တိုင်းပြည်ရဲ့ဆရာတော်များ ပြန်လာတော်မူပါ။

၈၈ ချောင်းဦး

တိုင်းပြည်ရဲ့ဆရာတော်များ ပြန်လာတော်မူပါ။

ကိုယ့်ဒဏ်ရာကိုယ်မေ့ အဖြစ်တွေနဲ့ မျက်စိလည်နေတာ ကျနော်တို့တိုင်းပြည်ပဲလား။
အင်္ဂလိပ်ကိုလိုနီခေတ်ကစလို့ တိုင်းပြည်လွတ်လပ်ရေး ငြိမ်းချမ်းရေး
ဒီမိုကရေစီရေးတိုင်းမှာအဖိနှိပ်ခံပြည်သူဘက်က အမှန်တရားဘက်ကနေ အသက်တော်စွန့် ဘဝတော်ပျက် ခေါင်းတော်ရင်ဘတ်တော်တွေကိုစစ်ဖိနပ်နဲ့နင်း ကန်ကျောက်/လူဝတ်လဲရဲဘက်စခန်းပို့ခံရ(၈၈ခုနှစ်နောက်ပိုင်း)စတဲ့
ဒုက္ခအထွေထွေကိုခါးစည်းခံရင်း တိုက်ပွဲဝင်ခဲ့ရပ်တည်ခဲ့တာတွေကိုအင်မတန် သတိပြန်ရစရာပါ။
ဆရာတော်ဦးဥတ္တမ ဆရာတော်ဦးဝိစာရ ကိုယ်တော်ကြီးများ


၁၃၀၀ပြည့်မန္တလေးအာဇာနည်သံဃာတော်များကစလို့ နောက်ပိုင်း စစ်ဖိနပ်အောက်လုံးလုံးလျားလျားကျတဲ့
၆၂ကစတင်ကာ ကျောင်းသားပြည်သူနဲ့အတူတကွ
လူမျိုး ဘာသာမခွဲ လက်တွဲကာ စစ်အာဏာရှင်ကို အန်တု ခုခံတိုက်ပွဲဝင်ခဲ့တာဟာဖြင့် ၇၄ ၇၅ ၇၆ ၈၈ ၂၀၀၇ တိုင်အောင်ပါပဲ။
ခုတော့ အိမ်ကြက်ချင်းအိုးမည်းသုတ်
ဆရာ ဒကာဘဝတွေကိုဖျက်စီး ‘ ဘုန်းဆိုးမြေ”ဖြစ်အောင်ဇာတ်ခင်း။
နိုင်ငံတကာအလယ် ဗုဒ္ဓသာသနာနဲ့ဗုဒ္ဓသားတော်တို့ရဲ့ဂုဏ်ရောင်ပြောင်မှုကိုပါညှိုးနွမ်း သိမ်ငယ်စေအောင်ထိ ဖြစ်ပျက်စေအောင် အမျိုးမျိုးသော လုပ်ဆောင်ချက် များဟာ
စစ်အာဏာရှင်စရိုက်ဆိုးများထဲက ထန်ပြင်းလှတဲ့အမူအကျင့်တွေလို့အင်မတန်စိတ်ထိခိုက်ကြေကွဲခြင်းခံစားရပါတယ်။

ဒီးဒုတ်ဦးဘချို စိတ်ရူးပေါက် နိုင်ငံတော်ဘာသာလုပ်မဟဲ့လို့ဗိုလ်ချုပ်ကိုခေါ်ပြောတော့ ”ဆရာရယ် ဗမာပြည်လွတ်လပ်ရေးအတွက်အတူအသက်ပေးရဲဘော်ရဲဘက်တိုက်ပွဲဝင်ခဲ့တုန်းကအတူတူ။ဒါကတော့ မတော်ပါဘူး ။ ကျနော်သဘောမတူ ဆရာလုပ်ချင်လုပ် ကျနော်မပါဘူး”ဆိုတဲ့ဗိုလ်ချုပ်ရဲ့ခေတ်မီအဆင့်ရှိတဲ့ဦးနှောက်ကိုလေးစားစွာသတိရမိပါတယ်။ဦးနုလို

ပုဒ်မ၅တဖက် ပုတီးတဖက်လူလက်ရောက်တော့ ဒါကိုအကောင်ထည်ဖော်ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ဆိုလိုချင်တာက သိပ်အကဲဆတ်တဲ့ ဘာသာရေးကိစ္စကို လက်နက်သဖွယ် လမ်းသဖွယ် လှေကားသဖွယ်လုပ်ကာနင်းကာ လူပြိန်းကြိုက် မျက်ကန်းမျိုးချစ်ကြိုက် မျက်ကန်းတစ္ဆေမကြောက်စရိုက်နဲ့အာဏာဆုပ်ကိုင်ချင်သကဲ့သို့ ဒါကိုကိုင်ကာ လူထုရဲ့ညီညွတ်မှုဖြိုခွင်းချင်သူများလည်းရှိနေခဲ့တာဟာသမိုင်းသာဓကတွေနဲ့ပါ။
အချုပ်ဆိုချင်တာကတော့ ရှစ်လေးလုံးရဲ့ရည်ရွယ်ချက်နဲ့ပန်းတိုင်
ဟာမရရှိသေးတာကိုပါ။ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓါတ်ကို အောင့်မေ့ကာ ဆရာတော်များ ပြည်သူများ မျက်စိမလည်ဘဲ လက်တွဲညီညာအရောက်သွားဖို့ပါ။
အခြားသောအရာများပြသနာများရဲ့အဖြေဟာတခုတည်းပါ။၂၀၀၈ဖွဲ့စည်းပုံအသစ်ရေးဆွဲရေးပါပဲ။နည်းနည်းဈေးလျော့ရရင်တော့ ပြင်ဆင်ရေးပါ။မျက်စိလည်နေဦးမယ်ဆိုရင်တော့ မျိုးဆက်အဆက်ဆက်ခံကြရုံကလွဲလို့
မှတပါး အခြားမရှိသာဖြစ်ပါကြောင်း
ခံစားမိသလို ရေးသားလိုက်ပါတယ်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: