ကိုယ့်ဘာသာအတွက် ရှက်မိတယ်

ကိုယ့်ဘာသာအတွက် ရှက်မိတယ်
_________________________

ကိုထင်လင်းဦးကိစ္စပြောတော့ တစ်ချို့ ပြောကြတယ်။
ဘာကြောင့် သူ့ဘက်က နာသလဲ … တဲ့။
သူများဒုက္ခရောက်တာကို ပျော်တတ်သူတစ်ချို့လည်း
အားရပြသပေါ့လေ။

မဟုတ်ဘူး။ ကိုထင်လင်းဦးအတွက်
စိတ်ထိခိုက်တာ ဒီလောက်မဟုတ်ဘူး။
တကယ်တမ်း စိတ်ထိခိုက်ရတာက
ကျနော်တို့ ဘာသာအတွက်။

ဦးပါမောက္ခတို့ မဘသအုပ်စုအနေနဲ့

– တရားစွဲဖို့ ဖိအားပေးသင့်သလား?

– ဟုတ်ပြီ။ တရားစွဲလိုက်ပြီထား
ကိုယ့်ကြောင့် ထောင်ကျမယ့်လူကို
အောင်သေအောင်သားစားဖို့
သင်္ဃန်းကြီးတဖားဖားနဲ့ တရားရုံးလာသင့်သလား?
သူ့ဖာသာ ဆက်သွားနေမယ့်ကိစ္စတွေကို
လွှတ်မထားသင့်ဘူးလား?

– ပြီးတော့ တရားရုံးမှာ
မဖမ်းသေးဘူးလားကွ ထောင်မချသေးဘူးလားကွ
အော်တာမျိုး လုပ်သင့်သလား?

– ကဲ ထားဦး။
ဟိုခမျာ လက်ထိပ်တန်းလန်းပါသွားရှာပြီ။
စိတ်ထဲက မပါတောင်ဗျာ။
စိတ်မကောင်းပါဘူး ထင်လင်းဦးရယ်
သဗ္ဗေသတ္တာ ကမ္မသကာ ပေါ့
ဝဋ်ရှိလို့ ခံရတယ်ပဲ မှတ်ပါ
… လောက်မလုပ်သင့်ဘူးလား
သာမာန်လူကြီးလူကောင်း တစ်ယောက်ဆိုတောင်
ဒီလောက်တော့ လုပ်ပြသင့်ပါတယ်။
အခုတော့ လက်ခုပ်ဝိုင်းတီးကြသတဲ့။
ဘယ်လောက် သေးသိမ်လိုက်သလဲဗျာ။

– ပြီးတော့ အဆိုးဆုံးကိစ္စ
တစ်ဘက်သား
ကိုယ့်စနက်ကြောင့် ဒုက္ခရောက်သွားပြီ။
ပတ်သက်သက်ဆိုင်သူတွေလည်း
ပဋာမြေလူးဖြစ်ကြပြီ။
ဒီအချိန်မှာ
မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့
ဗြဟ္မစိုရ်တရားတွေနဲ့ လုံးဝကင်းစွာ
အာဃာတကြီးလှစွာနဲ့
ပြုံးရွှင်ရယ်မောပြီး အမှတ်တရအုပ်စုပုံများတောင်
ရိုက်နေကြသေးတယ်ဆိုတော့ …

ကျနော်ဗုဒ္ဓဘာသာဝင်စစ်စစ်ပါ။
ဗုဒ္ဓဘာသာကို အင်မတန်ချစ်တာပါ။
ဒီလို ကိုယ့်ဘာသာရဲ့ အထွတ်အမြတ်တွေက
ဒီလို လုပ်ရပ်မျိုး လူသိရှင်ကြားလုပ်ပြတာကို
အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။

စိတ်ထဲဗျာ
သိပ်မကြာလှသောအချိန်ကဖြစ်ရပ်တစ်ခု
သွားပြေးမြင်တယ်။
သရုပ်ဆောင်ရဲတိုက်
ဘာသာတစ်ခုကို သွားစော်ကားမိတုန်းက

အဲဒီဘုရားကျောင်းရဲ့တာဝန်ခံက ခပ်အေးအေးပဲဗျာ
ဒေါတွေ မောတွေလဲ မရှိ။
ဘုရားကျောင်းတာဝန်ခံပြောတာနော်။ ရိုးရိုးလူပဲ။
သူတို့ဘာသာရေးခေါင်းဆောင်တွေ
တစ်ယောက်မှ ရောက်မလာဘူး။
ပြီးတော့လည်း
ရဲတိုက်ကို ကျေအေးပေးလိုက်သေးတယ်။

(ဒီလိုကျေအေးပေးတာကြောင့်
အဲဒီအမှုတုန်းက ရဲတိုက်အာမခံရပြီး
အပြင်ကနေ တရားဆိုင်ခွင့်ရခဲ့ပါတယ်။
အဲဒီအမှုမျိုးရဲ့ အမှုသဘာဝအရ
ကျေအေးပေးပေမယ့် ပြီးတော့မသွားဘူးပေါ့လေ။
နောက်ပိုင်းမှ ဆေးခြောက်မှုထပ်တိုးပြီး ဝင်ရတာ)

အဲဒီတာဝန်ခံနဲ့ကျနော်
ကိုယ်တိုင် စကားပြောလိုက်ရပါတယ်။
ဦးတို့ကလဲ ပြေပြေလည်လည်ဖြစ်စေ့ချင်တာပါတဲ့
သူ့ (ရဲတိုက်) ကို
ထောင်တွေဘာတွေ မကျစေချင်ပါဘူးတဲ့။
သြော် အဲဒါမျိုး နှိုင်းယှဉ်စဉ်းစားမိတော့
ကျနော် ကိုယ့်ဘာသာအတွက် ရှက်လိုက်တာဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: