အမှားမို့ အမှားလို့ထောက်ပြခြင်းက အမှားတဲ့လား – ရက်စက်လိုက်ကြတာ……
—–*တရား *တဲ့လား…….
-ကလောင်တံကိုင်တဲ့လက်တစ်ဖက်မရက်စက်တတ်ပါဘူး
-ကလောင်သွားကိုသွေး နောင်အရေး (မြန်မာ နိုင်ငံ အရေး)ကိုပဲတွေးတတ်ခဲ့တယ်
-မေတ္တာဆက်လက် ဂရုနာသက်လို့ လစ်ဟာချက်တို့ထောက်ပြခဲ့တယ်
-အမှားမို့ အမှားလို့ထောက်ပြခြင်းက အမှားတဲ့လား
-ရက်စက်လိုက်ကြတာ……
-ကလောင်သွားတစ်လက်နဲ့ မခြားတဲ့လက်ရဲ့ “တောက် “ခေါက်သံ မီးလောင်ဗုံးလောက်များပြင်းသတဲ့လား
-အမြင်မတော်ချက်တို့ စင်ပေါ်တက်လို့ ပြောဟောခဲ့ရုံပါ
-မြင်တော်မူလို့ ပြင်တော်မူဖို့ပြောလိုက်လို့ တင်တော်မူလိုက်တဲ့ ပစ်ချက်များ…..
-ဒါ “တရား တဲ့လား”…(ဘာသာတရား/တရားဥပဒေ)
-ပြည်တော် အတွက်တွေး ပြည်သူအတွက်ရေးလို့
မြန်ပြည်အဖို့ အချို့ အချို့ ထောက်ပြခဲ့ရုံပါ
-စေတနာလွှမ်းတဲ့ စေတနာရဲ့အကျိုးဆက် အမျိုးဖျက်တို့ သတ်မှတ်ဖို့ ခွင့်ပြုလို့ထားခဲ့တာလား
-ကျောင်းဝင်းကို ခတ် သိမ်ကိုဖျက် သာသနာအတွက် ကဖျက်ကယက် တစ်သက်မလုပ်ခဲ့ပါဘူး
-သံဃာကို လူဝတ်လဲ ကျောင်းပေါ်ကဆွဲလို့ ထောင်ထဲသို့လဲ မပို့ခဲ့ပါဘူး
-စင်ပေါ်တက်လို့ အမြင်မတော်ချက်တို့ ပြောဟောခဲ့ရုံပါ
-မြင်တော်မူလို့ ပြင်တော်မူဖို့ပြောလိုက်လို့ တင်တော်မူတဲ့ ပစ်ချက်များ……..
-ဒါ “တရား တဲ့လား”
-သင်္ကန်းကိုစည်း သာသနာကို သူ့အမြီး(အမှီး)လောက်တောင်စိတ်မဝင်စားသူက သူ့ကိုသူ အဟုတ်ကြီးထင်မှတ်နေတာကော ‘တရုတ်ကြီး’လို့ တွက်ပြီးလွှတ်ထားလေသလား
-အမြီးတစ်ပိုင်း ကတုံးရိုင်းကပြောတိုင်း လိုက်လုပ်တတ်တာ ခွေးရူးတိုင်းရဲ့ သမိုင်းပေါ့လေ….
ဟုတ်လား…
-ဖြုတ် ထုတ် သတ် ဖြတ် မဟုတ်မဟတ် မလုပ်တတ်သူကို အပုတ်အခက်ပြောလိုက်တာက ဘာတဲ့….”သာသနာ ဖျက်”…..(တောက်)
-တကယ်ဖျက်လို့ ပျက်နေတာက နင်တို့တစ်သက်(စစ်အစိုးရတစ်သက်)ပါ
-ဆရာထင်လင်းဦးဆိုတာ…..
-အမြင်မတော်ချက်တို့ စင်ပေါ်တက်လို့ပြောဟောခဲ့ရုံပါ
-မြင်တော်မူလို့ ပြင်တော်မူဖို့ပြောလိုက်လို့ တင်တော်မူတဲ့ ပြစ်ချက်များ…..
-ဒါ “တရား တဲ့လား”…
-ဒါ
-….တရားတဲ့လား ကွာ….
——————– Hola Hola ———-
ဆရာထင်လင်းဦးဆိုတာ အဖြူသက်သက်ပါ
အဖြူတစ်ရွက် အနူတို့ ဝိုင်းလို့ သတ်ကြပြန်ပြီ….
အနူဝိုင်းလည်း အဖြူသမိုင်း မရိုင်းပါဘူး
အဖြူဟာ အဖြူ သက်သက်ပါပဲ…..
7 Responses to “အမှားမို့ အမှားလို့ထောက်ပြခြင်းက အမှားတဲ့လား – ရက်စက်လိုက်ကြတာ……”
  1. drkokogyi Says:
    Ye Myint ဒီပွဲမှာ ဆရာထင်နစ်နာရင်လည်း ကျေနပ်နိုင်ပါတယ် ရင်ဘတ်ထဲရှိသမျှ
    အမှန်တရားတွေကို ပွင့်ပွင့်လင်းလင်းကြီးပြောချလိုက်ရလို့
    ဆရာထင် တော်တော်အားရသွားမှာပါ…
    အမှန်တွေပြောမိလို့ နောင်တရမယ့်အထဲမှာ ဆရာထင်မပါဘူးဆိုတာ
    လုံးဝယုံကြည်ပါတယ်….
    ဖြစ်သမျှကိစ္စ္စတိုင်းမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာဟာလောကရဲ့
    နိယာမပါ ပဲ…
    ကိုယ်လုပ်ရတာ တန်တယ်ထင်ရင်တော့ ဝမ်းနည်းစရာ မလိုပါဘူး..
    ဝိနည်းနဲ့မညီတဲ့ လုပ်ရပ်တွေကြောင့် မဘသ ရဲ့သရုပ်မှန် ပေါ်သွားတာဟာ
    ကိုယ့်ဘက်ကရလိုက်တဲ့ အမြတ်တွေပါပဲ…
    သူရဲကောင်းတစ်ယောက် တိုက်ပွဲမှာ ဒါဏ်ရာရတာဘာဆန်းသလဲဗျာ..
    ဆရာထင် လွတ်လာတဲ့တစ်နေ့ ပြည်သူတွေဘယ်လိုကြိုဆိုကြမလဲ
    ဆိုတာသာ အဓိကကျပါတယ်…
    ပြည်သူတွေရဲ့ထောက်ခံမှုသာ ဆရာထင့်အတွက်
    ဂုဏ်သိက္ခာတွေ အမြတ်တွေဖြစ်ပါတယ်…….
    အရေးကြီးတာက…ဆရာထင်ကျန်းမာပါစေ……
  2. drkokogyi Says:
    Ashin Khema Nanda
    Yesterday at 7:52am · Edited ·
    ကပ္ပိယကြီးရေ
    ဘုရာ့ မိန့်တော်မူပါဘုရာ့
    ဘုရားခန်းက ဆင်းတုတော်ကို အခန်းလွတ်တစ်ခုထဲ ထည့်သိမ်းထားလိုက်။ ဘုရားကြီးသွားပြီး မဘသဥသျှောင်ထဲက သင့်တော်တဲ့တစ်ပါးရဲ့ပုံကို ဆင်းတုထုခိုင်းပြီး ဘုရားခန်းထဲ ပြန်ထား။ စာကြည့်ခန်းထဲက ဝိနည်းငါးကျမ်းကို သင့်တော်ရာရွေ့ပြီးတော့ သာကီသွေး အောင်ဇေယျတု အတုမရှိစတဲ့ မဘသစာအုပ်စာတမ်းတွေ အစားပြန်ထည့်ထားလိုက်။ ဝတ်ရွတ်စဉ်စာအုပ် အသစ်ပြန်ရိုက်။ သရဏဂုံသုံးပါးနေရာမှာ မဘသ သရဏံ ဂစ္ဆာမိလို့ အစားထိုးလိုက်။ သရဏဂုံ သုံးပါးပြည့်အောင် နှစ်ပါးကို ကိုယ်ဟာကို သင့်တော်သလို ဖြည့်လိုက်။ ဟုတ်ပြီလား။
    အမိန့်တော်မြတ်အတိုင်းပါဘုရား။
    ဘာမရှင်းတာ ရှိသေးလဲ။
    ရှင်းပါတယ်ဘုရာ့။ ဘာလို့အခုလို လုပ်ရတာလဲဘုရာ့။
    ဟဲ့ အင်အားကြီးရာ အလေးသာပေးမှ ငါ ဆက်ရပ်တည်နိုင်တော့မပေါ့။ နင် ဒါလေးတောင် နားမလည်ဘူးလား။ သွား သေချာလုပ်ခဲ့။
    မှန်ပါ့ ဆရာတော်ဘုရားလို မဟာပုဂ္ဂိုလ်ကြီးတစ်ပါးအနေနဲ့ အင်အားကြီးရာ အလေးသာနေတာ မဖြစ်သင့်ပါဘူးဘုရား။ အရပ်ရပ်က ကြားလို့မှမတော်ပါဘူး။
    တယ် ဒီကပ္ပိယ ခိုင်းတာသွားမလုပ်ဘူး။ ငါ့လာဆုံးမနေတယ်။ သွား နင် အခု သွားလုပ်။
    မှန်ပါ့ဘုရာ့ မှန်ပါ့ဘုရာ့။
  3. drkokogyi Says:
    Ashin Khema Nanda
    6 hrs · Edited ·
    မပြောသင့်ပေမယ့် သိရသလောက်တော့ ထင်လင်းဦး လွတ်လမ်းမမြင်ပါ။
    သူ့အနေနဲ့ နောက်ဆံမတင်းရအောင် ထောင်ဝင်စာသွားတွေ့တဲ့အခါမှာ အခက်အခဲမဖြစ်ရအောင် သူ့မိသားစုကို တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးကူညီပေးကြဖို့ လိုပါတယ်။
    မဘသက အန္ဓဗာလတချို့က သူတို့နိုင်တယ်ထင်နေကြပေမယ့် စဉ်းစာချင့်ချိန်နိုင်စွမ်းရှိနေကြသေးတဲ့ မဘသတွေကတော့ မဘသတွေ ခွက်ခွက်လန်အောင် ရှုံ့းသွားပြီဆိုတာ သိကြပါတယ်။
ဲကဲ တတ်နိုင်တဲ့ဘက်နေ မိသားစုကို ကူညီပေးကြဖို့ တိုက်တွန်းပါတယ်။
  4. drkokogyi Says:
    Ashin Khema Nanda
    10 hrs · Edited ·
    ဘုရားရှင်က တောင်းပန်လာရင် ခွှင့်လွှတ်ပေးရမယ်လို့ အတိအကျဟောထားတာကို ခွှင့်မလွှတ်ဘူး။
    ရဟန်းမှန်ရင် တစ်ဦးတစ်ယောက်ကို နာမည်တပ်ပြီး တရားမစွဲရဘူးလို့ ပညတ်ခဲ့တာကို နာမည်တပ်ပြီး တရားစွဲတယ်။
    သာသနာဘယ်သူဖျက်နေတာလဲ
    ဘုရားရှင်ကိုဘယ်သူ အာခံနေတာလဲ
    ဘုရားရှင်ထက် ဘယ်သူတစ်လကြီးနေတာလဲဆိုတာ လယ်ပြင်မှာ ဆင်သွားနေသလို ထင်ထင်ရှားရှားကြီးပါ။
    ကိုယ့်အတ္တအတွက် ကိုယ့်အာဃာတအတွက် ကိုယ့်အကျိုးစီးပွားအတွက် သာသနာတော်ရဲ့နာမည်တပ်ပြီး လုပ်နေတာလောက် ရွံစရာကောင်းတာ မရှိဘူး။
  5. drkokogyi Says:
    Ashin Khema Nanda
    21 hrs · Edited ·
    မမေ့ကြနဲ့ ခြေဥပြင်ရေးကို မမေ့ကြနဲ့။
    ဘာပဲဖြစ်ဖြစ် မမေ့ကြနဲ့။
    ဘုရင်မကြီးစားနိုင်ဖို့ နယ်ရုပ်တွေ မြင်းတွေ ရထားတွေကို စတေးဖို့ ဝန်မလေးကြနဲ့။
    တိုက်ပွဲဆိုတာ မျက်ရည်တွေနဲ့ ရှိနေမှ တိုက်ပွဲပီသတော့မပေါ့။
    မတုန်လှုပ်ကြနဲ့။ မဖောက်ပြန်ကြနဲ့။
    အကျအဆုံးဆိုတာ ရှိမှာပဲ။
    ဒီမိုကရေစီစစ်စစ်ရဖို့ ဘယ်သူ့ကိုမဆို လက်လွှတ်နိုင်ရမယ်။
    ဆုံးရှုံးမှုတွေဟာ ဒေါသမဖြစ်ပါစေနဲ့။
    ပညာတွေ အားမာန်တွေသာဖြစ်ပါစေ။
    ကျရှုံးသွားသူနေရာမှာ အချိန်မရွေး အစားထိုးနိုင်အောင် သင်ဟာ အသင့်ဖြစ်နေပါစေ။
  6. drkokogyi Says:
    Ashin Khema Nanda
    Yesterday at 3:01pm · Edited ·
    ဝိနည်းတော်အရဆိုရင် ထင်လင်းဦးကို တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ရင် ထိုပြစ်ဒဏ်အား ထင်လင်းဦးအစား ထင်လင်းဦးကို တရားစွဲလိုက်ဟု နာမည်တပ်၍ တရားစွဲခိုင်းသော ဘုန်းကြီးများသာ ထောင်ထဲဝင်ရမည်ဖြစ်သည်။
    သို့သော်လည်း အခုက မဘသသာသနာဆိုတော့ ဝိနည်းနဲ့ဆုံးဖြတ်လို့ မရဘူးပေါ့လေ။
  7. drkokogyi Says:
    Soe Win ဝိနည်းက ”မဘသနဲ့ အဝေး
    ကြီးဖျာ့…”
    ”တေမိယ ဇာတ်
    တော်ကို ဖတ်ဖူးရင်တောင်
    သသူတစ်ထူးကို အပြစ် ပေး
    ရဲမှာ မဟုတ်ပါဘုရား…”
    တေမိမင်းသားလေးဟာ
    အတိတ်ဘဝ ”မင်းဖြစ်စဉ်” ရာ
    ဇဝတ်သားတွေကို ပြစ်ဒါဏ် စီ
    ရင်ခဲ့လို့ ငရဲမှာ ခံခဲ့ရတာကို
    ကြောက်ပြီး ဘုရင်ဖြစ်မှာ
    ကြောက်လို့ ”အ” ချင်ယောင်
    ဆောင်ခဲ့ရတာပါတဲ့ဖျား…
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: