ဆပ်ပြာမှုန့် ကြော်ငြာ များများကြည့်ဖို့ လိုနေကြသူတွေ

ဆွေမွန်

ဆပ်ပြာမှုန့် ကြော်ငြာ များများကြည့်ဖို့ လိုနေကြသူတွေ
==============
.

TV ကြော်ငြာ ကြည့်ဖူးကြတယ်မလား…

ဆပ်ပြာမှုန့် ကြော်ငြာလေးတစ်ခုကို ပြောပြမယ်။ ကြော်ငြာစာသားက…

အညစ်အကြေးတွေအားလုံး ဖြူဖွေးတောက်ပြောင်သွားစေရမယ်…

ကြော်ငြာထဲမှာ သူ့ဆပ်ပြာက ဘာလုပ်နိုင်တယ်၊ သူဘယ်လိုကောင်းတယ်လို့ပဲ ကြော်ငြာတယ်။ အခြား ဆပ်ပြာမှုန့်  မကောင်းကြောင်း ထည့်မပြောဘူး။ ထည့်မပြောရဘူး။ ထည့်ပြောခွင့်လည်း မရှိဘူး။
.
အဲဒါကို ethic ကျင့်ဝတ်သိက္ခာလို့ ခေါ်တယ်။


.
.
ရွှေဆိုင်ကြော်ငြာကြည့်ဖူးကြတယ်မလား…

ရွှေဆိုရင် ဦးထုံကို အထူးယုံလိုက်ပါ။ ရတနာစိန်ကျောက် ဇယ်တောက်တမ်းကစားရအောင်… ဒီလောက်ပဲ

ကိုယ့်ဆိုင်က ရွှေကောင်းကြောင်း၊ ၁၅ ပဲရည်၊ ၁၆ ပဲရည်၊ ဒီဇိုင်းဆန်း၊ အရည်အသွေးကောင်း… ဒီလောက်ပဲ ကြော်ငြာကြတယ်။ ကိုယ့်ဆိုင်ကရွှေကလွဲရင် အခြားဆိုင်က ရွှေတွေက အင်တွေ၊ အရောတွေ၊ ဘယ်လိုမှ ကြည့်မကောင်းဘူးလို့ ဘယ်ကြော်ငြာမှာမှ မရှိဘူး။ ဒီလို မကြော်ငြာရဘူး။ ဘယ်သူမှလည်း မကြော်ငြာကြဘူး။
.
အဲဒါကို ethic ကျင့်ဝတ်သိက္ခာလို့ ခေါ်တယ်။
.
.
နိုင်ငံရေးမှာလည်း
.
သတ္တိရှိရင် ငါတို့ပါတီက ဘယ်လိုကောင်းတာ၊ ပြည်သူ့ကောင်းကျိုး ဘယ်လို ဆောင်ရွက်ခဲ့တာ၊ ငါတို့အုပ်ချုပ်တဲ့ ၅ နှစ်အတွင်း ပြည်သူ ဘယ်နှစ်ယောက် ဆင်းရဲသားဘ၀က လွတ်သွားတယ်။ လယ်ပိုင် အိမ်ပိုင်နဲ့ ဖြစ်သွားပြီ။ ပြည်သူ ဘယ်နှစ်သန်း သက်သာချောင်ချိသွားပြီ….စသည်ဖြင့် ကိုယ်တကယ် လုပ်ပေးခဲ့တာတွေကို တင်ပြကြော်ငြာသင့်တယ်။…

မင်းတို့က လမ်းဖောက်ဖူးလား… မြက်တစ်ပင်စိုက်ဖူးလား….တိုင်းပြည်ကာကွယ်နေတာကွ၊ မင်းတို့ ကာကွယ်သလား…စသည်ဖြင့် လုပ်ပိုင်ခွင့်မရှိတာကို အတင်းအကျပ် နှိပ်ကွပ်ပြီး အပုပ်ချနေတာကို ….

ကျင့်ဝတ်သိက္ခာရှိတယ်လို့ မခေါ်ဘူး….
.
.
ဘာသာရေးမှာလည်း…

၉၆၉၊ မဘသ ကြံ့ဖွတ်ဘုန်းကြီးတွေက

ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းမှုတွေ၊ သံသရာဝဋ်ဆင်းရဲက ကင်းလွတ်နိုင်တာ၊ အများသတ္တ၀ါ အေးငြိမ်းချမ်းသာမှုကို ဆောင်ကြဉ်းပေးနိုင်တာတွေ၊ စိတ်၏ချမ်းသာခြင်း အဖုံဖုံရနိုင်တာ၊ သာသနာတိုးတက်စေနိုင်မယ့်နည်းလမ်းတွေကို ပြောပြပြီး ကိုယ့်ဘာသာတရားကို ကိုယ့်ဟာကို မြှင့်တင်ဟောပြောရင် ရပါလျှက်….

တရားပွဲ စကတည်းက ကုလား…ကုလား…ကုလား… တရားကိုမှ မပေးဘဲ…. တရားတစ်ပွဲလုံး ကုလားအကြောင်းဟောတော့ တရားမရဘဲ… ကုလား..ပဲ ရကုန်ကြရော…

ထပ်ပြောသေးတယ်။

မင်းတို့ဘာသာက မကောင်းဘူး၊ မုဒိမ်းဘာသာ၊ အကြမ်းဖက်ဘာသာ၊ မိန်းမ အများကြီးယူတဲ့ ဘာသာ၊ မင်းတို့ မကောင်းဘူး၊ ငါတို့ပဲ ကောင်းတယ်။ မင်းတို့မကောင်းဘူး..ငါတို့ပဲ…ငါတို့ပဲ.. ပြောနေတာဟာ
.
ကျင့်ဝတ်သိက္ခာရှိတယ်လို့ မခေါ်ဘူး….
.
.
ဗုဒ္ဓဘာသာတကယ်ကောင်းရင် တကယ်ကောင်းကြောင်း ကိုယ် နှုတ် နှလုံး သုံးပါးလုံးမှာ ဗုဒ္ဓဟောကြား မြတ်တရားတွေကို တစ်ဦးချင်း မ၀င် ၀င်အောင် ထည့်ပေးလိုက်။ မ၀င် မချင်း သီအိုရီပိုင်အောင်သာ ရိုက်ထည့်…။ သူများ မကောင်းကြောင်း ပြောစရာမှ မလိုဘဲ။ ကိုယ့်တရားကို ပီပြင်အောင် သေချာလေး စိတ်ဝင်စားအောင် အားသွန်ခွန်စိုက် ဟောပေး၊ သင်ပေး… ယောင်ပြ မလုပ်နဲ့…. အားစိုက်…။

ရင်ဘတ်ကြီးထဲမှာ ဘုရားကြီးသာ တည်ပေးလိုက်။ ဘာ ဥပဒေမှ မလိုဘူး။

ရင်ဘတ်ထဲမှာ ဘုရားကြီး ရှိနေရင်…ကုလားကြီး မကလို့ ဘာကြီးပဲလာလာ… မတိုးတော့ဘူး။

အရက်လည်းပျောက်၊ လောင်းကစားလည်းပျောက်၊ အားလုံးကောင်းလာလိမ့်မယ်။ ဘာသာပျောက်နိုင်တာက ကုလားကြောင့် မဟုတ်ဘူး။ အရေအတွက်များပြီး ကိုယ့်အလုပ် ကိုယ်မလုပ်တဲ့ ဘုန်းကြီးတွေကြောင့်ပဲ ပျောက်လိမ့်မယ်။

ဒီလောက်ကောင်းတဲ့ ဘုရားနဲ့ တရားတွေ ရှိနေပါလျှက် ကျင့်ဝတ်သိက္ခာမရှိဘဲ…. အားတိုင်း ကုလားကိုပဲ အပုပ်ချနေကြတယ်။

ဆပ်ပြာမှုန့် ကြော်ငြာတွေ များများကြည့်ခိုင်းသင့်တယ်….

ရွဲ့စောင်းမှုကို ဒဲ့ဖောင်းထုခြင်းမျှသာ။
Credit
ဆွေမွန်
၁၅ ဒီဇင်ဘာ ၂၀၁၄

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: