္စကို ကန့်ကွက်ကြောင်း ကြေငြာပေးပါ-ဆိုပြီး လစ်ဗျယ်ဆိုတဲ့သူတွေက အစ တောင်းဆိုလာကြလိမ့်ဦးမယ်-

အဲ့ဒီတော့ ခင်ဗျားတို့ ကို တခုလောက်မေးကြည့်ချင်တယ်-

ကျုပ်တို့ မြန်မာပြည်က အစ္စလာမ်တွေအားလုံးကို ခင်ဗျားတို့ စွတ်စွဲနေကြသလို
အကြမ်းဖက်သမားတွေ တကယ်ဖြစ်စေချင်တာလား-

သေသေခြာခြာ စဉ်းစားပြီးအဖြေပေးလိုက်ကြ-ဲ

One Response to “ခင်ဗျားရဲ့ ခရီးမှာ ကျနော် အဖော်လုပ်ပေးမယ်။ ခင်ဗျားနှင့်အတူ ကျနော်လမ်းလျှောက်ပေးပါမယ်”

  1. drkokogyi Says:

    Hla Win ဒီအပြုအမူတွေကနိုင်ငံသားတွေရယ့်ခွဲခြားနားလည်မူ သဘောထားကြီးမူ မြင့်မြတ်တယ့်ယဉ်ကျေးတယ့်လူ့အဖွဲ့စည်းရှိကြောင်းဖော်ပြလိုက်သလိုပါဘဲ မြန်မာနိုင်ငံမှာရှိတယ့်ဗုဒ္ဓဘာသာဝင်များအနေနဲ့အတုယူပြီးယဉ်ကျေးပြီးအဆင့်အတန်းရှိတယ့်လူမျိုးဖြစ်အောင်ပြုမူသင့်ပါတယ် ပြသနာတခုဖြစ်တာနဲ့မဆိုင်တယ့်သူတွေကိုပါဆွဲသွင်းပြီးပြသနာရှာတာအနိုင်ကျင့်နေတာတွေဖျောက်သင့်နေပြီဒါမှာသာပါးစပ်ကပြောပြောနေတယ့်ယဉ်ကျေးပါတယ်မြင့်မြတ်ပါတယ်ဆိုတာလက်တွေ့ပြနိုင်မှာပါ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: