ဆရာထင်လင်းဦး တရားရုံးအတွင်းမှာ ရေးသွားတဲ့ ကဗျာလေးပါ

Why is our country, Burma or Myanmar, supposedly Buddhist so empty of Metta or universal loving kindness?

Saya Htin Lin Oo, a Burmese activist who walks the talk, is greater and more inspirational than the whole NLD combined.

Here is his poem composed during his court appearance:

Why is our country, Burma or Myanmar, supposedly Buddhist so empty of Metta or universal loving kindness?

လူလူချင်းအား
မတူခွဲခြား
နှလုံးသား ဘာကြောင့်ရိုင်းသနည်း…..။

လူလူချင်းပင်
စိတ်တွင် ညင်ညို
မလို ရှုဆိတ်
အငုံ့စိတ်ဖြင့်
မုန်းဆိပ်ဖြန့်ဝေ
သူယုတ်တွေကြောင့်
သောကပူဗျာ နှောင်လိမ့်တည်း……။

ဆရာထင်လင်းဦး တရားရုံးအတွင်းမှာ ရေးသွားတဲ့ ကဗျာလေးပါ ခေါင်းစဉ်တော့ မပေးရသေးဘူး…….

အော… အို.. အချင်း
မြန်ပြည်တွင်း၌
မှီတင်းနေကြ
ချစ်မြတ်ရပေ
အို…. မိတ်ဆွေတို့…။

အကျွန်တို့ နေသည်
မြန်မာပြည်တွင်
ရှင်တော်ဘုရား
ဟောမြွက်ကြားသည်
တရား မေတ္တာ
လွှမ်းခြုံပါလျက်……။

လူကိုလူဟု
မြင်မရှုသည်
စက္ခု ဘာကြောင့် ရိုင်းသနည်း….။

လူဆိုသည်မှာ
လူပင်သာတည်း
အသားမဲဖြူ
အယူဝါဒ
မတူကြလည်း
မကွဲမပြား လူပင်တည်း……။

လူလူချင်းအား
ခွဲခြားချင်ကြ
အမုန်းစကြောင့်
သံသယပွား
ဒေါသအားဖြင့်
သောကမီးဆိုက်
အပူမြိုက်ခါ
သာယာလောက ပျက်လိမ့်တည်း….။

လူချင်းစကား
ကြား၍ ခါးကြ
နားဝ ဘာကြောင့် ရိုင်းသနည်း…..။

လူလူချင်းအား
မတူခွဲခြား
နှလုံးသား ဘာကြောင့်ရိုင်းသနည်း…..။

လူလူချင်းပင်
စိတ်တွင် ညင်ညို
မလို ရှုဆိတ်
အငုံ့စိတ်ဖြင့်
မုန်းဆိပ်ဖြန့်ဝေ
သူယုတ်တွေကြောင့်
သောကပူဗျာ နှောင်လိမ့်တည်း……။

လူကို လူက
လူမြင်ကြလော့
လူချင်းစကား
လူလို့ကြားလော့
လူကို လူမခြား
နှလုံးထားလော့
လူက လူကို
လူလို မြင်ကြား
လူ့နှလုံးထားမှ
လူကလူကို ချစ်နှစ်လိုမှ
လူက လူအား
လေးစားကြမှ
လောက အ၀န်း
မေတ္တာလွှမ်း၍
အေးချမ်း ကမ္ဘာရှည်မည်တည်း………။ ။

ထင်လင်းဦး ( Wisdom Villa )

 

One Response to “ဆရာထင်လင်းဦး တရားရုံးအတွင်းမှာ ရေးသွားတဲ့ ကဗျာလေးပါ”

  1. drkokogyi Says:

    Al Khon Bransai

    ဆရာထင်လင်းဦး တရားရင်ဆိုင်ရာ တရားရုံးသို့ 
    မြဝတီမင်းကြီးကျောင်းတိုက် မြဝတီဆရာတော် ကြွရောက်မိန့် ကြား

    – ဝေဖန်မှုကို ဗုဒ္ဓကကြိုဆိုတယ် မြတ်စွာဘုရားကပြောပြီးသားပဲ မြတ်စွာဘုရားရဲ့ဝါဒက ဝေဖန်ရေးဝါဒ ၊ ဝေဖန်တာကိုလက်မခံရင် သာသနာကွယ်မယ်လို့ ပြောပြီးသား …

    – သူဝေဖန်သွားတဲ့အထဲမှာ သင်္ကန်းပတ်ထားတိုင်းမယုံနဲ့လို့ပြောတယ် ၊ ဒါမှန်တယ် ၊ ဘာမမှန်တာရှိမှာလဲ ၊ ဘယ်သူကအာမခံနိုင်မှာမို့လဲ ၊ အတုဝင်လုပ်နေကြတာလဲ ကြားနေရတာပဲ ၊ ပတ်ချွတ်တွေကလဲ ကျုပ်တို့ဆီပေါတာမှ လိုချင်ရင်လာခဲ့ ၊ ပြမယ်ပတ်ချွတ်တွေ ၊ အများကြီးရှိတယ် ၊ တသိုက်ကြီးကိုရှိတယ် …။

    – ဒါကြောင့်သာသနာမတိုးတက်တာပဲ ၊ ဒါလဲမှန်တယ် ၊ ဒီဟာတွေကြောင့်မတိုးတက်တာ သူပြောတာ သိပ်မှန်မှမှန် ..။

    – ဗုဒ္ဓက ဒီလိုပြောတယ် ၊ သာသနာတော်ဟာ ဒီလိုတစ်ယောက်တစ်ယောက်ဝေဖန်ကြလို့ တစ်ယောက်တစ်ယောက်ပြုပြင်ကြလို့ ၊ ပြုပြင်အောင်လုပ်လာကြလို့ ၊ သာသနာတော်ကြီးတိုးတက်တာလို့ ဒီလိုပြောတယ် ..။

    – ဒါဟာ ဘာသာရေးလွတ်လပ်ခွင့်ကိုလဲ ထိခိုက်နေတယ် ..။ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ခုချိန်ထိမရှိသေးဘူးလို့ပြောချင်တယ် …။

    – ပုဒ်မကို လိုသလိုသုံးနေကြတာ ၊ ဥပဒေကို လက်တလုံးကြား လုပ်စားနေကြတာ အဲ့ဒါတော်တော်စိတ်ပျက်ဖို့ကောင်းတယ် …။

    – တခါတလေမြင်တယ် ဒီဥပဒေဝန်ထမ်းတွေကြောင့်များ ဘုန်းကြီးတို့နိုင်ငံတိုးတက်မှုထိခိုက်နေသလားလို့ ၊ ထိခိုက်နေသလားမဟုတ်ပါဘူး ထိကိုထိခိုက်နေတာပါ …။

    ဆရာထင်လင်းဦးအမှုနဲ့ပါတ်သက်ပြီး အမှန်တရားဖက်မှမိန့်ကြားပေးခဲ့သော မြဝတီဆရာတော်အား ရိုသေစွာဖြင့်ရှိခိုးကန်တော့လိုက်ပါသည်…။ (စောဖြိုးလေး)

    (ကိုနေမျိုးဇင်ဆီမှ ကူးယူဖော်ပြပါသည်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: