စာအုပ်သည်စစ်သားဟောင်းလေးက ယူကြုံးမရ ထိုင်ငိုတယ် “သေလိုက်မိရင် အကောင်းသား”

“ဒါတို့တိုင်း….တို့ပြည်တို့ကာကွယ်မလေ…..လွတ်လပ်တဲ့တို့တိုင်းပြည်…တိုင်းရင်းသား ငါတို့လူမျိုးပိုင်ရမလေ….အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်….”

“ကမ္ဘာမကြေ မြန်မာပြည် တို့ဘိုးဘွားအမွေအစစ်မို့ ချစ်မြတ်နိုးပေ”

“ကိုအောင်ဆန်းလိုသူရဲကောင်းတွေမွေးရမယ်……ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်…မော်ကွန်းလဲ…..”

ဇာတိသွေးဇာတိမာန်တွေ
တဖွားဖွား နဲ့
မန္တလေးဇာတ်သဘင်လောက ရဲ့
ခါတော်မှီ မျိုးချစ်ယိမ်း…….
သူ့အရပ်နဲ့သူ့ဇာတ် တဲ့…..
ဇာတ်စင်ဘေးကအိမ်အမြင့်ကြီးပိုင်ရှင် သာကောကြီးက မျက်စောင်းတခဲခဲ…….
နဂါးအကလဲ …..ပါဖူး…တဲ့
ပြောမယုံကြုံမှသိချင် မြို့အနှံ့…ပတ်ခါကြည့်………
တိုက်ကြီးကြီးမြင်ရင် ဦးညွှတ်လိုက်….ဝမ်ဆွေ့ဝမ်ဆွေ့…..
ထားပါတော့…
.မင်းကျင့်တရား အကြောင်းမပြောကြေး
အမျိုးသားပညာရေး မပြောကြေး
ခြေဥ ပြင်ရေး မပြောကြေး
သတင်းထောက်အမှု မပြောကြေး
ကဲ….အားနေလား မျိုးချစ်ပလိုက်
ငတ်နေရင်း ချစ်
မွဲနေရင်း ချစ်
ချစ်ဖို့ကအဓိက
ခေါင်းလုံအောင်ခြုံ ဖင်ပေါ်ချင်ပေါ်ပလေ့စေ စိတ်ထဲမထားနဲ့
ဝမ်းလုံအောင် နေ့တွက်ပေးမယ်
ဘယ်မလဲ မွဲတေမှု
ဘယ်မလဲဆင်းရဲခြင်း
ဘာတဲ့….
“ဆင်းရဲပြည်သူပပျောက်ရေး ဘူထိုဇာနဲ့ နှိမ်နှင်းပေး”…..ဆိုလားပဲ
ထားပါတော့…..
အရက်ဆိုင် ၂၄၈ ဆိုင် အနှိပ်ခန်း ၆၀
အကုန်လုံး ပျော်လို့ပြုံးလို့ ရွှင်လို့လန်းလို့
အမြင်မတော်လို့ တရားဝင်တောင်
ခွင့်ပြုမတဲ့
စက်ကြေးလေးနဲ့ စားနေရသူတွေကိုတောင်
မသထာချင်တော့ဖူး
လွှတ်လှ…….လွှတ်…တော်
သောက်ကျိုးနည်းအောင် တော်တဲ့ လွှတ်တော်
ဘယ်သူပြောမလဲ ချွတ်ချော်တယ်လို့
တော်လိုက်သမ လွှတ်…..တော်
ကဲ အဆင်ပြေရင်
လက်ခုတ်သံလေးကြားချင်တယ်
“မင်းတို့အသုံးမကျလို့ ငါတို့
ကိုယ်ထင်ပြရတာကွ”
ပြင်ဦးလွင် အောက်စဖို့ထွက်
တပ်မတော်ကိုယ်စားလှယ်ကြီးရဲ့
မှတ်သားလောက်စရာ စကား……
အော်….ရှေ့နွားကြီးက ဖြောင့်ဖြောင့်သွားသကိုး
နောက်နွားတသိုက် လိုက်ကြပုံများ
“ပြောင်ရှင်း…မင်း…အသကုန်ပိုင်သကွာ”
မတူရင် မတုနဲ့
အညတရစစ်သည်တော်တွေကို
အလေး……ပြု
ချစ်ပြနေလိုက်ပုံများ
စာအုပ်သည်စစ်သားဟောင်းလေးက
ယူကြုံးမရ….ထိုင်ငိုတယ်…….
“သေလိုက်မိရင် အကောင်းသား”တဲ့
နိုင်ငံရေးက….သပွတ်အူ လည်
သူရို့က…ဝိုင်းကြီး ပတ်ပတ်က
ပြည်သူအများစုက….. ဒူ.. ဝေဝေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: