ကဲ… ယှဉ်ဖတ်ကြည့်စေချင်….


ကဲ… ယှဉ်ဖတ်ကြည့်စေချင်…..

မာမီစမ်း “ညွှန်း”သလိုသာ “စွမ်း”ကြရင်ဖြင့် ပြည်သူတွေ”လန်း”ခွင့်ကြုံတာ… ကြာပြီပေါ့….
.လေညာကပဲ “ဖြီး ဖြီး ပြ”နေတော့…. ပြည်သူတွေက…”ညည်း ညည်း ရ”ပြန်တာပေါ့…. အမျိုးသားရေးဝါဒီကြီး ခင်ဗျား…..
“အာ ပေး” ကာ “ညာ တေး” ဆိုပြန်တာက…. ဘာတဲ့….
{သူငုံ့ခံရင်… သူ့လူမျိုး အပြုတ်နှံခံရမှာပေါ့…. } တဲ့ ခင်ဗျ။.

လာလာချီသေး… ဘာညာအပီအပြင်လေးနဲ့ပေါ့ခင်ဗျာ…
.{သူနေသာသလိုဆိုရင်…..သူ့လူမျိုး…ဝေဒနာပိုမှာပေါ့ } တဲ့…
.”အတီအတာ တပုံတပင်”နဲ့ “ပလီပလာ အစုံအလင်” ထပ်ပြောပြန်တာက…
.
{သူသက်သာခိုရင် … သူ့သာသနာ မျက်နှာညိုမှာပေါ့….}
.
.
ခု လက်ပံတောင်းက ဒေါ်ခင်ဝင်း … အသေဗျင်းခံရတာတောင်… လူမျိုး အပြုတ်နှံ… အဟုတ်ခံရတာ …ဟုတ်သေးဘူး…ပေါ့..
.
လယ်တီသိမ်..တကယ်ဂိန်တာတောင်… သာသနာ မမှိန်ဘူးတဲ့လား… ပြောကြည့်ပါဦး…
.
.
ဟင်…

ဦးနှောက်ဖြူဖြူထွက်တာတောင် မျက်ရည်ကြူကြူမထွက်နိုင်တဲ့ ဒီဘုန်းကြီး…..

အခါသင့်လို့ အခွင့်ကြုံတိုင်း ယုန်ကလေးလို နှာစေးတတ်တဲ့ ဒီနှာခေါင်း…..

ထွေပြားလှတဲ့ သတ္တ၀ါကိုတောင်ေ၀၀ါးချကာ မေတ္တာမထားတတ်တဲ့ ဒီစိတ်…

ချစ်လွင်ပြင်ကြီးထဲမှာ…. မုန်းဆိပ်ပင်စိုက်တတ်အောင် သင်ပေးတတ်တဲ့ ဒီပါးစပ်ပိုင်ရှင်အတွက်….

သူပြောသမျှ…. သူဟောသမျှဟာလေ… “ဟို အဘ”တွက်ချည်းပေမို့…

မာမီစမ်းရေ… အသာနေစမ်းပါဟ…

လူ့ကန့်လန့်ဟူသမျှ ဝေးဝေးစိတ်ထား…. လူ့ခွစာဟူသမျှ ဘေးဘေးချိတ်ထားပြီး …..

အတွေးသစ်… အမြင်သစ်နဲ့… လူ့ဘောင်သစ်ကို ရဖို့….

လတ်ဆတ်တဲ့ D အား D အင် အပုံအပင်ကို သုံး…

ွD မိုး… D လေတွေကို ဖြတ်သန်းနိုင်ဖို့….

မြန်မာမှာ “စု” နိုင်မှ ကမ္ဘာမှာ တုပြိုင်နိုင်မှာမို့….

D ခရီးကို တူတူလျှောက်…. D လမ်းကို တူတူဖောက်ကြပါစို့လား……

အရွဲ့အစောင်းကို တဖဲ့တဖောင်းထုကြည့်ခြင်းမျှသာ….

ဆွေမွန်
၂၄ ဒီဇင်ဘာ ၂၀၁၄

ANSWER IS HERE…

ဝမ်ဘောင်ကုမ္ပဏီရဲ့ထုတ်ပြန်ချက်တခုပါ
———————
အားလုံးအတွက် ဝမ်းနည်းပြီး ကရုဏာသက်မိသော အချိန်လေးတစ်ခု

ကျွန်တော်တို့ရဲ့ ဒေသခံလူ့အဖွဲ့အစည်းမှာ ရှိတဲ့ မိုးကြိုးပြင်ရွာမှ ဒေသခံ အမျိုးသမီးတစ်ဦး ဆုံးပါးသွားကြောင်း ကျွန်တော်တို့လည်း မကြာသေးခင်ကမှ သတင်းရရှိထားပါတယ် ၊ ကျွန်တော်တို့ ဝမ်ပေါင်ဝန်ထမ်းများအားလုံးအနေဖြင့်လည်း ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့လည်း ဆုံးပါးသွားသော အမျိုးသမီး၏ မိသားစုအားလည်း ကိုယ်ချင်းစာမိပါတယ်။ ယနေ့သည် ကျွန်တော်တို့၏ လက်ပံတောင်းမိသားစုထဲမှ မိသားစုဝင်တစ်ဦး ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ် ပါတယ်….
အဆိုပါအမျိုးသမီးသေဆုံးသွားရသည်အထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မကွဲပြားသေးပါ။ကျွန်တော်တို့ နားလည်သည်မှာ ရဲတပ်ဖွဲ့ဝင်များလည်း အခင်းဖြစ်ပွားသည့်နေရာတွင် ရှိနေခဲ့ပြီး အဆိုပါ ဝမ်းနည်းဖွယ် ဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လိမ့်မည်ဟု ကျွန်တော်တို့ မျှော်လင့်မိပါတယ်။
လက်ရှိမှာ ကျွန်တော်တို့သည် ဒေသခံများနှင့် ဆက်ဆံရေးတွင် အံ့သြဖွယ်ရာ တိုးတက်ကောင်းမွန်သော အခြေအနေတစ်ရပ်ကို ရရှိထားပြီးချိန်တွင် ကျွန်တော်တို့အတွက် အလွန်စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါ တယ်။ဘာကြောင့်လဲဆိုတော့ ၂ဝ၁၄ ခုနှစ် မေလမှ နိုဝင်ဘာလ အထိ ဒေသခံများနှင့်ကျွန်တော်တို့ အကြားတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး စီမံကိန်းအတွက် ဒေသခံတို့၏ ခွင့်ပြုချက် အမြောက်အများကို ရရှိထားပြီးဖြစ်လို့ပါ။
ယနေ့ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များမှာ ကံဆိုးရခြင်း အကြောင်းရင်းများစွာရှိပါတယ်… အထူးသဖြင့် ကျွန်တော်တို့ နှင့် ဒေသခံများအကြား တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာဖြင့် ယုံကြည်မှုကို ကြိုးကြိုးစားစားစတင်တည်ဆောက်နေချိန်တွင် ကံအားလျော်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ခြင်းမှာလည်း ဒေသခံပြည်သူအများစုမှာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီမှုပေးထားခဲ့လို့ ဖြစ်ပါတယ်….
ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးပြီးသော ရွာ(၃၅)ရွာရှိ (၇၁)ရာခိုင်နှုန်းသော ဒေသခံများမှာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် နှင့် စီမံကိန်းအား ထောက်ခံကြောင်း ကျွန်တော်တို့အား မီးစိမ်းပြ ခွင့်ပြုပေးပြီးဖြစ်ပါတယ်၊ စီမံကိန်းကြောင့် သက်ရောက်သော ရွာ(၂၇)ရွာမှ (၉၁)ရာခိုင်နှုန်းနှင့် ကျွန်တော်တို့သည် တစ်အိမ်တက် တစ်အိမ်ဆင်း ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပြီး ကျွန်တော်တို့အားလည်း ထောက် ခံပေးပြီး ဖြစ်ပါတယ်…ထို့ကြောင့် ကျွန်တော်တို့သည် ဒေသခံလူ့အဖွဲ့အစည်းနှင့် ကြီးမားသော ဆက်ဆံရေးတိုးတက်မှု ရှိလာခဲ့ပြီးလည်း ဖြစ်ပါတယ်…
ဤသည်မှာ မျှော်လင့်ချက်နှင့် ဒေသခံများနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြီးမားသော ဖြစ်စဉ်ဖြစ်ပါတယ်၊ အသေးစိတ်ကို website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် အဆိုပါ အမျိုးသမီးတစ်ဦး အသိတရားကင်းမဲ့စွာဖြင့် သေဆုံးသွားရခြင်းအတွက်လည်း ပို၍ နာကျင်ခံစားရပြီး ကရုဏာသက်မိပါတယ် …သတ္တုတူးဖော်ရေး စီမံကိန်းသည် အဆိုပါဒေသတွင် တည်ရှိနေရခြင်းသည် ကွယ်လွန်သွားခဲ့ရသော အမျိုးသမီးအပါအဝင် ဒေသခံပြည် သူအားလုံးအား အကူအညီပေးသွားနိုင်ရန်ဖြစ်ပါတယ်…
ကျွန်တော်တို့အနေဖြင့် ကွယ်လွန်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်…ကျွန်တော်တို့သည် ကတိကဝတ်ပြုထားသကဲ့သို့ ပင် ဒေသခံများနှင့် ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် မဆုတ်မနစ်ကြိုးစားသွားပါမယ်.. ဒေသခံရွာသူရွာသားများ၊ဆန္ဒပြသမားများ၊ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဘေးကင်းလုံခြုံရေးအပေါ် အန္တရာယ်ရှိနိုင်သည့် မည်သည့် အကြမ်းဖက် လုပ်ရပ်မျိုးကို မဆို ကျွန်တော်တို့က မလိုလားပါ။
http://www.myanmarwanbao.com.mm/

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: