အမှန်ကိုသာမြင်ကြပါမျက်ကန်းမျိုးချစ် မဖြစ်ကြပါစေနှင့်

အမှန်ကိုသာမြင်ကြပါမျက်ကန်းမျိုးချစ် မဖြစ်ကြပါစေနှင့်…. နှင့် ဆောင်းပါးများ စုစည်းမှု
(ကိုဇော်ဝမ်းမောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

အမှန်ကိုသာမြင်ကြပါမျက်ကန်းမျိုးချစ် မဖြစ်ကြပါစေနှင့်….

အတိအကျ စွပ်စွဲနေခြင်းမဟုတ်ပါတစ်ခါလိမ်ခံရရင် အလိမ်ခံရသူရဲ့ အပြစ်မဟုတ်ပေမဲ့ အကြိမ်ကြိမ် အလိမ်ခံရရင်တော့ လိမ်သောသူ၏ အပြစ်ဟု မဆိုသာတော့ပါ။ယနေ့ဖြစ်ပျက်နေသော အခြေအနေနှင့် ယခင်ကဖြစ်ခဲ့သော အခြေအနေတို့ကို ယှဉ်တွဲပြီး လေ့လာသုံးသပ်သင့်ပါတယ်။

ဦးခင်ညွန့်တစ်ယောက် ထောင်က လွတ်လာပြီး နောက်ပိုင်းမှာ ပြသနာတွေ ဆက်တိုက် ဖြစ်လာနေတာတွေ ဖြစ်နေတော့ သံသယဖြစ်မိပါတယ် ။ ဒါ့အပြင် တောင်သာ။ မြင်းခြံ။ မုံရွာဆိုတာ လာဘ်အစားဆုံးဝန်ကြီးအောင်သောင်းရဲ့နယ်မြေပါ။ သူကတော့ ရွှေဝါရောင်တော်လှန်ရေးမှာအဓိက အကြံပေးခိုင်းစေသူ။ ဒီပဲယင်းအရေးမှာလည်း အဓိကကြိုးကိုင်သူ။ ဒီပဲယင်းအရေးခင်းမှာလည်း သံဃာ အတုတွေဖန်တီး စစ်တပ်ထဲကဟာတွေနဲ့ ထောင်သားတွေမြှောက်ပေးပြီးနိုင်ငံရေးကိုဆွ ပြည်သူတွေနဲ့ ရန်တိုက်ပေး ပြီးမှဘဲသူတို့ ကဘဲတိုင်းပြည်ကိုကယ်တင်သလိုတွေလုပ် ပြည်သူကြားဝါဒဖြန့်  ခုကိစ္စလည်းမရိုးသားလောက်ဘူးဘုန်းကြီးနဲ့ ကုလားနဲ့ ရန်တိုက်ပေးတာလာဖြစ် ဆူပူလာရင်အာဏာပြန်သိမ်း စစ်အကျင့်ဆိုးတွေကိုလည်းပြည်သူများသတိထားစေချင်တယ် ညစ်ပေါင်းလဲများနေပါပြီ။
နောက်ပြီးတော့ ဦးခင်ညွန့် ဒီလောက် ဆိုးခဲ့တဲ့ လူဟာ ပြန်လည် ထင်ပေါ် လာတယ်။မြန်မာပြည် ဒီလောက် ဆိုးရွား သွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။ ၈၈ မှာ သပိတ် နှိမ်နှင်းရေး တွေကို လူ မဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ သူပါပဲ။ ဥာဏ်နီဥာဏ်နက်ထုတ်ပြီး သူတို့ဖက်မှ သူလျှိုတွေထည့်သွင်းပြီး ယုတ်မာမှူတွေ စတင်ခဲ့ကြပါတယ်။ပြည်သူလူထုမှ ဆန္ဒပြသူများအား ထမင်းထုပ်ဝေခြင်း သောက်ရေတိုက်ခြင်းဖြင့်အားပေးနေကြသည် များကို မ.ဆ.လအချောင်သမားတောကြောင်များမှနေပြီးသောက်ရေ အတွင်းအဆိပ်ခပ်မှု များကိုကျူးလွန်လာကြပါတယ်။ အဆိပ်ခပ်သူအား ဖမ်းမိလျှင် သူတို့ဘက်မှစောင့်ကြည့်နေသူများမှ ဓားဖြင့် ဝင်ထိုးပြီး နှုတ်ပိတ်သတ်ဖြတ် ခြင်းများပြုလုပ်လာကြပါတယ်။ ဆန္ဒပြ သဘိတ်မှောက် သူများ ကြားထဲတွင် မ ဆ လ ပါတီမှ အမာခံများ ဝင်ရောပြီး အနှောက်အရှက်အဖျက်အဆီးများပြုလုပ်လာကြပါတယ်။ အစိုးရပိုင် ဂိုဒေါင်များ ကို ဖေါက်ထွင်းပြီး သူတို့ဖက်မှ စတင်သယ်ယူ ပါတော့တယ် ရပ်ကွက်မှ လူအချို့က ဝင်ရောက်သယ်ယူကြပါတယ်။ထိုသို့ ငြိမ်းချမ်းစွာဆန္ဒပြနေကြခြင်းကို နိုင်ငံတော်မတည်ငြိမ် အောင် နည်းမျိုးစုံ ဖြင့် ဖန်တီးလျှက်ရှိခဲ့ပါတယ်။ တိုင်းပြည်ဆူပူမှု၊ လုယက်မှု၊ ခေါင်းဖြတ်သတ်မှုတွေနဲ့ … စစ်တပ်က အာဏာသိမ်းပါတော့တယ်။ ဒီကိစ္စတွေကို တာဝန်ယူ ဦးဆောင် လုပ်ကိုင်သူတွေကတော့ … ဦးခင်ညွန့်နဲ့ ဦးနေဝင်းသမီး .. ဒေါ်စန္ဒာဝင်းတို့ ဦးဆောင်ပြီး လုပ်ကြတယ်လို့ ဖေါ်ထုတ် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဦးအောင်သောင်းဟာ လဲဗိုလ်သန်းရွှေရဲ့ အကြိုက်ကို သိသူပီပီ ကြံ့ဖွံ့အား အရောင်တင်ကာ လူမိုက်လုပ်ရင်း ဒီပဲယင်း အရေးအခင်းဖြစ်အောင် ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်သန်းရွှေမှ မုန်းတီးအောင် အခါမလပ် သွေးထိုးနေပြီး မိမိရဲ့ အကျင့်ပျက် ခြစားမှုအား ကာကွယ်ရင်း အောက်လမ်းနည်းနဲ့ ရာထူးအာဏာကို ချုပ်ကိုင်ထားသူ ဖြစ်ပါတယ်။ ဗိုလ်ခင်ညွှန့်အား အာဏာရယူဖို့ ကြိုးစားနေကြောင်းနဲ့ ဗိုလ်နေ၀င်းမြေးတွေကိစ္စ၊ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား ပျော့ပြောင်းတဲ့ကိစ္စများအား သွေးထိုးပြောဆို နိုင်ခဲ့ကာ နောက်ကျောကို ဓါးနဲ့ထိုးသလို ဆောင်ရွက်ခဲ့လို့ ဗိုလ်ခင်ညွှန့်လဲ ကျဆုံးခဲ့ရရှာပါတယ်။အဲဒီတော့ သူတို့တွေ ကြားမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေဟာ ပြည်သူတွေ ခါးစီးမခံသင့်ပါဘူး အကြမ်းဖက်သူလူတစ်စုကို ဝိုင်းဝန်း ဖေါ်ထုတ်ကြပါ။

မူလ ခိုးဝင် ဘင်္ဂလီဆန့်ကျင်ရေးကနေ လမ်းကြောင်းပြောင်းပြီး ဘာသာရေးတိုက်ခိုက်မှုဘက်ရောက်ကုန်ပြန်ရော။ဘယ်သူကဘဲစလုပ်လုပ် ဘယ်အဖွဲ့အစည်းကဘဲစစ အဲလိုအချိန်မှာ အပေါ်က မိန့်မိန့်ကြီးပြုံးပြီး ထိုင်ကြည့်နေတဲ့သူက ဘယ်သူဖြစ်မယ်ထင်ပါသလဲ။အာဏာကို လက်မလွှတ်ခြင်တဲ့ အာဏာရှင်တွေရဲ့ အလိုကျပါဘဲ။ ကျွန်တော်တို့နိုင်ငံမှာ ပြဿနာတစ်ခုခုဖြစ်လာရင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာရန်တိုက်ပေးတဲ့ အစဉ်အလာဆိုးဟာ အခု အချိန်မှာ မဖြစ်သင့်တော့ပါဘူး။
ရွှေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသား အရေးအခင်း လှည်းတန်းမှာ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ် အတင်း ထိုးခွဲ ကားပေါ် ပစ်တင်ခိုင်းတာ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင် ထောက်လှန်းရေး တစ်စု ပြီးတော့ မန္တလေး သံဃာ့ အရေးအခင်းကို ရက်ရက် စက်စက် နှိမ်နင်းခဲ့တဲ့ ထောက်လှန်းရေး တစ်စု ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကို တို့နဲ့ ခဏ လိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ် ခံရမလဲ ဆိုတဲ့ အကြောက် တရားမျိုးကို လူတွေ စိတ်ထဲ ရိုက်သွင်း ခဲ့တာ ဗိုလ်ချုပ် ခင်ညွန့်ပါ။
ဒီပဲယင်း ဆိုတာလည်း ယနေ့ထိတိုင် မြန်မာနိုင်ငံသူနိုင်ငံသားများ အမှတ်တရ ရှိနေကြအုံးမှာပါ။ တိုင်းတပါး၏ ပရောဂ မပါဘဲ ပြည်တွင်းက မြန်မာလူမျိုး အာဏာရှင်ကြီးတွေ စီမံလမ်းညွှန်ခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုကြီး ဖြစ်ပါတယ် ။၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလဲ စွမ်းအားရှင်တွေရဲ့လုပ်ရပ်တွေကို့ မြင်တွေ့ခဲ့ကြရမှာပါ။ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့အစည်း ဘဲဖြစ်ဖြစ် ဘာသာရေး အထိကရုန်းကို ဖန်တီးနေတာဟာ မမှန်သောလုပ်ရပ်ဟု ယူဆမိပါတယ်။
ဦးနေဝင်းလက်ထက်ကလည်း ဆန်ရေစပါးရှားပါးမှု ပြသနာကို စစ်ထောက်လှမ်းရေးတွေက တရုပ်အမျိုးသားတွေကိုရိုက်နှက် စေပြီး တရုပ် ဗမာအရေးအခင်း ဖန်တီးခဲ့တယ်။နောက်ဆုံးနစ်နာရတာ ပြည်သူလူထုပါဘဲ။ မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင် လှည့်ကွက်၊ မျက်လှည့်ပြပွဲ၊ မြန်မာ့သမိုင်းဝင် အဖြစ်အပျက်ဆိုးတွေ အကြိမ်ကြိမ်ပေါ်ခဲ့ပြီးပါပြီ။
၁၉၈၈ခုနှစ် စက်တင်ဘာလ အတွင်း စစ်တပ်မှ အာဏာမသိမ်းခင် တောင်ဥက္ကလာနယ်မြေ အတွင်းမှာလည်း ငွေကြာရံ ကျောင်းတိုက်မှ ကိုယ်တော်တပါးနှင့် တောင်ဥက္ကလာပမြို့နယ် ရဲစခန်းဝင်းအတွင်း စခန်းချနေသော ကျောင်းသားတစ်ဦးကို စီမံကိန်း (၁) နယ်မြေ မ.ဆ.လ ရပ်ကွက်မှ ရပ်ကွက် အတွင်း မီးရှို့မည်ဟုသတင်းထွက်နေသဖြင့် လိုက်လံ စောင့်ကျပ်ပေးရန် တောင်းဆိုသဖြင့် လိုက်သွားရာ ညအချိန်အထိပြန်မလာသဖြင့် ကျန်ရှိနေသော အဖွဲ့များမှ လိုက်လံသွားရာ ခေါင်းဖြတ်သတ်ဖြတ် ပြီး မြောင်းထဲတွင် ပြစ်ထားကြောင်း တွေ့ရှိခဲ့ရပါတယ်။(ထိုအချိန်က မြိုနယ်ရပ်ကွက်အုပ်ချုပ်ရေးများကို ကျောင်းသား ပြည်သူများနှင့် ရဟန်းသံဃာများမှ ပူးပေါင်း တာဝန် ယူထားချိန် ဖြစ်ပါသည်။)ထို့နောက် ရပ်ကွက်အတွင်းသို့ ဝင်ရောက် စုံစမ်းရန် ရပ်ကွက်အတွင်းသို့ ဝင်စဉ် ဂျင်ဂလိ များဖြင့် ပစ်ခတ်သဖြင့် ပြန်လှည့်ခဲ့ကြရပါတယ်။တောင်ဥက္ကလာနယ်မြေ အတွင်း ရပ်ကွက်အသီးသီးမှာ ရှိကြသော အဖွဲ့အစည်း အသီးသီး ကို အကြောင်းကြား လာသဖြင့် ရပ်ကွက်အသီးသီးမှာ ရှိကြသော အဖွဲ့အစည်း များမှ သွားရောက် ကြသောအချိန်တွင်တော့ အခြေအနေမှာ တော်တော်ဆိုးနေပါပြီ။ရပ်ကွက် ထိပ်ရှိ ဝါးကပ်ဆိုင်မှ ဝါးကပ်များ ကိုဒိုင်းအဖြစ် အကာအကွယ်ယူပြီး ရပ်ကွက်အတွင်းသို့ ဝင်ရောက်ခဲ့ကြပါတယ်။ တဖက်နှင့်တဖက် အပြန်အလှန် ပစ်ခတ်နေကြပါပြီ။ထို့နောက် ဝါးကပ်ဆိုင်မှာ မီးရှို့ခံလိုက်ရပါတယ်။ တောင်ဥက္ကလာနယ်မြေ အတွင်း ရပ်ကွက်အသီးသီးမှာ ရှိကြသော အဖွဲ့အစည်း အသီးသီးမှရောက်ရှိလာ ကြပြီး အင်အားတောင့်တင်းလာပြီး ၄င်း မ ဆ လ ရပ်ကွက်အတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။တောင်ဥက္ကလာပ ၅/၇ ဗြမ္မာစိုရ် လမ်းတွင်နေထိုင်သူတစ်ဦးမှ အမဲလိုက်သေနတ်ဖြင့် ၂ချက်ခန့် ခြိမ်းခြောက်ပစ် လိုက်ရာ ၄င်း မ ဆ လ ရပ်ကွက်အတွင်း ရှိ ဂျင်ဂလိဖြင့် ပစ်ခတ်နေသူများ မှာ ကြောက်လန့်ထွက်ပြေးပါတော့တယ်။အချို့မှာ ငမိုးရိပ်ချောင်းအတွင်းသို့ ဆင်းပြေးသွားကြသည် ကိုတွေ့မြင်ခဲ့ ရပါတယ်။၎င်းတို့ အထဲမှ ဖမ်းဆီးရမိသူများကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းဝင်းအတွင်း ချုပ်နှောင်ထား ခဲ့ပါတယ်။ မနက်စောစော ပိုင်းအချိန်မှာတော့ ရပ်ကွက်များအတွင်းမှ မည်သည်ကမှန်း မသိသော အရပ်သားများ အချို့မှနေပြီး တောင်ဥက္ကလာပမြို့နယ် ရဲစခန်းဝင်းအတွင်း ချုပ်နှောင်ထားခဲ့ သောသူများကိုထုတ်ပေးရန်တောင်းဆို လာကြပါတယ်။ ထိုသို့ ဝိုင်းဝန်းတောင်းဆိုလာကြရာ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းဝင်းအတွင်းရှိ ကျောင်းသားတပ်ဖွဲ့မျာမှာလည်း မနေသာတော့ပဲ ထုတ်ပေးလိုက်ရပါတော့တယ်။ထိုသို့ ထုတ်ပေးလျှင် ထုတ်ပေးခြင်းပင် ဓါးများဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်း များပြုကြ ပါတော့တယ်။
အချို့ကို ကားများဖြင့်တင်ခေါ်သွားပြီး ရပ်ကွက်လမ်းဆုံလမ်းခွများတွင် ခေါင်းဖြတ်ခြင်း ဝါးကပ်များဖြင့်ညှပ်ခါ မီးရှို့ခြင်းများကိုပြုလုပ်ကြပါတော့တယ်။ထိုသို့ဖြင့် မြို့နယ်အသီးသီးတွင် နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိအောင် ဖန်တီးလာပါတော့တယ်။ ထူးဆန်းသည်မှာ ခေါင်းဖြတ် သတ်ခံရသောသူများ မှာ ကြောက်ရွံ့ထိတ်လန့်ခြင်း လုံးဝမရှိကြပဲ လူစိတ်ကင်းမဲ့ကာ တချက်မျှပင် အော်ဟစ်ညည်းညူ သွားခြင်း မရှိခြင်းပင်ဖြစ်ပါသည်။ နောက်မှ စုံစမ်းသိရှိရသည်မှာ ၄င်းစီမံကိန်း (၁)နယ်မြေ သည် မ.ဆ.လ ပါတီဝင်များဖြစ်ကြပြီး ယင်းကဲ့သို့ ပြသနာမဖြစ်မီ ပထမ တရက်တွင် စစ်ကားများဖြင့် အိမ်ထောင်စု တစုဆီကို ဆန်တအိတ်နှင့်ငွေ ၅၀၀ ကျပ်ကို ပေးပြီး ရပ်ကွက်အတွင်းသို့ဝင်လာ သောကျောင်းသားများကို ပစ်ခတ်ရန် ညွှန်ကြားသွားကြောင်းပစ်ခတ်သူများကို နာကျင်မှူမရှိစေရန်ဆေးတမျိုး ထိုးပေးသွားကြောင်းသိရှိရပါတယ်။၇ပ်ကွက်အတွင်းသို့ဝင်ရောက် စစ်ဆေးသောအခါ ကတုတ်ကျင်းများ ကြိုတင်တူးထားသည် ကိုတွေ့ရှိရပါတယ်။ဒါဟာသူတို့ဖက်မှကြိုတင်ကြံစည်မှူဖြစ်ပြီးပြသနာကြီးထွားလာသည့်အခါပြည်သူလူထုအပေါ်ပုံချခြင်းပင်ဖြစ်ပါတယ်။ငြိမ်းချမ်းစွာဆန္ဒပြနေသော အဖွဲ့များအတွင်းသို့ မ ဆ လ ပါတီမှ အမာခံများ ဝင်ရောပြီး အနှောက်အရှက်အဖျက်အဆီးများပြုလုပ် ကာ မြို့နယ်အသီးသီးတွင် နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိအောင် ဖန်တီးပါတော့တယ်။ အာဏာရှင်များဟာ သူတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း မရှိပဲ မိမိတို့မွေးထားသော လက်ကိုင်ဒုတ်များကိုသာ အသုံးချခြင်း ဖြင့် ပြည်သူလူထုကို လှည့်စားကာ မိမိတို့အာဏာဆက်လက်တည်တံ့ရေး အတွက် နည်းမျိုးစုံဖြင့် ဖန်တီးတတ်ပါတယ်။ ဒါဟာသင်ခန်းစာယူစရာပါပဲ။ စစ်အာဏာရှင်ကြီးများရဲ့ အလိုတူအလိုပါ မွေးထားတဲ့လက်ကိုင်ဒုတ် စစ်ခွေးတွေ အများအပြားရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့အားလုံး သတိပြုဖို့လိုပါတယ်။

အမှန်သစ္စာတရား ဘက်တော်သားများ အမှန်တရား မြတ်နိုးသူတိုင်း အများအကျိုး ဆောင်ရွက်လိုသူများအားလုံး မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ ဆင်ခြင် တွေးတော နိုင်ကြစေရန် သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။
၎င်းဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင်ထားပြီး အမျာပြည်သူများ သိပြီးသူများပါ ပြန်လည် ဆင်ခြင်သုံးသပ်နှိုင်ရန် ပြည်သူလူထုကြီးနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် ရပ်တည်နေကြသော သူများအတွက် နိုင်ငံရေးအောက်လမ်းနည်းများ ဖြင့် အောက်တန်းကျစွာလုပ်ကိုင်နေကြသော ဖြစ်စဉ်များကို ပြန်လည်ဆင်ခြင်သုံးသပ်ကြခြင်းဖြင့် ဖြစ်ပေါ်လာ မည့်အကျိုးဆက် အန္တရာယ် များကို တင်ကြိုကာကွယ်နှိုင်ကြပါစေ……

One Response to “အမှန်ကိုသာမြင်ကြပါမျက်ကန်းမျိုးချစ် မဖြစ်ကြပါစေနှင့်”

  1. drkokogyi Says:

    ရွှေဝါရောင် Saffron
    December 23 at 9:58pm ·

္ဘ နိုင်ငံရဲ့အစွယ်ကိုလိုချင်သူက ဝမ်ပေါင်တရုတ်…

္ဘ အသွား စေခိုင်းသူက စစ်ခရိုနီ…

္ဘ သေနတ်နဲ့ ပစ်သူက ရဲတပ်ဖွဲ့…

္ဘ ဘူဒိုဇာနဲ့အထိုးခံလိုက်ရတာက လယ်တီသိမ်…

္ဘ ပွဲချင်းပြီးသေသွားတာက ဒေါ်ခင်ဝင်း…

္ဘ မျက်မမြင် နားလေး (အ)သွားတာက မဘသ…

္ဘ အဖမ်းခံလိုက်ရတာက လက်ပံတောင်းသား…

္ဘ ဝိုင်းအဆဲခံရတော့ NLD နဲ့ မွတ်ကုလား…

    ဥပဒေဆိုတာရေမျှောသွား……………

    Sai Hon Pa ရဲ့ Comment

    သက်နှင်း သုန္ဒရီ -စာမျက်နှာမှ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: