ကာလမသုတ်၏ အနှစ်ချုပ်

(၁) ဆင့် – တစ်ဆင့်စကားပြောလာသော စကားကို မယုံနဲ့အုံး၊
(၂) ကော – ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး၊
(၃) စာ – စာအုပ်ထဲကပြောတိုင်းလည်း မယုံနဲ့အုံး၊
(၄) စဉ် – အစဉ်အလာ ဘိုးဘွားစဉ်ဆက် စကားကိုလည်း မယုံနဲ့အုံး၊
(၅) ကူး – ဟိုနည်းဒီနည်း နည်းကူးချပြီးလည်း မယုံနဲ့အုံး၊
(၆) တွေး – အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊
(၇) ဆင် – ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး၊
(၈) ငါ့ – ငါ့အယူဝါဒသာ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊
(၉) လေး – လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး၊
(၁၀) ရာ – ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။

ကာလမသုတ်၏ အနှစ်ချုပ်

ဘုရားရှင်သည် နယ်စပ်ရွာကြီးတစ်ရွာဖြစ်သော ကေသမုတ္တိရွာကြီးသို့ ရောက်ရှိခဲ့စဉ် ၎င်းရွာကြီးတွင် ဘုရားရှင်အရှေ့ဦးစွာ တတ္ထိပုဂ္ဂိုလ် (၆) ဦးမှ ငါဟောတာယုံ၊ သူများပြောတာမယုံနဲ့ဆိုပြီးမှားယွင်းသော အယူဝါဒများစွာကိုေ ဟာကြားခဲ့ပြီးဖြစ်လို့ ရွာသားများအားလုံး အယူဝါဒနဲ့ ပတ်သက်ပြီး တွေဝေနေကြသောအချိန်တွင် ဘုရားရှင်မှ ကေသမုတ္တိသုတ် ကို ဟောတော်မူခဲ့သည်။
၎င်းသုတ္တန်သည် ယနေ့ကမ္ဘာပေါ်တွင် ရှိသမျှသော အတွေးအခေါ် ပညာရှင်ကြီးများ
အားလုံးမှ အထူးလေးစားဆုံးနှင့် ချီးမွမ်းရဆုံးသော သုတ္တန်တစ်ခု ဖြစ်ခဲ့ပြီး—

(၁) The Bravest Announcement
အရဲရင့်ဆုံးသော ကြွေးကြော်သံ
(၂) The Freedom of Thought
အတွေးအခေါ် ပိုင်းဆိုင်ရာ လွတ်လွတ်လပ်လပ် တွေးနိုင်ခြင်း ဖြစ်ကြောင်း မှတ်တမ်းတင်ဂုဏ်ယူနေသော သုတ္တန်ဖြစ်ပေသည်။
၎င်းသုတ္တန်တွင် အချက် (၁၀) ချက် ကို ပြခဲ့ပြီး ၎င်း (၁၀) ချက်ကို အလွယ်တကူ လက်ခံယုံကြည်ခြင်းမပြုဘဲ ခေတ္တထားပြီး သေချာစီစစ်ပြီးမှ ယုံရန်ဖြစ်သည်။

(၁) ဆင့် – တစ်ဆင့်စကားပြောလာသော စကားကို မယုံနဲ့အုံး၊
(၂) ကော – ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး၊
(၃) စာ – စာအုပ်ထဲကပြောတိုင်းလည်း မယုံနဲ့အုံး၊
(၄) စဉ် – အစဉ်အလာ ဘိုးဘွားစဉ်ဆက် စကားကိုလည်း မယုံနဲ့အုံး၊
(၅) ကူး – ဟိုနည်းဒီနည်း နည်းကူးချပြီးလည်း မယုံနဲ့အုံး၊
(၆) တွေး – အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊
(၇) ဆင် – ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး၊
(၈) ငါ့ – ငါ့အယူဝါဒသာ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး၊
(၉) လေး – လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး၊
(၁၀) ရာ – ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။

မည်သည့်အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင်သိအောင်လုပ်ကြ ကိုယ်တိုင် လက်တွေ့  လုပ်ကြည့်လျှင် မှား / မှန်၊ ဆိုး / ကောင်း ကို ကိုယ်တိုင်သိမြင်ပြီးမှ လက်ခံယုံကြည်ကျင့်သုံးကြရန် ဖြစ်ပေသည်။

One Response to “ကာလမသုတ်၏ အနှစ်ချုပ်”

  1. drkokogyi Says:

    သက်နှင်း သုန္ဒရီ

    NLD ကြေငြာချက်အတုတောင် ထွက်လာပြီဆိုတော့ တဖက်က ဒီလောက်နဲ့ရပ်သွားလိမ့်မယ်မထင်ဘူး…

    ဟိုကိုယ်တော်ကြီး ဘယ်လိုမုဒိမ်းမှုတွေ ဖန်တီးဦးမယ်ဆိုတာ မျက်ခြေမပျက်စောင့်ကြည့်ကြပါ…

    တခုခုဆို အဲ့ကိုယ်တော်ရဲ့ လမ်းကြောင်းလွှဲနည်းတွေက လူတွေကို အာရုံပြောင်းနေကျ အစဉ်အလာဖြစ်နေတယ်…

    ခံရလွန်းလို့ အလွတ်တောင်ရနေပါပြီ…
    ကုလားမုဒိမ်းမှုကို ဖန်တီးလိုက်
    ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဟိုဟာဖျက်ဆီး ဒီဟာရိုက်ခွဲလုပ်ပြလိုက်
    ရဲတွေက ကြက်သေငှက်သေ ကျောက်ရုပ်ကြီးတွေလို သရုပ်ဆောင်ပြလိုက်နဲ့ လုပ်စားလာတာချည်းပဲ…

    မုဒိမ်းကိုယ်တော်ကြီး တခုခု မူမမှန်တာနဲ့ ပြည်သူတွေ သွေးမဆူဖို့ သတိပေးပါမယ်…
    ပြောမဲ့သာ ပြောရတာပါ…
    သွေးဆူတာလည်း သူတို့တွေပဲ!
    အော်ကြဟစ်ကြ သွေးထိုးလှုံ့ဆော်ကြတာလည်း သူတို့တွေပဲ!
    သူတို့တွေဟာ လူအင်အားအလုံအလောက်နဲ့ သရုပ်ဆောင်ကောင်းတဲ့ အမျိုးယုတ်တွေချည်းပါပဲ!-

    သက်နှင်း သုန္ဒရီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: