လက်ပတောင်း စီမံကိန်းဟာလဲ ဦးသန်းရွှေကိုယ်တိုင် သဘောတူခဲ့တဲ့ကိစ္စဖြစ်နေလေတော့.. Under-table ကိစ္စများစွာလဲပါဝင်နေမှာပါ
မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ
ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏
အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ
စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊
အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ
စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ
အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း
အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ
ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ
ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။
အလွယ်ခေါ်ရင်ဝမ်ပေါင် ပေါ့ဗျာ..။”
ဝမ်ပေါင်ကုမ္မဏီဆိုတာလဲ တကယ်တော့
NORINCO ရဲ့ လက်ခွဲတစ်ခုဖြစ်ပါတယ်၊
အဲဒီတစ်ချက်တည်းနဲ့..
ဦးပိုင်က လက်လွှဲရိုက်သွားတာကို.
လူတွေအားလုံးကသဘောပေါက်သွားတဲ့အတွက်..
စာရင်းစစ်ချုပ်လဲ ချက်ချင်းပြုတ်သွားတာပါပဲ..၊
အဲဒါတွေကိုလေ့လာကြည့်ရင်
ဦးပိုင် (စစ်တပ်)ဟာ တရုတ်နဲ့ တိုက်ရိုက်
လုပ်ကိုင်နေတဲ့အနေအထားရှိသလို..
လက်ပတောင်း စီမံကိန်းဟာလဲ ဦးသန်းရွှေကိုယ်တိုင်
သဘောတူခဲ့တဲ့ကိစ္စဖြစ်နေလေတော့..
Under-table ကိစ္စများစွာလဲပါဝင်နေမှာပါ၊
တတိယအင်အားစုဆိုတာ
==============
(၁)
ပြည်သူတစ်ယောက် ..
သေနတ်အပစ်ခံရလို့သေတယ်
အဲဒါကို ကိုယ်ချင်းမစာတဲ့အပြင်
ဝိုင်းဖါကြတယ်..
ဖါသည်တွေဟာ…
သေသွားတဲ့လူက..
သတင်းထောက်ဆိုရင်..
ဒီကေဘီအေနဲ့..
တွဲရိုက်ထားတဲ့ဓာတ်ပုံတင်ကြအုံးမယ်..
သေသွားတဲ့လူက ယောင်္ကျာံးဆိုရင်လဲ
သေနတ်လုပြေးတယ် ဆိုပြီး…
ဝိုင်းအာကြအုံးမယ်၊
အခုကျတော့..
အဲဒီလိုမဟုတ်တဲ့အပြင်.
သေနတ်မှန်လို့သေသွားတဲ့..
အမျိုးသမီးဟာ…
ဦးသိန်းစိန်မိန်းမနဲ့ နာမည်ပါ
ဆင်နေတယ်..၊
လော်ဘီတွေကြံရမရဖြစ်ပြီ..
ကိုပါကြီးကိစ္စတုန်းက သူတို့အားကိုးတဲ့
လူ့အခွင့်ရေးကော်မရှင် ဥက္ကဌ (စစ်ထွက်)ကြီးကလဲ
ဘာမှမတတ်နိုင်လောက်ဘူးလေ..၊
အဲဒီတော့..၊
ဦးသိန်းစိန်၊ ကာချုပ်မင်းအောင်လှိုင်ဆိုတဲ့..
ပေထွေးတွေတွေကို ရှေ့ထုတ်ပြရင်..
အဆဲခံရဖို့ပဲရှိတယ်ဆိုတော့..
ဒေါ်စုကိုရှေ့ထုတ်ပြန်ပါတယ်..
၂၀၁၂ တုန်းက လက်ပတောင်း သပိတ်စခန်းကို
ဖြိုခွဲပြီး ကြံရာမရတဲ့အချိန် ဒေါ်စုကို ကော်မရှင်ဥက္ကဌ
အဖြစ် ခေါင်းခံခိုင်းလိုမျိုး…
ဘဘတွေရဲ့နည်းစနစ်တစ်ခုကို ပြန်အသုံးချတယ်.
ဒေါ်စုရဲ့စုံစမ်းရေးကော်မရှင်အစီရင်ခံစာကို
Highlight ပြန်လုပ်တယ်..၊
လက်ပတောင်းဒေသခံတွေဟာ..
ဒေါ်စုကိုတောင်လက်မခံတဲ့လူတွေဆိုတဲ့..
အမြင်မျိုးဖြစ်အောင်…လော်ဘီလုပ်ပြန်တယ်၊
အရင်တစ်ခေါက် လက်ပတောင်းကို
ဒေါ်စုလာခဲ့တုန်းက…
ဒေါ်စုစိတ်မကောင်းဖြစ်ပြီး
မျက်ရည်ဝဲတာကို ..
Highlight ထပ်လုပ်ပြီး ဖါတယ်…
ဒေါ်စုရွာတွေကိုလာစစ်ဆေးတဲ့အချိန်မှာ..
ရွာသားတွေက..ဒေါ်စုကို
ရွာထဲကိုတစ်ယောက်ပဲအ၀င်ခံတာကိုပါ
ထည့်ပြီး ရွာသားတွေကိုဗီလိန်ဖြစ်အောင်လုပ်ပြန်တယ်..
နောက်ဆုံးမှာ…
လက်ပတောင်းကိစ္စကိုကြိုးကိုင်တာဟာ
တတိယအင်အားစုဖြစ်တယ်ဆိုပြီး..
လျောချသွားတယ်..၊
ဒါ..လော်ဘီတွေရဲ့ဖါထေးချက်ပါ..၊
ဒါပေမဲ့..ကမန်းကတန်းဖါလိုက်တဲ့အတွက်..
လော်ဘီတွေမှာ..
အားနည်းချက်တစ်ခုကျန်ခဲ့တယ်..
အဲဒီ အားနည်းချက်ကတော့..
သေနတ်ကိုင်ထားတဲ့..လူအချင်းချင်းပစ်ခံရလို့..
သာမန်စစ်သားတစ်ယောက်..
တိုက်ပွဲမှာကျသွားရင်တောင်
နှပ်တွဲလောင်းနဲ့ အော်ဟစ်ငိုယိုတတ်တဲ့..
အသည်းငယ်သူ စစ်သားရင့်မကြီးတွေဟာ..
ပြည်သူတစ်ယောက်..
(အထူးသဖြင့်)ရိုးသားတဲ့..
တောသူတောင်သားတစ်ယောက်
သေနတ်အပစ်ခံရလို့ ဦးနှောက်ပွင့်ပြီး..
သေသွားတာကို..
ဝမ်းနည်းခြင်း အလျင်းမရှိတာကို
သိသာသွားစေတာပဲ…၊
———————-
(၂)
အရင်တုန်းကဖြစ်စဉ်လေးပြန်ဖေါ်ပြချင်ပါတယ်၊
အဲဒီတုန်းက မှတ်မှတ်ရရ..
၂၀၁၂ နိုဝင်ဘာလမှား..ဒေါ်စုဟာ..
လက်ပတောင်းမှာရှိတဲ့..
ဆန္ဒပြပြည်သူတွေကိုတွေ့ဖို့အတွက်..
စတင်ထွက်ခွါခဲ့ပါတယ်၊
ဒေါ်စုလက်ပတောင်းကိုလာရောက်မယ်ဆိုတဲ့
သတင်းကိုကြားတဲ့အချိန်မှာ လက်ပတောင်းမှာရှိတဲ့
ဦးပိုင်နဲ့ ၀မ်ပေါင်ကုမ္မဏီဟာ..
စီမံကိန်းဒေသမှာ..သဘာဝပတ်ဝန်းကျင်
မထိခိုက်ကြောင်း ဒေါ်စုကိုပြသဖို့အတွက်..
ကွင်းခေါင်ခေါင်မှာ သစ်ပင်ကြီးတွေကို
တစ်နေရာကနေသယ်လာပြီး ..
အပင်လိုက်ပြန်စိုက်တာကအစ
လုပ်ကြံဖုံးဖိပြီး ပြင်ဆင်ခဲ့ကြတာပါ..၊
ဒါပေမဲ့ မီဒီယာတွေကဖွတဲ့အတွက်..
အရှက်တွေကွဲပါတော့တယ်..၊
၂၈-၁၁-၂၀၁၂ ဒေါ်စုစစ်ကိုင်းရောက်တဲ့ညမှာ..
အချိန်ကိုက် လက်ပတောင်းသပိတ်စခန်းကိုဖြိုခွဲပါတယ်၊
သံဃာတော် (၉၉) ပါးမီးလောင်ဒဏ်ရာတွေရခဲ့ပါတယ်၊
ဒေါ်စုဟာ နောက်တစ်နေ့ညမှာမုံရွာရောက်ခဲ့ပါတယ်
ရောက်ရောက်ချင်း မုံရွာဆေးရုံမှာရောက်နေတဲ့
ဒဏ်ရာရ သံဃာတော်တွေကို ညမှောင်နေပေမဲ့..
သွားရောက်ကြည့်ရှုခဲ့ပါတယ်၊
ထူးခြားတာက..
လက်ပတောင်းသံဃာတွေကိုနှိမ်နင်းပြီးတဲ့အချိန်မှာ
ဦးသိန်းစိန်အစိုးရဟာ..
ပြည်ထောင်စုမြန်မာနိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၁၁/၂၀၁၂) ကိုကြေငြာခဲ့ပြီး
ချက်ချက်း ပြန်ပယ်ဖျက်သွားတာပဲဖြစ်ပါတယ်၊
အံ့သြစရာတစ်ခုပါ..၊
အဲဒီလိုပြန်ပယ်ဖျက်လိုက်တဲ့ သတင်းထုတ်ပြန်ချက်မှာ..
လက်ပတောင်းသပိတ်စခန်းကိုနှိမ်နင်းရခြင်းဟာ
“ဥပဒေနဲ့အညီလုပ်ရတာဖြစ်တယ်” ဆိုပြီး..
သံဃာတွေကို အပြစ်ဖို့ ရေးခဲ့တာဖြစ်ပါတယ်၊
အဲဒီနောက်မှာ အစိုးရဟာ ကြံရမရဖြစ်ပြီး..
လက်ပတောင်းစုံစမ်းရေးကော်မရှင်ဖွဲ့ပြီး
ဒေါ်စုကို ကော်မရှင်ဥက္ကဌအနေနဲ့ချက်ချင်းခန့်ခဲ့တာပါ..၊
ကော်မရှင်ဥက္ကအဖြစ် ဒေါ်စုဟာ..
လက်ပတောင်းဒေသကရွာတွေကိုသွားရောက်ပြီး.
ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်..
ဒေါ်စုကိုရင့်ရင့်သီးသီးပြောဆိုခဲ့တဲ့ရွာသားတွေကိုလဲ
အံ့သြလောက်အောင်ကို ဒေါ်စုဟာစိတ်ရှည်ရှည်နဲ့
သည်းခံခဲ့သလို…
သူမကိုဆန္ဒပြနေသူများကိုလဲ..သားသမီးတွေရဲ့
စိတ်ဆိုးမှုကိုခံရတဲ့ မိဘတစ်ယောက်လိုမျိုး..
စိတ်မကောင်းဖြစ်ခဲ့တာတွေရှိပါတယ်၊
ဒေါ်စုနဲ့လိုက်ပါလာသူတွေကို အ၀င်မခံတဲ့
ရွာတစ်ချို့မှာ ဒေါ်စုဟာ သူ့အဖွဲ့တွေနဲ့ လုံခြုံရေးတွေကို
ထားရစ်ခဲ့ပြီး သူကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့
တစ်ယောက်ထဲရွာထဲကိုဝင်ရောက်ခဲ့ပြီး
သူ့ပြည်သူကို သူဘယ်လောက်ယုံကြောင်း
ပြသခဲ့ပါတယ်..၊
ဒါဟာ ဒေါ်စုရဲ့ ပြည်သူအပေါ်ကို ယုံကြည်တဲ့
သည်းခံတဲ့ ရပ်တည်ချက်တစ်ခုပါ…၊
ကျန်တဲ့အပိုင်းကတော့
အားလုံးသိတဲ့အတိုင်းပါပဲ..၊
————————
(၃)
အရေးကြီးတာက..
“တတိယအင်အားစု”ကိစ္စပါ..၊
အခုလော်ဘီတွေပြောနေတဲ့..
လက်ပတောင်းကြေးနီစီမံကိန်းဟာ..
“တတိယအင်အားစု” တစ်ခုပါဝင်နေတယ်ဆိုတာကို
ကျွန်တော့အနေနဲ့လဲ ယုံကြည်ပါတယ်၊
ဒါပေမဲ့ ကျွန်တော်ယုံကြည်တဲ့..
တတိယအင်အားစုဟာ..
ဆန္ဒပြသွေးထိုးတဲ့လူတွေမဟုတ်ပါဘူး..
ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ခတ်တဲ့..
အုပ်စုဘက်မှာဖြစ်ပါတယ်..၊
ဘာလို့လဲဆိုတော့..
လက်ပတောင်းအရေးတိုက်ပွဲဝင်နေတဲ့
ဒေသခံတွေကို ဦးအောင်မင်းက..
တရုတ်ကိုကြောက်ရတယ်လို့ ပြောတာရယ်၊
လက်ပတောင်းသပိတ်စခန်းကို..
ဒေါ်စုလာခါနီးမှ အချိန်ကိုက်ဖြိုခွဲလိုက်တာရယ်၊
အခုထက်ထိ ဘယ်သူ့အမိန့်ကြောင့်ဖြိုခွဲတယ်ဆိုတာကို
ဘယ်သူမှမပြောရဲကြတာရယ်..၊
အဲဒီလိုဖြိုခွဲပြီးပြီးချင်း သပိတ်စခန်းကို..
ဥပဒေအရနှိမ်နင်းရခြင်းဖြစ်ကြောင်းကို
သတင်းထုတ်ပြန်ချက်ထုတ်ပြီးမှ
ချက်ချင်းပြန်ပယ်ဖျက်လိုက်တာရယ်..
ပယ်ဖျက်ပြီးမှ ဒေါ်စုကို.
ကော်မရှင်ဥက္ကဌအဖြစ်ခန့်အပ်လိုက်တာရယ်
အဲဒါတွေဟာ သိသိသာသာကြီးကိုဆက်စပ်နေလို့ပါပဲ..၊
———————–
ဒီ့ထက်ကို ထပ်ပြီး ဆက်စပ်တာတွေကို
ထပ်ပြီးပြောပါ့မယ်..
လက်ပတောင်းကြေးနီကိစ္စဟာ တကယ်တော့
တရုတ်ကွန်မြူနစ်ပါတီရဲ့ စီးပွားရေးအင်အားစု
တစ်ခုနာမည်ခံထားတဲ့ လက်နက်ထုတ်လုပ်တဲ့
ကုမ္မဏီတစ်ခုဖြစ်တဲ့ NORINCO ဆိုတဲ့ကုမ္မဏီနဲ့..
ဦးသန်းရွှေတို့တွေ ၂၀၁၀ ဇွန်လကတည်းက
သဘောတူညီမှုတွေထဲက တစ်ခုဖြစ်ပါတယ်.။
(China North Industries Corp) လို့ခေါ်ပါတယ်၊
အဲဒါကတစ်ချက်ပါ..၊
အဲဒီနောက်ပိုင်းမှာ
လွန်ခဲ့တဲ့ သုံးနှစ်မပြည့်ခင်လောက်က..
“၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစား
မှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့သတင်းကိုဖေါ်ပြတဲ့ ..
The Voice ဂျာနယ်ကိုသတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ပါတယ်၊
အဲဒါက ဒုတိယအချက်ပါ..၊
အဲဒီဂျာနယ်ကသတင်းဟာ ..
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးလွန်းမောင်ရဲ့
လွှတ်တော်မှာတင်ပြချက်ကို ကိုးကားပြီးရေးတာဖြစ်တဲ့အတွက်
တရားစွဲခံလိုက်ရတာဖြစ်သလို..
စစ်တပ်မှာတုန်းက လူမှန် လို့နာမည်ကြီးနေတဲ့..
ပြည်ထောင်စုစာရင်းစစ်ချုပ်ကိုလဲ..
ဦးသိန်းစိန်အစိုးရဟာ ချက်ချင်းဖြုတ်ပစ်လိုက်ပါတယ်၊
အဲဒါက တတိယအချက်ပါ..၊
ဦးလွန်မောင် လွှတ်တော်မှာဘာတင်ပြသလဲဆိုတာကို
လေ့လာလိုက်တဲ့အခါမှာ..
လက်ပတောင်းနဲ့ပတ်သက်တဲ့ တစ်ချက်ကိုသွားတွေ့ပါတယ်..
“ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော
စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်
စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ
မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ
ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏
အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ
စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊
အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ
စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ
အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း
အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ
ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ
ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။
အလွယ်ခေါ်ရင်ဝမ်ပေါင် ပေါ့ဗျာ..။”
ဝမ်ပေါင်ကုမ္မဏီဆိုတာလဲ တကယ်တော့
NORINCO ရဲ့ လက်ခွဲတစ်ခုဖြစ်ပါတယ်၊
အဲဒီတစ်ချက်တည်းနဲ့..
ဦးပိုင်က လက်လွှဲရိုက်သွားတာကို.
လူတွေအားလုံးကသဘောပေါက်သွားတဲ့အတွက်..
စာရင်းစစ်ချုပ်လဲ ချက်ချင်းပြုတ်သွားတာပါပဲ..၊
အဲဒါတွေကိုလေ့လာကြည့်ရင်
ဦးပိုင် (စစ်တပ်)ဟာ တရုတ်နဲ့ တိုက်ရိုက်
လုပ်ကိုင်နေတဲ့အနေအထားရှိသလို..
လက်ပတောင်း စီမံကိန်းဟာလဲ ဦးသန်းရွှေကိုယ်တိုင်
သဘောတူခဲ့တဲ့ကိစ္စဖြစ်နေလေတော့..
Under-table ကိစ္စများစွာလဲပါဝင်နေမှာပါ၊
လက်ပတောင်းစီမံကိန်းကြီးဟာ..
၎ ရက်တာကာလကိုတောင် ဒေါ်လာ (၃)သန်းဖိုး
ကြေးနီတွေထွက်ရှိပေမဲ့ ၊
ဝမ်ပါင်ကို လက်လွှဲရောင်းချတဲ့
ဦးပိုင်ရဲ့ရှယ်ယာလွဲပြောင်းဈေးဟာ..
နှစ်ပေါင်းများစွာအတွက်ကိုမှ..
ဒေါ်လာသန်း ၁၀၀ မျှသာဖြစ်နေလို့ပါပဲ..
Under Table ပေရတဲ့ပမာဏဟာ
မခန့်မှန်းနိုင်လောက်အောင်များပြားနေမှာပါ၊
အဲဒါကြောင့်လဲ ..
စာရင်းစစ်ချုပ်ကို ချက်ချင်းဖြုတ်..၊
ဒေါ်စုကိုလဲ ကြားညပ်စေခဲ့သလို..
သံဃာများစွာကိုလဲ လက်ယဉ်စွာနဲ့နှိမ်နင်းခဲ့တာပါ
ပြီးတော့ အခုဖြစ်ပျက်နေတဲ့ဒေသခံတွေကို
ပစ်ခတ်နှိမ်နင်းမှုတွေလဲ အပါအ၀င်ပေါ့ဗျာ..၊
အဲဒီတော့..အပေါ်ကဖြစ်စဉ်တွေကိုကြည့်ရင်..
ကျွန်တော်ပြောတဲ့ တတိယအင်အားစုဟာ..
လက်ပတောင်းကိုအထိမခံတဲ့အင်အားစုဖြစ်ပြီး
ဘယ်သူတွေလဲ..
ဆိုတာကို သဘောပေါက်မယ်ထင်ပါတယ်..၊
???????
( Pa Yit)
6 Responses to “လက်ပတောင်း စီမံကိန်းဟာလဲ ဦးသန်းရွှေကိုယ်တိုင် သဘောတူခဲ့တဲ့ကိစ္စဖြစ်နေလေတော့.. Under-table ကိစ္စများစွာလဲပါဝင်နေမှာပါ”
  1. drkokogyi Says:
    ဆရာ~ မောင်စိန်ဝင်း (ပုတီးကုန်း)
    ပြောတဲ့ လက်ပံတောင်း ကျိန်စာ !
    ********************************
    လက်ပံတောင်း …………
    အသက်ပေါင်းများစွာ ……စတေး
    သွေးနဲ့ မော်ကွန်းတင်
    ရာဇဝင်သမိုင်း အသစ်
    အရိုင်းတစ်ခေတ်ကို ကဗျည်းထိုးပြီ။
    ဒါတို့ ရေ… ဒါတို့ မြေ
    ငါတို့ တတွေပိုင်တဲ့ တောင်တွေကိုဖျက်
    လယ်ကွက် မြေကွက် အဓမ္မလု
    မမျှတတဲ့ လူ့ အခွင့်ရေး ……………
    အသက်ကိုပါပေးရတဲ့ အဖြစ် !
    လက်ပံတောင်းတောင်စစ်တလင်း
    သွေးချင်းချင်းနီ
    ပြည်သူကို သတ်တဲ့ ကျည်ဆံ
    သမိုင်းကို မှန်ပီကျန်ခဲ့ !
    တောပျောက် တောင်ပျောက်
    လယ်ပျောက် ယာပျောက်
    ရွှာပျောက် လူပျောက်
    ဖျောက်ချင်တိုင် ဖျောက် !
    ပျောက်ချင်တာ ပျောက် !
    ဖျောက်တိုင်း မပျက် !
    ဖျက်တိုင်း မစင် !
    ရာဇဝင်ရိုင်း
    သွေးသမိုင်းကို
    ပြည်သူတွေ တွေးတိုင်း တွေတိုင်း
    နာကျည်စေ ……………………။
    မောင်စိန်ဝင်း (ပုတီးကုန်း)
    (Lwin Ko Ko)
  2. drkokogyi Says:
    သို့
    မဘသ၊ ၉ ၆၉ နှင့် ကုလားမုဒိန်း ဆြာတော်ဖျားများ သိကြားစေရန်
    —————————–
    တိုငိးပြည်ထဲက မိန်းမတစ်ယောက်
    မုဒိန်းကျင့်ခံရတာ နာတတ်ရင်
    တိုင်းပြည်မုဒိန်းကျင့် ခံရတာကို
    ပိုနာတတ်ရမယ် ဦးဝီရသူ
    လဂွန်းအိမ်
  3. drkokogyi Says:
    သီချင်းစောင်းစောင်း သီချင်းထောင်း
    စိုင်းထီးဆိုင်ရဲ့ “မောင့်လပြည့်ဝန်း”
    ______________________
    ♪ ♫ ♪
    ♪ ♫ ♪
    ဟိုတစ်ညမှာ မြင်ရဖူးတဲ့
    ပြောင့် …. လက်ပစ်ဗုံး ♪ ♫ ♪
    လောင်လွန်းတယ် တို့ရဟန်းတွေ
    ပြောင့် ….. လက်ပစ်ဗုံး ♪ ♫ ♪
    သပိတ်စခန်းတွေ အကုန်ခွဲ … ခဲ့ ….. ဟယ်
    ပြောင့် …. လက်ပစ်ဗုံး
    အာရုံဆွမ်း နေမထွက်ခင်
    ကပ်သွားသူ …. ♪ ♫ ♪
    ကပ်လွန်းလို့ မီးတွေလောင် …. ♪ ♫ ♪
    အမှောင်ဆုံးညမှာ ….
    ဘယ်နေရာပြေးမလဲ …
    မတွေးဝံ့တော့ဘူး …. သြော်
    မတွေး … တတ်တော့ဘူး ♪ ♫ ♪
    ♪ ♫ ♪
    စောက်ကျင့် ယုတ်သွားသော မင်းကို
    သြော် … စောက်ကျင့် ပြန်မယုတ်ချင်ပါ
    ဒီမိုများ … သစ္စာ … ကမ္ဘာတည်သ၍လေ …
    ♪ ♫ ♪
    ဆိုပေမယ့် လည်း …..
    ဒီဝဋ်ကြွေး အေရိုးများထံ
    အမြန်ရောက်အောင် သွားစေချင် ♪ ♫ ♪
    သို့လေသော်လည်း
    ဖံခင်တဲ့ လူသား သဘောမျိုး
    ဘ၀ဆက်တိုင်းမှာ အစိုးရ ကင်းလွတ်ဝေးပါစေ …. ♪ ♫ ♪
    သြော် ….. ♪ ♫ ♪
    ♪ ♫ ♪
    ဟိုတစ်ညမှာ မြင်ရဖူးတဲ့
    ပြောင့် …. လက်ပစ်ဗုံး ♪ ♫ ♪
    လောင်လွန်းတယ် တို့ရဟန်းတွေ
    ပြောင့် ….. လက်ပစ်ဗုံး ♪ ♫ ♪
    သပိတ်စခန်းတွေ အကုန်ခွဲ … ခဲ့ ….. ဟယ်
    ပြောင့် …. လက်ပစ်ဗုံး
    ဒေါ်ခင်ဝင်း .. ကမ္ဘာတစ်ဖက်ကို
    ထွက်သွားပြီ ♪ ♫ ♪
    တို့ရဲက တရုတ်လက်ထဲ ♪ ♫ ♪
    အချိုဆုံးစကားတွေ ဘယ်သူပြောမလဲ ♪ ♫ ♪
    မမေးဝံ့တော့ဘူး … သြော် .. မမေးတတ်တော့ဘူး ♪ ♫ ♪
    ♪ ♫ ♪
    ♪ ♫ ♪
    စောက်ကျင့် ယုတ်သွားသော မင်းကို
    သြော် … စောက်ကျင့် ပြန်မယုတ်ချင်ပါ
    ဒီမိုများ … သစ္စာ … ကမ္ဘာ … တည်သ၍လေ … ♪ ♫ ♪
    ဆိုပေမယ့် လည်း …..
    ဒီဝဋ်ကြွေး အေရိုးများထံ
    အမြန်ရောက်အောင် သွားစေချင်
    သို့လေသော်လည်း
    ဖံခင်တဲ့ လူသား သဘောမျိုး
    ဘ၀ဆက်တိုင်းမှာ အစိုးရ ကင်းလွတ်ဝေးပါစေ ….
    သြော် ….. ♪ ♫ ♪
    ♪ ♫ ♪
    ♪ ♫ ♪
    ♪ ♫ ♪
    နယ်ကျွံခြင်း မြန်မာအပျက်မှာ
    စောက်ဦးပိုင်
    ခက်လွန်းမက အခက်ပွေလည်း
    အငိုမဆုံးသေးခင် … ပြန်လာဦးမလား …
    မပြောတတ်တော့ဘူး ….
    သြော် … မပြောအပ်တော့ဘူး … ♪ ♫ ♪
    စောက်ကျင့် ယုတ်သွားသော မင်းကို
    သြော် … စောက်ကျင့် ပြန်မယုတ်ချင်ပါ
    ဒီမိုများ … သစ္စာ … ကမ္ဘာ … တည်သ၍လေ … ♪ ♫ ♪
    ♪ ♫ ♪
    (ဒီမိုများရဲ့ သစ္စာ ကမ္ဘာ … တည်သ၍ပါပဲ … )
    ___________________________
    သေးဆို – စောင်းထောင်း ထီးဆိုင်
    သေးရေး – ကေအေဂျီ
    ကာတွန်းဟန်လေး၏ ပုံအား ကူးယူအသုံးပြုပါသည်။
    ___________________________
    (စောင်းထောင်းထီးဆိုင်၏ ဆိုဟန်ကို နားဆင်လိုကြပါက ကွန်းမန့်ဖြင့် မှတ်ချက်ပေးနိုင်ကြပါကြောင်း။)
  4. drkokogyi Says:
    Tun Tun Naing
    ထူးအိမ်သင် ရဲ့  အချစ်ဆိုသည်မှာ
    နတ်မင်းလေးကတော့
    (((#“အဘ” ဆိုသည်မှာ)))
    ——————————-
    V-1 ♫ ♫ ♫ ♫
    “အဘ” ဆိုသည်မှာ
    ကလိမ်ကျမှုများနဲ့  ညစ်ပတ်သောသတ္တ၀ါ
    “အဘ” ဆိုသည်မှာ
    ခေါင်းပေါင်းများနဲ့ ဘောင်းဘောင်းများအထက် အရှင်သခင်
    “အဘ” ဆိုသည်မှာ
    လယ်မြေမဲ့ နဲ့  ယာမြေမဲ့ တို့ အတွက် မသာ
    “အဘ” ဆိုသည်မှာ
    တယုတ်ကြောက်တို့  စုဝေးရာနေရာ
    V-2 ♫ ♫ ♫ ♫
    “အဘ” ဆိုသည်မှာ
    မိန့် ခွန်းပြောတဲ့အခိုက် လမင်းတရာ
    “အဘ” ဆိုသည်မှာ
    လယ်သိမ်းတဲ့အခါ နေမင်းကုဋေကုဋာ
    “အဘ” ဆိုသည်မှာ
    တားဆီးဖမ်းခဲ့ ဆန္ဒပြခြင်းများစွာ
    “အဘ” ဆိုသည်မှာ
    ငရဲအိုးသွားမယ့် မသာ နဲ့ ဖွတ်ကျားးးး
    CHO-1 ♫ ♫ ♫ ♫
    တစ်ကယ်ဆို ရင်“အဘ” ဟာ
    မြေသိမ်းလွန်းတဲ့ ပြသနာ
    “အဘ” ဟာ
    အာဏာရူးလွန်းတဲ့ သတ္တ၀ါ
    ငါကိုယ်တိုင် “အဘ” ဟာ
    ဘာလဲမသိတော့ပါ
    တစ်ခါတစ်ရံ
    “အဘ” ဆိုတဲ့သူနဲ့ 
    ပြိုင်ဆဲလိုက်ချင်လဲ
    တစ်ခါတစ်ရံတော့
    “မျေယိုး” လို့ ဆဲချင်တယ်
    ♫ ♫ ♫ ♫
    ♫ ♫ ♫ ♫
    ♫ ♫ ♫ ♫
    V-3 ♫ ♫ ♫ ♫
    “အဘ” ဆိုသည်မှာ
    ကလိမ်ကျမှုများနဲ့  ညစ်ပတ်သောသတ္တ၀ါ
    “အဘ” ဆိုသည်မှာ
    ခေါင်းပေါင်းများနဲ့ ဘောင်းဘောင်းများအထက် အရှင်သခင်
    “အဘ” ဆိုသည်မှာ
    လယ်မြေမဲ့ နဲ့  ယာမြေမဲ့ တို့ အတွက် မသာ
    “အဘ” ဆိုသည်မှာ
    တယုတ်ကြောက်တို့  စုဝေးရာနေရာ
    V-4 ♫ ♫ ♫ ♫
    “အဘ” ဆိုသည်မှာ
    မိန့် ခွန်းပြောတဲ့အခိုက် လမင်းတရာ
    “အဘ” ဆိုသည်မှာ
    လယ်သိမ်းတဲ့အခါ နေမင်းကုဋေကုဋာ
    “အဘ” ဆိုသည်မှာ
    တားဆီးဖမ်းခဲ့ ဆန္ဒပြခြင်းများစွာ
    “အဘ” ဆိုသည်မှာ
    ငရဲအိုးသွားမယ့် မသာ နဲ့ ဖွတ်ကျားးးး
    CHO-2 ♫ ♫ ♫ ♫
    တစ်ကယ်ဆို ရင်“အဘ” ဟာ
    မြေသိမ်းလွန်းတဲ့ ပြသနာ
    “အဘ” ဟာ
    အာဏာရူးလွန်းတဲ့ သတ္တ၀ါ
    ငါကိုယ်တိုင် “အဘ” ဟာ
    ဘာလဲမသိတော့ပါ
    တစ်ခါတစ်ရံ
    “အဘ” ဆိုတဲ့သူနဲ့ 
    ပြိုင်ဆဲလိုက်ချင်လဲ
    တစ်ခါတစ်ရံတော့
    “မျေယိုး” လို့ ဆဲချင်တယ်
    ♫ ♫ ♫ ♫
    တစ်ကယ်ဆို ရင်“အဘ” ဟာ
    မြေသိမ်းလွန်းတဲ့ ပြသနာ
    “အဘ” ဟာ
    အာဏာရူးလွန်းတဲ့ သတ္တ၀ါ
    ငါကိုယ်တိုင် “အဘ” ဟာ
    ဘာလဲမသိတော့ပါ
    တစ်ခါတစ်ရံ
    “အဘ” ဆိုတဲ့သူနဲ့ 
    ပြိုင်ဆဲလိုက်ချင်လဲ
    တစ်ခါတစ်ရံတော့
    “မျေယိုး” လို့ ဆဲချင်တယ်
    ♫ ♫ ♫ ♫
    သေးရေး။ ။နတ်မင်းလေး
  5. drkokogyi Says:
    ရွှေဝါရောင် Saffron
    Yesterday at 5:19am ·
    ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ယနေ့  ရေးတဲ့ကဗျာ
    =========================================
    လက်ပံတောင်းကျိန်စာ
    ————————-
    လက်ပံတောင်း
    အသက်ပေါင်းများစွာစတေး
    သွေးနဲ့မော်ကွန်းတင်
    ရာဇဝင်သမိုင်းအသစ်
    အရိုင်းတစ်ခေတ်ကိုကဗျည်းထိုးပြီ။
    ဒါဒို့ရေ ဒါဒို့မြေ
    ငါတို့တတွေပိုင်တဲ့တောင်တွေကိုဖျက်
    လယ်ကွက်မြေကွက်အဓမ္မလု
    မမျှမတတဲ့ လူ့အခွင့်အရေး
    အသက်ကိုပါပေးရတဲ့အဖြစ်
    လက်ပံတောင်းတောင်စစ်တလင်း
    သွေးချင်းချင်းနီ
    ပြည်သူကိုသတ်တဲ့ကျည်ဆံ
    သမိုင်းကိုမှန်ပြီးကျန်ခဲ့။
    တောပျောက်တောင်ပျောက်
    လယ်ပျောက်ယာပျောက်
    ရွာပျောက်လူပျောက်
    ဖျောက်ချင်တာဖျောက်
    ပျောက်ချင်တာပျောက်
    ဖျောက်တိုင်းမပျက်
    ဖျက်တိုင်းမစင်
    ရာဇဝင်ရိုင်း
    သွေးသမိုင်းကို
    ပြည်သူတွေ တွေးတိုင်းတွေးတိုင်း
    နာကျည်းစေ။
    မောင်စိန်ဝင်း ( ပုတီးကုန်း )
    ၂၃ -၁၂ -၂၀၁၄
  6. drkokogyi Says:
    Dr. Maung Zarni >>> Only the rulers are whore in Myanmar, not the rural public.
    Tin Maw’s posted>>>
    “ဝမ်ပေါင်က . .သိန်း ၂၀၀ ကူငွေ
    လာပေးပေမယ့် . .ဒေါ်ခင်ဝင်းသမီး
    က . .လုံးဝ လက်မခံပါတဲ့။ လက်ရှိ
    ခေါင်းဆောင်တွေ ငွေကြေးနဲ့သိက္ခာ
    အရေးမှာ . .အဲဒီလောက်သာ နားလည်
    ရင် . .မြန်မာပြည် ချမ်းသာပြီ။”
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: