မဘသ နဲ့ ၉၆၉ အဖွဲ့ဟာ လုံးဝမတရားဘူးလို့ဦးဇင်းတို့မြင်တယ်

ဦးဝဏ္ဏသိန္ဇိ ( မုံရွာ လက်ပံတောင်း )
-*————————–*-

ဦးဇင်းတို့သင်္ကန်းဝတ်တွေထဲက ၉၆၉ နဲ့( မဘသ )အဖွဲ့ဟာ
လုံးဝမတရားဘူးလို့ဦးဇင်းတို့မြင်တယ် ။
အစိုးရကသံဃာတွေကို ဖမ်းဆီးရိုက်နှက်ထောင်ချ
မီးလောင်ဗုံးနဲ့ပစ် မတရားလုပ်ခဲ့တာတွေကျ
တော့ ဒီ ၉၆၉ နဲ့ ( မဘသ )အဖွဲ့က
တရားစွဲဆိုတာတွေမလုပ်ခဲ့ဘဲနဲ့


ဘာမှမဖြစ်စလောက်ဟာလေး
လမ်းမှားနေတဲ့သူတွေလမ်းမှန်ရောက်အောင်
ဟောပြောခဲ့တဲ့ ဦးထင်လင်းဦးကျတော့
ပုဒ်မ ၂၉၅(က)သာသနာတော်ညိုးနွမ်း
စေမှုနဲ့ လုပ်တယ်ဆိုတော့
ဒီ ၉၆၉ နဲ့ မဘသ အဖွဲ့မတရားဘူးလို့
ဦးဇင်းတို့မြင်တယ် ။
မဘသ နဲ့ ၉၆၉ အဖွဲ့က ဦးပါမောက္ခ နဲ့ ဦးရသ တို့က
ဦးထင်လင်းဦးကိုဖမ်းဖမ်း နောက်ကျနေပြီ
ဘာလုပ်နေကြတာလဲ အမြန်ဆွဲပါလားဆိုတာဟာ
သံဃာတွေရဲ့ဝိနည်းထဲမှာ ရှိသလားဆိုတာ
ဦးဇင်းတို့အနေနဲ့မေးချင်ပါတယ် ။

မီးလောင်ဗုံးနဲ့ထုတာကျတော့ကိုယ်တိုင်ကိုယ်ကျ
မတောင်းပန်ဘဲ ကြားလူတွေတောင်းပန်တာ
ကျေအေးခဲ့ပြီး ဦးထင်လင်းဦး တောင်ပန်တာကျ မကျေအေးပေးခဲ့တာ
၉၆၉ နဲ့ မဘသ အဖွဲ့ ယုတ်မာတာလို့
ဦးဇင်းရဲရဲဝံ့ဝံ့ ပြောရဲတယ် ။ ။

 

3 Responses to “မဘသ နဲ့ ၉၆၉ အဖွဲ့ဟာ လုံးဝမတရားဘူးလို့ဦးဇင်းတို့မြင်တယ်”

  1. drkokogyi Says:

    Tun Tun Naing
    ဟိုမှာဖြင့် ………စည်းရိုးထိုးမလေး

    ဒီမှာဖြင် ……… စည်းရိုးထိုးမလေး

    ဟိုနားလေး… … စည်းရိုးထိုးမလေး

    ဒီနားလေး… ….. စည်းရိုးထိုးမလေး

    ထိုးကြလေကွာ ဘယ်နာသွားထိုးမှာတုန်းကွ!!!!

    သောက်ရူးမျိုးချစ်တွေ

    မင်းတို့ ဘော မ ပေးနေတဲ့ အဘတွေက

    သူတို့ အကျိုးစီးပွါးနဲ့ တယုတ်အကျိုးစီးပွါးထိရင်

    မင်းတို့ ဆွေတွေမျိုးတွေလဲချမ်းသာပေးမှာလဲမဟုတ်ဘူး

    မင်းတို့ နဲ့ မင်းတို့ အမျိုးတွေကိုပါထိုးသွားလိမ့်မယ်

    ဘူဒိုဇာကြီးနဲ့ 

    မင်း တို့ ရဲ့ တယုတ်ကြောက်အဘတွေက !!

    သဘောကိုမပေါက်နိုင်သေးဘူး

    အခုထိ

    သောက်ပိန်း မျက်ကန်းမျိုးချစ်တွေ

    တစ်ခါလာ ကုလား တစ်ခါလာကုလားနဲ့ 

    မင်းတို့ ကို အတိုနဲ့ ထိုးနေတာ ခုထိခံကောင်းနေတုန်း

    သိတောင်သိပါ့မလားမသိဘူး

    သောက်ရူးတွေ

    ‪#‎ယီးပဲ‬

    #ယီးပဲ

    #ယီးပဲ

  2. drkokogyi Says:

    Swe Mon
    အသွေးအသားထဲကကို ဂုဏ်ယူတယ် ညီကိုရေ..

    တစ်ကောင်တည်း… ဒါပေမယ့်

    ဖွတ်ကျားမဟုတ်ဘူး….

    တရုတ်ကို အရိုးစည်းရိုး မထိုးရဲတဲ့ ၉၆၉ မဟုတ်ဘူး…

    တရုတ်ဆို မော်မကြည့်ရဲတဲ့ မဘသ မဟုတ်ဘူး…

    မုဒိမ်းမှုကလွဲရင် ကျန်တာစိတ်မ၀င်စားတဲ့ ရှင်ဝီရသူမဟုတ်ဘူး…

    နွားကိုပဲ သနားတတ်တဲ့… ဗုဒ္ဓဘာသာဝင်အချင်းချင်းကို လက်ထိပ်ခတ်ထောင်ကျစေချင်တဲ့ ရှင်ပါမောက္ခမဟုတ်ဘူး….

    သူဟာ…

    ပြည်သူကို ထိလို့ ပြည်သူ့သွေး ပြည့်သူ့သားပီပီ….

    ခြေမထိလို့ တစ်ကိုယ်လုံးက နာတတ်သူ….

    လက်ပန်တောင်းထိလို့ …ပြည်သူတွေ သေကျေဒဏ်ရာ ရလို့ တရုတ်သံရုံးရှေ့မှာ တစ်ယောက်ထည်း ဆန္ဒပြရဲသူ…

    ပြည်သူ့သွေးအစစ်… ပြည်သူ့သားအစစ်ကို…

    အမည်မသိရသေးပေမယ့်…

    ဒီနေရာကပဲ “အူသည်းလှိုက်လှိုက် ဂုဏ်ယူကြောင်း” ပြောပါရစေ…

    SALUTE YOU!

  3. drkokogyi Says:

    ထင်လင်းဦးက သေမယ်ဆိုရင်တောင် သေရကျိုးနပ်တယ်

    မက်ဆင်ဂျာဂျာနယ်မှာ မပြောမဖြစ်လို့ ပြောဖြစ်နေရတဲ့စကားတွေဆိုပြီးတော့ ဆောင်းပါးပေါင်း ၂၀၀ကျော် ရေးခဲ့တယ်။

    အဲဒီ မပြောမဖြစ်လို့ ပြောနေဖြစ်နေရတဲ့စကားတွေကို ပြောရမဲ့သူတစ်ယောက်က ကိုယ့်အန္တရာယ်ကို ကိုယ်ကြောက်လို့ မဖြစ်ဘူး။

    ပြည်သူတွေ အမှန်အတိုင်းသိအောင်တော့ အသေအလဲ ပြောရမှာဘဲ။

    အခုကိစ္စက ဘာသာရေး စော်ကားမှုဆိုပြီး အပြစ်တပ်ပေမဲ့ အဲဒီလို ဘာသာရေးတွေ ရှုပ်ထွေးလာအောင် ဘယ်အစိုးရက လစ်လျှူ ရှုထားသလဲ။

    မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး အမုန်းတရားတွေပွါးအောင် လုပ်နေကြတယ်ဆိုတာ အများကြီးသက်သေ သာဓကတွေရှိတယ်။

    ဗီဒီယိုခွေတွေ ထွက်တယ်။

    စာရွက်စာတန်းတွေ ဖြန့်ဝေတယ်။

    အဲဒါကို တိုင်းပြည်အုပ်ချုပ်နေတဲ့အစိုးရက လစ်လျူရှုထားပြီးတော့ မရှုပ်ရှုပ်အောင်၊ နိုင်ငံကို မပူဆူ ပူဆူအောင် လုပ်နေတာတွေကို အဲဒါ လက်ညှိုးထိုးပြလိုက်တာဘဲ။

    အထောက်အထား ပြလိုက်တာဘဲ။

    အဲဒီလိုပြလိုက်တဲ့အတွက်ကြောင့် ပြည်သူတွေ သဲသဲကွဲကွဲ သိသွားပြီဆိုလို့ရှိရင်

    ထင်လင်းဦးက သေမယ်ဆိုရင်တောင် သေရကျိုးနပ်တယ်။

    (ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း)

    ထင်လင်းဦး

    https://www.facebook.com/notes/aung-tin/ထင်လင်းဦးက-သေမယ်ဆိုရင်တောင်-သေရကျိုးနပ်တယ်/767437133334160

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: