လိပ်ခွံတောင် မတရားအသတ်ခံရသူ ဒေါ်ခင်ဝင်းပိုင် လယ် ၇ဧကလည်း သိမ်းခံရတယ် ဒါတွေအတွက် ဘယ်သူ တာဝန်ရှိသလဲ

ဒါတွေအတွက် ဘယ်သူ တာဝန်ရှိသလဲ
လိပ်ခွံတောင် မတရားအသတ်ခံရသူ ဒေါ်ခင်ဝင်းပိုင် လယ် ၇ဧကလည်း သိမ်းခံရတယ်
============================================
ရောဘတ်အယ်လ်ဟို့စ်
ဒီဇင်ဘာလ ၂၃ရက်၊ ၂၀၁၄။

တိုင်းသားပြည်သူများ ရဲ့ ချွေးတွေသွေးတွေကို ရင်းနှီးပေးဆပ်ပြီးမှ၊ သူတို့ရဲ့ ဘ၀ရပ်တည်မှုတွေ ၊ နောက်ဆုံး အသက်ရှင် ရပ်တည်မှုတောင်မရအောင် သွေးစုပ်ချယ်လှယ်နေတဲ့ တရုတ်ရဲ့ ရင်း နှီးမြုပ်နှံမှု ဆိုတာဟာ တိုင်းပြည်အတွက် ဘယ်လောက်တောင် အရေးကြီးနေလို့လဲ။

မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံထားသမျှ တရုတ်ပြည်မကြီးရဲ့ ရင်းနှီးမြုပ်နှံထားမှု အစုစုတို့ဟာ မြန်မာ ပြည်အတွက် အရမ်းအရေးကြီးနေလို့လား၊ ဒါမှမဟုတ် တရုတ်ပြည်ကြီးအတွက်သာ အရမ်းအ ရေး ကြီးနေလို့လား။ ဒါမှမဟုတ် တရုတ်လက်ပါးစေလုပ်ပြီး တိုင်းပြည်ရဲ့ အဆီအနှစ်မှန်သမျှကို တရုတ်လက်ထဲ တစ်ရာတန်တဲ့ ပစ္စည်းကို တစ်ကျပ်နဲ့ရောင်းစားပြီး ကိုယ့်အိပ်ထဲ ပြား ၆၀ မှန်မှန် ထည့်နေကြတဲ့ တိုင်းပြည်အုပ်စိုးသူ စစ်ဗိုလ်ချူပ်တွေအတွက်သာ အရမ်းအရေးကြီးနေကြလို့လား။

ဒီမေးခွန်းတွေကို မြန်မာပြည်သူတွေ ဘက်မလိုက်ဘဲ မေးကြရမယ့်အချိန်ရောက်နေပါပြီ

တရုတ်ပြည်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာပြည်သူတစ်ရပ်လုံးအတွက်သာ တကယ်တမ်း အ ရမ်း အကျိုးရှိတဲ့ဟာတွေဆိုရင် သူတို့ရင်းနှီးမြုပ်နှံလာတာ နှစ် ၃၀ နီးပါးရှိနေပြီ။ သူတို့ရင်းနှီး မြုပ်နှံမှုတွေ အုံနဲ့ကျင်းနဲ့ ၀င်လာတဲ့ကာလများမှာကျမှ မြန်မာပြည်သူတွေလည်း ကိုယ့်တိုင်းပြည် ထဲမယ် ၀မ်းတောင်မ၀တော့လို့ ပြည်ပတိုင်းပြည်တွေထွက်ပြီး ကျွန်ခံရတဲ့သူတွေ သမိုင်းမှာ စံ ချိန်တင်လောက်အောင် အများဆုံးဖြစ်နေရတဲ့ အချက်ကို သတိပြုမိသင့်တယ်။

ဒီစီမံကိန်းတွေကြောင့် မြန်မာပြည်နဲ့အ၀န်း အတော်များများကြီးလည်း ကိုယ့်မြေတွေလယ်တွေ အသိမ်းခံရပြီး ခေတ်သစ် ချစ်တီး တွေရဲ့သွေးစုပ်မှုကို စံချိန်တင်ခံနေကြရတာကို သတိရကြရမှာ ဖြစ်ပါတယ်။ ဒီလိုမတရားလုပ်နေကြတာတွေ လူအများသတိမထားမိသွားစေရေး တိုင်းပြည်တွင်း ကနိုင်ငံသားအခြင်းခြင်းကို လူမျိုးရေးတွေ၊ ဘာသာရေးတွေနဲ့ ရန်မီးမွှေးပေးခဲ့ပေးပြီး အာရုံလွှဲခဲ့ တာတွေအတွက် နစ်နာခဲ့ရသူပေါင်း ဘယ်လောက်တောင် ရှိနေပြီလဲ။

ဒီစီမံကိန်းတွေကြောင့် တရုတ်ကိုကျွန်ခံနေကြတဲ့ စစ်ခရိုနီတွေအတွက် အကျိုးရှိနေသလား ဆိုတဲ့ မေးခွန်းကိုတော့ မြန်မာပြည်က ဗမာစစ်ဗိုလ်ချူပ်တွေ ထဲက အငယ်ဆုံးအသေးဆုံးဆိုတဲ့ ဦးအောင်သောင်း(ဗိုလ်မှုးကြီးဟောင်း) တောင်မှ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း များစွာ ပိုင်ဆိုင်ကြွယ်ဝနေတယ်ဆိုတာကို သတိပြုမိသင့်တယ်။

ဒီမေးခွန်းတွေကို မေးကြရမယ်လို့ထင်တယ်။ မေးကိုမေးကြရမယ်။

တရုတ်စီမံကိန်းတွေကြောင့် ကိုယ့်ပြည်တွင်းက ဘယ်သူတွေ ဘယ်လောက်နစ်နာသွားရသလဲ ဆိုတဲ့မေးခွန်းအတွက် အဖြေတွေက အများကြီးပါ။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူက တရုတ် ရေနံပိုက်လိုင်း မြန်မာပြည်ပေါ်ဖြတ်သန်းရာ အစဦးဆုံး မေးတင် နေတဲ့ နေရာက ကမန်တိုင်းရင်းသား တွေရဲ့ ရပ်ကွက်ကြီးတစ်ခုလုံးကို လုံးဝပျောက် ပျက် သွားအောင် မီးရှို့ပြာချလိုက်ကြပြီး အဲ့ဒီနေရာတွေကို အခုတရုတ်ကိုရောင်းစားမယ့် ခရိုနီ ဗိုလ်ချူပ် မိသားစုတွေရဲ့ ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲလိုက်ကြပြီ။ အမည်ခံတာက နိုင်ငံတော်ပိုင် လို့ဆိုတယ်။

မနေ့က မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသ၊ လိပ်ခွံတောင်က တောင်သူမကြီး ဒေါ်ခင်ဝင်း ဟာ သူ့ရဲ့မျိုးဆက်ပေါင်းများစွာကတည်းက ဓားမဦးချ လုပ်စားလာကြတဲ့ လယ်မြေ ခုနစ်ဧက ကို တရုတ် ၀မ်ပေါင်ကုမ္မဏီပိုင်အဖြစ် အသိမ်းခံရလို့၊ ဒီလယ်မြေလေးတွေမှ ပါသွားခဲ့ရင် မိသားစု ဘ၀ဟာ သောင်ပြင်လွှတ်တဲ့ ခွေးဘ၀တော့ ရောက်ရတော့မှာပဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ သေသေ ကြေကြေ ကန့်ကွက်တယ်။ စာရင်းချူပ်တော့ ခေါင်းကို သေနတ်ပစ်ခံရပြီး အသေဆိုးနဲ့ သေခဲ့ရ တယ်။ သူတို့မိသားစုပိုင်တဲ့ တောင်ယာ လယ် ခုနစ်ဧက လည်း တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ၀မ်ပေါင် ရဲ့ သိမ်းဆည်းတာကို ခံလိုက်ရတယ်။

ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တွေ ဟာ သူတို့ဘ၀ရပ်တည်ရေးအတွက် အကောင်းဆုံးကို လုပ်နိုင်တာ ဆိုလို့ သူတို့ရဲ့ ရှိစုမဲ့စုလေးများကို ရောင်းချပေါင်နှံပြီး မကြာခင်မှာ ထိုင်းနိုင်ငံ သို့မဟုတ် မလေး ရှားနိုင်ငံကို ထွက်ပြီး ကျွန်ခံ ၊ သူတပါးအနိုင်ကျင့်ခံဘ၀မှာ ခေါင်းငုံ့နေကြဖို့ပဲ ရွေးချယ်စရာ ကျန် တော့တယ် မဟုတ်လား။

မြွေပါလည်း ဆုံး သားလည်း ဆုံးခဲ့ရပြီ။ အကြိမ်ကြိမ်လည်း မြွေပါသေခဲ့သလို ၊ သားလည် ကိုယ် တွေ လုပ်တာမဟုတ်တဲ့ မှားယွင်းမှုတွေကြောင့် သေခဲ့ရတယ်။ ဒါတွေအတွက် ဘယ်သူ့တွေမှာ တာဝန်ရှိလဲ။ ဘယ်သူ့တွေမှာ တာဝန်ရှိသလဲ။ ဘယ်သူ့တွေမှာ တာဝန်ရှိပါသလဲ။

(ရောဘတ်အယ်လ်ဟို့စ် ရေးသားသည်။)

3 Responses to “လိပ်ခွံတောင် မတရားအသတ်ခံရသူ ဒေါ်ခင်ဝင်းပိုင် လယ် ၇ဧကလည်း သိမ်းခံရတယ် ဒါတွေအတွက် ဘယ်သူ တာဝန်ရှိသလဲ”

  1. drkokogyi Says:

    Thuzar Mdy
    ‪#‎ဖွတ်လူမိုက်‬
    —————
    ♫ ♫ ♫ ♫
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ♫ ♫ ♫ ♫
    ကိုဝမ်ပေါင်အတွက်ဆို
    အမိ အဘကို သတ်ဖျက်ပြမယ်
    တယုတ်ဖျင်ပေးရင် ချစ်ရဲ တယ်
    တယုတ်အလိုတိုင်း အမြဲတမ်းပြည့်စေမယ်
    တယုတ်တွေအတွက် သတ္တိရှိတယ်
    တယုတ်အတွက်ပဲ “အဘ”ဘ၀ဖြစ်ခဲ့တယ်
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ♫ ♫ ♫ ♫
    ♫ ♫ ♫ ♫
    ♫ ♫ ♫ ♫
    ♫ ♫ ♫ ♫
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ♫ ♫ ♫ ♫
    ကိုဝမ်ပေါင်ပြောရင်
    ပြောသမျှအကုန်ခေါင်းငြိမ့်ခဲ့တယ်
    တစ်ခွန်းဆိုတစ်ခွန်း နားထဲရောက်တယ်
    တယုတ်ရဲ့ စကားမေ့လို့ မရနိုင်တယ်
    “အဘ” ရင်ထဲသပ်နဲ့ စွဲသလို
    တယုတ်အသံပဲ အမြဲနားစိုက်ခဲ့တယ်
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ♫ ♫ ♫ ♫

    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ♫ ♫ ♫ ♫
    ကိုကိုပိုင်ရှိရင် မြေယာကို
    ဘူဒိုဇာထိုးရဲတယ်
    ငရဲကိုလဲမေ့လို့ထားမယ်
    တယုတ်တွေဘက် ဖျင်လေးပေးကာရယ်
    အမြဲလူသတ် ပစ်ခတ်လိုက်မယ်
    သတ္တိသွေး ရဲရဲတောက်ခဲ့တယ်
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ♫ ♫ ♫ ♫
    ♫ ♫ ♫ ♫
    ♫ ♫ ♫ ♫
    ♫ ♫ ♫ ♫ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ♫ ♫ ♫ ♫
    ရာဇ၀င်ပြောင်းထွန်းတယ်
    ပြောစမှတ်တွင်ရစ်ခဲ့ရမယ်
    ဖွတ်တို့ သမိုင်းရေးထိုးလောက်တယ်
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ပုံရယ်
    တယုတ်စိတ်ချမ်းမြေ့ ဖို့ ရယ်
    လက်နက်ပဲ အားကိုးခဲ့ကြတယ်
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ♫ ♫ ♫ ♫
    ♫ ♫ ♫ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    ဖွတ်လူမိုက် တယုတ်ကြောင့်မိုက်ခဲ့တယ်….
    သေးရေး။ ။နတ်မင်းလေး ”
    မူရင်းစာသား ပိုင်ရှင် * ကိတ်မုံ့ ကြွေးသည်
    ဓါ့ ပုံ ပိုင်ရှင် * ကိတ်မုံ့  ကြွေးသည်

  2. drkokogyi Says:

    Swe Mon

    တရုတ်က မြန်မာလူမျိုးတွေကို တူနဲ့ထုတာတောင် အသံကလေးတစ်သံမထွက်ရဲတဲ့ ၉၆၉ နဲ့ မဘသ….
    .
    မင်းတို့ကိုယ် မင်းတို့ အမျိုး ဘာသာစောင့်အမည်ခံရဲတာကို လိပ်ပြာသန့်ကြရဲ့လားကွာ….
    .
    ရှက်ကြပါကွာ… မင်းတို့ ဘာကို စောင့်ရှောက်နေသလဲ… လူတိုင်းလည်း သိနေပါပြီ။.

    “ရဲဘက်ကနေပြီးတော့ သေနတ်နဲ့ပစ်တာ မိုးကြိုးပြင်အလယ်ရွာ ဒေါ်ခင်ဝင်း ခေါင်းမှန်ပြီးတော့ ဆုံးသွားပြီ၊ ဒဏ်ရာရတဲ့လူ ၁ဝ ယောက်လောက်ရှိတယ်၊ မနက်က ၈ နာရီလောက် ကုမ္ပဏီဘက် ခြံစည်းရိုးဝင်ခတ်တာ ဒီဘက်က ရွာသားတွေကတားတာ တရုတ်တွေကစပြီးတော့ ခဲတွေနဲ့ထုတာ ရဲတွေက ၆ဝဝ လောက်ရှိတယ်”
    .
    “ကျမတို့ စစ်ကိုင်းတိုင်း ရဲမင်းကြီးကိုလည်း ဖုန်းဆက်ခေါ်တယ်၊ ကျမတို့ ဖုန်းပြောနေတဲ့အချိန်မှာ ခဲတွေနဲ့ထုတယ်၊ လေးခွနဲ့ပစ်တယ်၊ ကျမကိုရှေ့တိုးလာရင် တပ်ရင်း ၁၆ က တပ်ရင်းမှူးက ကျမကိုအမိန့်ပေးတာ ဒီကောင်မကိုပစ်တဲ့၊
    .
    ပိုပြီးတော့ဆိုးတာက တရုတ်တွေက အကုန်လုံးကိုတူတွေနဲ့ လိုက်ထုတာ အခုခါးတွေရော၊ အကုန်မှန်တဲ့သူကမှန်လို့ မထနိုင်ကြဘူး၊ သူတို့သံဆူးကြိုးခတ်ဖို့ရာ သံလုံးတွေကိုရိုက်ဖို့ တူတွေပါလာတာ၊ အဲ့ဒါတွေနဲ့ ဒေသခံလူထုတွေကိုရိုက်တာ၊ သူတို့ကစရိုက်တာ”

  3. drkokogyi Says:

    Latest News: (12/23/2014)

    လက်ပံတောင်း ပဋိပက္ခ တင်းမာမှုတွေ ဆက်ပြီးတိုးနေ (Text Report)

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတဝိုက်က ဆည်တည်းနဲ့ ဇီးတောပင်ရွာကို သွားတဲ့လမ်းတွေကို ဒီဇင်ဘာ ၂၃ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့လိုက်ပြီး ဒေသခံတွေနဲ့ ပဋိပက္ခတွေ ထပ်မံတင်းမာလာခဲ့ရာက သေနတ်ပစ်ဖောက်မှုကြောင့် အနည်းဆုံး လူနှစ်ဦး ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရရှိသူ တောင်သူ နှစ်ယောက်က ကိုဌေးဝင်းနဲ့ ကိုအောင်နိုင်တို့ဖြစ်တယ်လို့ လက်ပံတောင်းအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

    ဆည်တည်းရွာကို မီးတင်ရှို့မယ်ဆိုတဲ့ ကောလဟာလတွေ ပြန့်နေတာကြောင့် ရွာသားတွေက ကျေးရွာကနေ လွတ်မြောက်ရာကို ထွက်ခွာနေကြပြီး ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်မှုကို လုံခြုံရေးတွေက အပြည့်အဝ အကာအကွယ်ပေးနေတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ မိုးကြိုးပြင်နဲ့ တုံရွာ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားလိုက်သလို လက်ပံတောင်းတောင်ဒေသကို ရောက်ရှိသွားတဲ့ ၈၈မျိုးဆက် ကျောင်းသားတွေနဲ့ မန္တလေးက သံဃာတွေကလည်း တုံရွာနားမှာ နေ့လည်ကတည်းက ပိတ်ဆို့မိနေတယ်လို့ ဆိုပါတယ်။

    ဒေသခံ တောင်သူအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး လူတစ်ဒါဇင်ကျော် ဒဏ်ရာတွေရရှိခဲ့တဲ့ ဒီဇင်ဘာ ၂၂ရက်နေ့က ပဋိပက္ခနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် ဝမ်ပေါင်ကုမ္ပဏီဘက်ကတော့ လျော်ကြေးမယူတဲ့တောင်သူတွေရဲ့ လယ်ယာတွေကို ကုမ္ပဏီက အစိုးရခွင့်ပြုချက်နဲ့ ခြံစည်းရိုးတွေခတ်နေတယ်လို့ အတည်ပြုပါတယ်။ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာမှုတွေအတွက် သူတို့ကုမ္ပဏီအနေနဲ့ စိတ်မကောင်းကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

    ကြေးနီစီမံကိန်းတဝိုက်က ကျေးရွာတွေမှာ တစ်ချိန်တည်းလိုလို နေရာအနှံ့ ပဋိပက္ခတွေဖြစ်နေပြီး ဒီဇင်ဘာ ၂၂ရက်နေ့မှာတော့ ဝမ်ပေါင်ကုမ္ပဏီရဲ့ လုံခြုံရေးဝန်ထမ်းတွေကိုယ်တိုင် ကန့်ကွက်နေတဲ့ ဒေသခံတွေကို ပုဆိန်တွေနဲ့ တိုက်ခိုက်ဖြိုခွင်းခဲ့တယ်လို့ ဒေသခံတစ်ချို့က သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်…………

    Cd to ကမာရွတ်မီဒီယာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: